Celebrity


Written by Ms Cele






Credit:CELELUCKY

တပ်မတော်ကြီးပြိုကွဲသွားအောင်မလုပ်သင့်ကြောင်းနဲ့စစ်တပ်ကို အပြည့်အဝထောက်ခံကြောင်းကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တဲ့ မင်းအုပ်စိုး

ပရိသတ်ကြီးရေ မင်းအုပ်စိုး ကတော့ သူ့ရဲ့အမျိုးတစ်ယောက်ကို လူမဆန်စွာ သတ်ခဲ့တာကြောင့် ထောင်ဒဏ်တစ်သက် တစ်ကျွန်းကျခဲ့တာပါနော်။ ထောင်ထဲမှာ ခြောက်နှစ်ကျော်နေထိုင် လာရပြီးနောက် စစါကောင်စီ လက်ထက်တွင် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတာပါနော်။ လွတ်လာပြီးချိန်မှာလည်း အငြိမ်မနေဘဲ ဆရာကြီးလုပ်ကာ စစ်တပ်ဘက်ကနေ ထောက်ခံနေပြန်ပါပြီနော်။

သူ့ရဲ့ ဆိုရှယ်မီဒီယာမှာတော့ မြန်မာပြည်မြေပုံအကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံချင်ပါသလား ထောက်ခံလို့ရပါတယ် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်ချင်ပါသလားချစ်ခင်လို့ရပါတယ်ဒေါ်အောင်ဆန်းစုကြည်ကိုချစ်မြတ်နိုးကိုးကွယ်ချင်လွန်းတဲ့စိတ်ကြောင့်အမေလို့ခေါ်ချင်ပါသလားလွတ်လွတ်လပ်လပ်အားရပါးရကြီးအမေလို့ခေါ်လို့ရပါတယ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုထောက်ခံချင်ပါသလားထောက်ခံလို့ရပါတယ်ချစ်ခင်ချင်ပါသလားချစ်ခင်လို့ရပါတယ်ချစ်မြတ်နိုးလွန်းတဲ့စိတ်ကြောင့်အဘလို့ခေါ်ချင်ပါသလားလွတ်လပ်စွာခေါ်လို့ရပါတယ်တပ်မတော်အတွင်းမှာဝင်ရောက်အမှုထမ်းနေကြတဲ့တပ်မတော်သားတွေကိုမုန်းချင်ပါသလားမုန်းလို့ရပါတယ်ဆဲချင်ပါသလား

အိမ်ထဲမှာနေပြီး ပါးစပ်ကနေအားပါးတရ ဆဲလို့ရပါတယ်ကုန်ကုန် ပြောရရင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မုန်းချင်ပါသလားမုန်းလို့ရပါတယ် ပိုးဆိုးပက်စက် ဆဲချင်ပါသလားကိုယ့်အိမ်ထဲကနေ ကိုယ့်ပါးစပ်နဲ့လွတ်လွတ်လပ်လပ် စိတ်ပါလက်ပါအားရပါးရဆဲလို့ရပါတယ်ဒါပေမယ့်ဆဲတဲ့လူတွေကဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့မြန်မာလူမျိုးတွေ ဖြစ်မယ်ဆိုရင် ဝစီကံကြောင့် ရလာတဲ့ဒဏ်ကို အဲ့ဒီလူတွေကအနည်းအကျင်းခံ ရယုံကလွဲပြီးအခြားလူတွေအတွက် တိုင်းပြည်အတွက်ကြီးကြီးမားမား ဆုံးရှုံးထိခိုက်မှု မရှိနိုင်ပါဘူးလက်ရှိအခြေအနေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်တပ်မတော်အပေါ်မုန်းချင်ပါသလား မုန်းလို့ရပါတယ်ဆဲချင်ပါသလားပါးစပ်ကနေလွတ်လွတ်လပ်လပ် အားရပါးရတစ်တစ်ခွခွကြီးဆဲလို့ရပါတယ်

သို့သော်လည်းတပ်မတော်ကြီးပြိုကွဲသွားအောင် ပျက်စီးသွားအောင်ပျောက်ကွယ်သွားအောင်တော့ မတွေးသင့်မပြောသင့် မစည်းရုံးသင့် မကြံစည်သင့်ပါဘူးဘာကြောင့်လဲ ဆိုတော့၁၉၄၈ ခုနှစ်ဇန်နဝါရီလ၄ ရက်နေ့ကနေဒီနေ့ဒီအချိန်ရောက်လာတဲ့ အထိ ကမ္ဘာ့မြေပုံထဲမှာ ကျွန်တော်တို့ရဲ့မြန်မာပြည်မြေပုံလေး ပျက်မသွားစေရအောင်ပဲ့ထွက် မသွားစေရအောင်တစစီပြိုကွဲမသွားစေရအောင် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းပေးခဲ့တဲ့ တခုတည်းသောအဖွဲ့အစည်းကိုပြောပါဆိုရင်မြန်မာ့တပ်မတော်ကလွဲပြီးမှတစ်ပါး အခြားမရှိပါပဲဗျာကျွန်တော်ကတော့ကျွန်တော်ချစ်တဲ့ ကျွန်တော့တိုင်းပြည် ကျွန်တော်သဘောကျတဲ့ကျွန်တော့တိုင်းပြည်ရဲ့ မြေပုံလေးတစစီကွဲထွက်ပြိုပျက် မသွားအောင်ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ မြန်မာ့တပ်မတော်ကြီးကို လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်မိပါရဲ့ဗျာ ။” လို့ရေးသားပြီး စစ်တပ်ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်းပြော လိုက်တာပါနော်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment