Celebrity


Written by Ms Cele





Credit: Cele Zone
Photo – Lin Aung Khit

တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူရဲကောင်းတွေကို အလှူငွေများကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တဲ့ လင်းအောင်ခေတ်

ခုဆိုရင် မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှုကြီးဟာ အခုချိန်ထိ အသက်ဝင်ကာ အင်အားကောင်းနေဆဲပါပဲ။နေရာတိုင်းမှာလည်း ပြင်းပြင်းထန်ထန် ဖြိုခွင်းခံရမှု တွေလည်း ရှိနေရာ ဒဏ်ရာရပြည်သူတွေအပြင် အသက်ဆုံးရှုံးရသူတွေလည်း ပေါ်ထွက်လာခဲ့တာ တကယ်ကို နှမျောတသ ဝမ်းနည်းစရာပါပဲ။

ဒါ့ကြောင့် ခုဆိုရင်ပြည်သူတွေက အရင်ကထက်ပိုမိုစနစ်ကျစွာ လှုပ်ရှားရင်း တစ်ဦးကိုတစ်ဦး အပြန်အလှန်ကူညီ စောင့်ရှောက်နေကြတာလည်းဖြစ်ပါတယ်။အနုပညာရှင်တွေဆိုရင်လည်း ကွယ်လွန်သွားကြတဲ့ သူရဲကောင်းတွေကို အလှူငွေတွေ လှူဒါန်းပေးကာ ကျန်ရစ်သူမိသားစုတွေကိုလည်း အားပေးနှစ်သိမ့် ခဲ့တာတွေပြုလုပ်ခဲ့တာလည်း လေးစားစွာတွေ့မြင်ရပါတယ်။

အခုလည်း လင်းအောင်ခေတ် တစ်ယောက် တော်လှန်ရေးတိုက်ပွဲကြီးမှာေ ကြွေလွင့်သွားရတဲ့ သူရဲကောင်းတွေ ကိုယ်စီကို အလှူငွေများကိုယ်တိုင် သွားရောက်ကာလှူဒါန်းရင်း ပုံလေးတွေနဲ့အတူ ” တိုင်းပြည်အတွက် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေ အတွက် ကျွန်တော်တို့ ဘက် က ကျန်ခဲ့ တဲ့ မိသားစုတွေ ကို ကူညီစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်..သွားရောက် လှူဒါန်းချင်တဲ့ လူတွေ အတွက် လဲ ပုံ အောက် မှာ လိပ်စာ ဖုန်း နံပတ် ရေးပေးထားပါတယ်..” ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီး အတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Lin Aung Khit

About the author

Ms Cele

Leave a Comment