Celebrity

တိုက္ပြဲမွာက်ဆံုးသြားတဲ့ သူရဲေကာင္းကိုေရႊအ အတြက္ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့ မိတ္ကပ္ေမဦး

Written by Ms Cele

တိုက္ပြဲမွာက်ဆံုးသြားတဲ့ သူရဲေကာင္းကိုေရႊအ အတြက္ လႉဒါန္းမႈေတြျပဳလုပ္ခဲ့တဲ့ မိတ္ကပ္ေမဦး

ပရိသတ္ႀကီးေရ.. နာမည္ေက်ာ္ ဒိတ္ဒိတ္ၾကဲ အႏုပညာရွင္ ေတြရဲ့ လက္စြဲေတာ္ မိတ္ကပ္ပညာရွင္အျဖစ္ အေတာ္ၾကာျဖတ္သန္း ရပ္တည္လာသူၿပီး ေအာင္ျမင္မႈေတြအခိုင္အမာရရွိထားသူ ကေတာ့ မိတ္ကပ္ပညာရွင္ေမဦးပဲ ျဖစ္ပါတယ္..။ေမဦးကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ေန႔ရက္တိုင္းလိုလို လမ္းေပၚထြက္လႈပ္ရွားမႈေတြ ဆက္တိုက္ ျပဳလုပ္ေနၿပီး အားလုံးနဲ႔အတူ တစ္ေသြးတစ္သားတည္ းရပ္တည္ကာ ပါဝင္အားျဖည့္ေနတာလည္း ေတြ႕ရပါတယ္..။

လႈပ္ရွားမႈေတြ ဆက္တိုက္ျပဳလုပ္ေနသလို လႉဒါန္းမႈေတြ မွာလည္း အားႀကိဳးမာန္တက္လုပ္ေဆာင္ေနတဲ့ ေမဦးကေတာ့ ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ က်သြားတဲ့သူရဲေကာင္းျပည္သူေတြ အတြက္လည္း လႉဒါန္းမႈေတြျပဳလုပ္ေနတာ ျဖစ္ပါတယ္..။လူထုလႈပ္ရွားလုပ္ေဆာင္ရင္း အသက္ေပး က်ဆုံးသြားတဲ့ အသက္(၃၃)ႏွစ္အရြယ္ သူရဲေကာင္းကိုေရႊအရဲ့ နာေရးအတြက္လည္း အလႉေငြေတြ ေပးအပ္လႉဒါန္းခဲ့ၾကပါတယ္..။

“ပဲခူးၿမိဳ႕ မဇင္းရပ္ကြပ္တြင္ ေနထိုင္သည့္ အသက္ ၃၃ ႏွစ္ ကိုေဇာ္ေအာင္ေခၚ (ေရႊအ ) အတြက္ အလႉေငြ 1019000 (ဆယ္သိန္းတစ္ေသာင္းကိုးေထာင္ )က်ပ္တိတိကိုက်န္ရစ္သူ ကိုေရႊအ မိသားစုအားေပးအပ္ခဲ့ပါၿပီ … 🙏🏻🙏🏻🙏🏻လႉဒါန္းေပးၾကေသာျပည္သူမ်ားအား ကိုေရႊအမိသားစု ကိုယ္စားေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်ာ🙏🏻🙏🏻🙏🏻❤️အလႉေငြေရာက္ေအာင္ ပို႔ေပးေသာအကို အားေက်းဇူး အထူးတင္ပါတယ္🙏🏻..” ဆိုၿပီး ေမဦးက ေဝမၽွထားတာပါ..။လိုအပ္တဲ့ေနရာေလးေတြမွာ လႉဒါန္းမႈေတြျပဳလုပ္ေနတဲ့ ေမဦးတို႔ရဲ့ ကုသိုလ္အလႉေလးေတြကလည္း တကယ္ကိုသာဓုေခၚစရာ ေကာင္းတာမို႔ ပရိသတ္ေတြကလည္း ဆုေတာင္းစကားေလးေတြ ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Credit

တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းကိုရွှေအ အတွက် လှူဒါန်းမှုတွေပြုလုပ်ခဲ့တဲ့ မိတ်ကပ်မေဦး

ပရိသတ်ကြီးရေ.. နာမည်ကျော် ဒိတ်ဒိတ်ကြဲ အနုပညာရှင် တွေရဲ့ လက်စွဲတော် မိတ်ကပ်ပညာရှင်အဖြစ် အတော်ကြာဖြတ်သန်း ရပ်တည်လာသူပြီး အောင်မြင်မှုတွေအခိုင်အမာရရှိထားသူ ကတော့ မိတ်ကပ်ပညာရှင်မေဦးပဲ ဖြစ်ပါတယ်..။မေဦးကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ နေ့ရက်တိုင်းလိုလို လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်နေပြီး အားလုံးနဲ့အတူ တစ်သွေးတစ်သားတည် းရပ်တည်ကာ ပါဝင်အားဖြည့်နေတာလည်း တွေ့ရပါတယ်..။

လှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်နေသလို လှူဒါန်းမှုတွေ မှာလည်း အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ မေဦးကတော့ တော်လှန်ရေးတိုက်ပွဲကြီးမှာ ကျသွားတဲ့သူရဲကောင်းပြည်သူတွေ အတွက်လည်း လှူဒါန်းမှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်..။လူထုလှုပ်ရှားလုပ်ဆောင်ရင်း အသက်ပေး ကျဆုံးသွားတဲ့ အသက်(၃၃)နှစ်အရွယ် သူရဲကောင်းကိုရွှေအရဲ့ နာရေးအတွက်လည်း အလှူငွေတွေ ပေးအပ်လှူဒါန်းခဲ့ကြပါတယ်..။

“ပဲခူးမြို့ မဇင်းရပ်ကွပ်တွင် နေထိုင်သည့် အသက် ၃၃ နှစ် ကိုဇော်အောင်ခေါ် (ရွှေအ ) အတွက် အလှူငွေ 1019000 (ဆယ်သိန်းတစ်သောင်းကိုးထောင် )ကျပ်တိတိကိုကျန်ရစ်သူ ကိုရွှေအ မိသားစုအားပေးအပ်ခဲ့ပါပြီ … 🙏🏻🙏🏻🙏🏻လှူဒါန်းပေးကြသောပြည်သူများအား ကိုရွှေအမိသားစု ကိုယ်စားကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ🙏🏻🙏🏻🙏🏻❤️အလှူငွေရောက်အောင် ပို့ပေးသောအကို အားကျေးဇူး အထူးတင်ပါတယ်🙏🏻..” ဆိုပြီး မေဦးက ဝေမျှထားတာပါ..။လိုအပ်တဲ့နေရာလေးတွေမှာ လှူဒါန်းမှုတွေပြုလုပ်နေတဲ့ မေဦးတို့ရဲ့ ကုသိုလ်အလှူလေးတွေကလည်း တကယ်ကိုသာဓုခေါ်စရာ ကောင်းတာမို့ ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေ ပြောထားကြတာ တွေ့ရပါတယ်..။

Credit

About the author

Ms Cele

Leave a Comment