Celebrity


Written by Ms Cele


ပရိတ်သတ်တွေရဲ့အချစ်တော် MRTV 4 မင်းသားချေဘုန်းဆက်သွင် ဟာဆိုရင် ဇာတ်လမ်းးတွေများစွာကိုရိုက်ကူးရင်း ပရီတ်သတ်တွေရဲ့ အသိအမှတ်ပြုချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် လက်၇ှိအခြေအနေမှာလည်း ပြည်သူလူထုနဲ့အတူရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။



Credit

တိုက်ပွဲမှာကျဆုံးသွားတဲ့ သူရဲကောင်းမင်းခန့်စိုးအတွက် အလှူငွေများသွားရောက်လှူဒါန်းခဲ့တဲ့ ဘုန်းဆက်သွင်

ပရိတ်သတ်တွေရဲ့အချစ်တော် MRTV 4 မင်းသားချေဘုန်းဆက်သွင် ဟာဆိုရင် ဇာတ်လမ်းးတွေများစွာကိုရိုက်ကူးရင်း ပရီတ်သတ်တွေရဲ့ အသိအမှတ်ပြုချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့အပြင် လက်ရှိအခြေအနေမှာလည်း ပြည်သူလူထုနဲ့အတူရပ်တည်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။

မင်းသားချော ဘုန်းဆက်သွင် ကတော့ နေ့တိုင်းလိုလို လူထုလှုပ်ရှားမှုတွေကို အရှေ့ဆုံးကနေ အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားနေသလို လိုအပ်တဲံနေရာတွေမှာလည်းသူတတ်နိုင်ဘက်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ်။ပြည်သူတွေ အားလုံးနဲ့အတူ စိတ်ခွန်အား လူအား၊ ငွေအားတွေနဲ့ အဖက်ဖက်ကနေ အားကြိုးမာန်တက် ပါဝင်အားဖြည့်နေသလို အသက်ပေး ကျဆုံးရှုံးသွားတဲ့ သူရဲကောင်းပြည်သူတွေ အတွက်လည်း ယူကြုံးမရဝမ်းနည်းစွာနဲ့ လှူဒါန်းမှုတွေ ပြုလုပ်နေတာ တွေ့ရပါတယ်..။မတ်လ(၁၄)ရက်နေ့ တနင်္ဂနွေနေ့က တောင်ဥက္ကလာမှာ ကျဆုံးသွားတဲ့ အသက်(၁၉)နှစ်အရွယ် သူရဲကောင်းလေးမောင်မင်းခန့်စိုးရဲ့ နာရေးလေးကိုကိုယ်တိုင် သွားရောက်ကာ အလှူရှင်တွေရဲ့ကိုယ်စား အလှူငွေတွေလှူဒါန်းရင်း ဖေးမကူညီခဲ့ပြန်ပါတယ်..။

“မနေ့က တောင်ဥက္ကလာတွင် ကျဆုံးသွား သောသူရဲကောင်းညီလေး မင်းခန့်စိုး မိသားစု အားမိဘပြည်သူ အလှူ့ ရှင် များ ကိုယ်စား အလှူငွေ ၁၀၀၀၀၀ သွားရောက် လှူဒါန်းပေးခဲ့ပါသည် Rest In Power ပါ မြန်မာနိုင်ငံမှ သူရဲကောင်းများခင်ဗျာ 😞🙏🙏🙏..” ဆိုပြီး ဘုန်းဆက်သွင်က မျှဝေပြောပြထားတာပါ..။ပရိတ်သတ်ကြီး လည်း ဘုန်းဆက်သွင်ရဲ့ အလှူလေးကို သာဓုခေါ်ပေးကြပါအုံးနော်…။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်နော်..။

Source: PhoneSett Thwin’s Fb Ac
Credit

About the author

Ms Cele

Leave a Comment