Celebrity

တိုက္ပြဲမွာ က်ည္ထိမွန္ကာဒဏ္ရာရသြားတဲ့ သူရဲေကာင္းကို အလႉေငြမ်ား လႉဒါန္းရင္း အားေပးႏွစ္သိမ့္ခဲ့တဲ့ ဝါဆိုမိုးဦးတို႕စံုတြဲ

Written by Ms Cele

တိုက္ပြဲမွာ က်ည္ထိမွန္ကာဒဏ္ရာရသြားတဲ့ သူရဲေကာင္းကို အလႉေငြမ်ား လႉဒါန္းရင္း အားေပးႏွစ္သိမ့္ခဲ့တဲ့ ဝါဆိုမိုးဦးတို႕စံုတြဲ

ဝါဆိုတို႔ စုံတြဲေလးကေတာ့ ျမန္မာနိုင္ငံမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေန ေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔ တန္းတူ ရပ္တည္ေနခဲ့တာေၾကာင့္ အားလုံးက ခ်ီးက်ဳးေနၾကတာလည္း ျဖစ္ပါတယ္။ႏွစ္ေယာက္ စိတ္တူကိုယ္တူ လမ္းမေပၚထြက္ကာ ရင္ထဲကဆႏၵေတြကို ထုတ္ေဖာ္ခဲ့ၾက သလို ညဘက္ေတြမွာလည္း အတူတူကင္းေစာင့္ကာ တတ္နိုင္သေလာက္ ရရာေနရာကေန ပါဝင္အားျဖည့္ေပးေနတာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။

ျမန္မာနိုင္ငံ ေနရာအႏွံအျပားက ျပည္သူျပည္သား ေပါင္းစုံပါဝင္ေနတဲ့ လူထုလႈပ္ရွားမႈႀကီးဟာ ဆိုရင္ တစ္ရက္ထက္ တစ္ရက္ အပစ္အခတ္ေတြ ၿဖိဳခြင္းခံရမႈေတြကို ပိုမိုရင္ဆိုင္လာ ရတာေၾကာင့္ အသက္ဆုံးရႈံးသူေတြ ဒဏ္ရာရရွိသူ ေတြလည္း မ်ားျပားလ်က္ရွိတာ ကိုစိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။ဒါေပမယ့္လည္း အားလုံးကလက္မေလ်ာ့ဘဲ ယုံၾကည္ရာ ရည္မွန္းခ်က္ ပန္းတိုင္ကို ေရာက္ရွိဖို႔ ရရာေနရာကေန စည္းလုံးညီညြတ္စြာ တစ္ေယာက္ကို တစ္ေယာက္ေဖးမရင္း လႈပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။

အားလုံးက ေသြးမေတာ္သား မစပ္ၾကေပမယ့္လည္း သူရဲေကာင္းေတြ အသက္ ဆုံးရႈံးသြားတဲ့အခါ အားလုံးက ဝမ္းနည္းမ်က္ရည္က်ကာ ယူၾကဳံးမရျဖစ္ၾကရပါတယ္။အခုဆိုရင္ အႏုပညာ ရွင္ေတြကလည္း က်ရႈံးသြားတဲ့ သူရဲေကာင္းေတြနဲ႔ ဒဏ္ရာရရွိသူ ေတြကို တတ္နိုင္သေလာက္အလႈေငြမ်ား သြားေရာက္လႉဒါန္းကာတစ္ဖက္ကေနျပန္လည္ ၾကည့္ရႈ႔ေစာင့္ေရွာက္ ေပးေနၾကတာပါ ။အခုလည္းဝါဆိုတို႔ စုံတြဲဟာ သူငယ္ခ်င္းေတြနဲ႔ အတူစုေပါင္းၿပီး တိုက္ပြဲမွာ က်ည္ထိမွန္ကာဒဏ္ရာရသြားတဲ့ သူရဲေကာင္းကို အလႉေငြမ်ား လႉဒါန္းရင္း အားေပးႏွစ္သိမ့္ခဲ့ျပန္ပါတယ္။ပရိသတ္ႀကီးအတြက္ ဝါဆိုတို႔ စုံတြဲရဲ့ အလႉပုံေလးေတြကို မၽွေဝေပးရင္း အားလုံးေဘးရန္ကင္းရွင္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Credit

တိုက်ပွဲမှာ ကျည်ထိမှန်ကာဒဏ်ရာရသွားတဲ့ သူရဲကောင်းကို အလှူငွေများ လှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့တဲ့ ဝါဆိုမိုးဦးတို့စုံတွဲ

ဝါဆိုတို့ စုံတွဲလေးကတော့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေ တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့ တန်းတူ ရပ်တည်နေခဲ့တာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။နှစ်ယောက် စိတ်တူကိုယ်တူ လမ်းမပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို ထုတ်ဖော်ခဲ့ကြ သလို ညဘက်တွေမှာလည်း အတူတူကင်းစောင့်ကာ တတ်နိုင်သလောက် ရရာနေရာကနေ ပါဝင်အားဖြည့်ပေးနေတာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံ နေရာအနှံအပြားက ပြည်သူပြည်သား ပေါင်းစုံပါဝင်နေတဲ့ လူထုလှုပ်ရှားမှုကြီးဟာ ဆိုရင် တစ်ရက်ထက် တစ်ရက် အပစ်အခတ်တွေ ဖြိုခွင်းခံရမှုတွေကို ပိုမိုရင်ဆိုင်လာ ရတာကြောင့် အသက်ဆုံးရှုံးသူတွေ ဒဏ်ရာရရှိသူ တွေလည်း များပြားလျက်ရှိတာ ကိုစိတ်မကောင်းစွာတွေ့မြင်ရပါတယ်။ဒါပေမယ့်လည်း အားလုံးကလက်မလျော့ဘဲ ယုံကြည်ရာ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ရှိဖို့ ရရာနေရာကနေ စည်းလုံးညီညွတ်စွာ တစ်ယောက်ကို တစ်ယောက်ဖေးမရင်း လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

အားလုံးက သွေးမတော်သား မစပ်ကြပေမယ့်လည်း သူရဲကောင်းတွေ အသက် ဆုံးရှုံးသွားတဲ့အခါ အားလုံးက ဝမ်းနည်းမျက်ရည်ကျကာ ယူကြုံးမရဖြစ်ကြရပါတယ်။အခုဆိုရင် အနုပညာ ရှင်တွေကလည်း ကျရှုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာရရှိသူ တွေကို တတ်နိုင်သလောက်အလှုငွေများ သွားရောက်လှူဒါန်းကာတစ်ဖက်ကနေပြန်လည် ကြည့်ရှု့စောင့်ရှောက် ပေးနေကြတာပါ ။အခုလည်းဝါဆိုတို့ စုံတွဲဟာ သူငယ်ချင်းတွေနဲ့ အတူစုပေါင်းပြီး တိုက်ပွဲမှာ ကျည်ထိမှန်ကာဒဏ်ရာရသွားတဲ့ သူရဲကောင်းကို အလှူငွေများ လှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့ပြန်ပါတယ်။ပရိသတ်ကြီးအတွက် ဝါဆိုတို့ စုံတွဲရဲ့ အလှူပုံလေးတွေကို မျှဝေပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit

About the author

Ms Cele

Leave a Comment