Celebrity


Written by Ms Cele





Credit– Cele Zone
Photo – Kyaw Kyaw Nanda

တိရစ္ဆာန်လေးများဂေဟာမှာ အစားအစာတွေကို သွားရောက်လှူဒါန်းကာ ကုသိုလ်ကောင်းမှုပြုလုပ်နေတဲ့ ကျော်ကျော်နန္ဒ

ကျော်ကျော်နန္ဒ ကတော့ တော်လှန်ရေးတိုက် ပွဲကြီးမှာ လမ်းပေါ်ထွက်လှုပ်ရှားမှု တွေပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အရေးတော်ပုံကြီး အောင်မြင်ဖို့ အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့သူပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း (၅၀၅-က) နဲ့ တရားစွဲဆိုခံရပြီး ထွက်ပြေး တိမ်းရှောင်ခဲ့ရတာပါ ။

ဒါပေမယ့် မကြာခင်က ၅၀၅ က ဖြင့် အမှု ပြန်လည် ရုတ်သိမ်းခံရတဲ့ အနုပညာရှင်တွေ ထဲမှာ ပါဝင်ခဲ့တာကြောင့် ကျော်ကျော်နန္ဒ ကတော့ ရှောင်တိမ်းနေ ရာကနေ မိသားစုတွေဆီ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူကိုယ်တိုင်အပါအဝင် ပရိသတ်တွေ အားလုံးက ဝမ်းမြောက်နေကြတာပါ ။

ခုဆိုရင် ကျော်ကျော်နန္ဒက ကုသိုလ်ကောင်းမှု တွေလည်း များစွာပြုလုပ်လျက်ရှိပါတယ် ။ ဒီနေ့လည်း တိရစ္ဆာန်လေး များ ဂေဟာမှာ အစာများကို ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့ကြောင်းကို ” ယနေ့ အေးချမ်းသောအလှူတိ ကလေးတွေ အတွက်ကုသိုလ်အားလုံးအေးချမ်းကြပါစေ ” ဆိုပြီး ရေးသာ းဖော်ပြထားရာ ပရိသတ်ကြီးလည်း ကျော်ကျော်နန္ဒရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Credit– Cele Zone
Photo – Kyaw Kyaw Nanda

About the author

Ms Cele

Leave a Comment