Celebrity


Written by Ms Cele





Cele Connections

တန်ဆောင်မုန်း လပြည့်နေ့ ညမှာ ငွေကျပ် (၁၀) သိန်းဖိုး ပံ့သကူ အလှူလုပ်မယ့် ဖြူဖြူထွေး

မြန်မာလူမျိုးတို့ရဲ့ ပျော်ရွှင်စရာ ကောင်းတဲ့ ဆယ့်နှစ်လရာသီပွဲတော်တွေထဲက တန်ဆောင်မုန်းလပြည့် နေ့လေးက ဒီကနေ့မှာ ကျရောက်လို့ လာပြန်ပါပြီ။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့က တန်ဆောင်မုန်း လပြည့်နေ့ည ပံ့သကူ အဖြစ် ငွေ၊ စားသောက်စရာ၊ ပစ္စည်းအသုံး အဆောင်တွေကို လှူဒါန်းခြင်း အလေ့အထလေး ကလည်း ဒီနေ့ဒီအချိန်ထိ လက်ဆင့်ကမ်း ထွန်းကားနေဆဲပဲ ဖြစ်ပါတယ်။ အနုပညာရှင် တွေ ကလည်း ဒီကနေ့လို တန်ဆောင်မုန်း လပြည့်နေ့ညလေးမှာ ပံ့သကူ ပစ်ရင်း အလှူအတန်းလေးတွေ ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။

အွန်လိုင်းဆယ်လီ တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကလည်း အလှူအတန်းတွေ အများကြီး ပြုလုပ်နေသူတွေပီပီ ဒီကနေ့လို တန်ဆောင်မုန်းလပြည့်နေ့ည မှာလည်း ကုသိုလ်လေးပြုလုပ်ဖို့ စီစဉ်ထား တာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက “ဒီနေ့ည ဖြူဖြူပံ့သကူပစ်ပါ့မယ် 😍 ​ဘယ်နေရာလဲဆိုတော့ …..? (၁၀)သိန်း ရယ် မြန်မာ့ဝမ်းဆက်ရယ် ဆန်ရယ်” ဆိုပြီး တန်ဆောင်မုန်း လပြည့်နေ့ညမှာ ငွေကျပ် (၁၀) သိန်းဖိုး ပံ့သကူ အလှူ လုပ်မယ့်အကြောင်း ပြောလာပါတယ်။

ဖြူဖြူထွေး ကတော့ သူမ သမာအာဇီဝကျကျ ရှာဖွေထားသမျှထဲက ငွေကျပ် (၁၀) သိန်းဖိုးကို ပံ့သကူပစ် အလှူပြုလုပ်မှာပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးတစ်ယောက် ဒီထက်မက အောင်မြင်ပြီး စီးပွားလာဘ်လာဘများ တိုးပွားပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Cele Connections

About the author

Ms Cele

Leave a Comment