Celebrity

တိုင္တစ္ရာ ဆရာေတာ္ႀကီး ထံမွာ ဝါဆို သကၤန္းနဲ႔ အလႉ ေငြေတြ သြားေရာက္ လွဴဒါန္းခဲ့တဲ့ ေနျခည္ဦး

Written by Ms Cele

တိုင္တစ္ရာ ဆရာေတာ္ႀကီး ထံမွာ ဝါဆို သကၤန္းနဲ႔ အလႉ ေငြေတြ သြားေရာက္ လွဴဒါန္းခဲ့တဲ့ ေနျခည္ဦး

ပရိသတ္ေတြခ်ီခ်ီလို ႔ေခၚတဲ့ေနျခည္ဦးကေတာ့ ေအာင္ျမင္တဲ့ ဘေလာ့ဂါ တစ္ေယာက္ျဖစ္ၿပီး သ႐ုပ္ေဆာင္ တစ္ေယာက္အေနနဲ႔လည္း အႏုပညာ အလုပ္ေတြလုပ္ေနသူပါ။ ခ်ီခ်ီကေတာ့ ကိုဗစ္ကာလ အတြင္းမွာ အဆက္မျပတ္ ႀကိဳးစားေနပုံပါပဲ။ She Shines Gems & Jewelry နဲ႔အတူ Live Sales လုပ္ခဲ့ၿပီး ရရွိတဲ့ေငြေတြ ထဲကေနၿပီး လႉဒါန္းမႈေတြျပဳလုပ္ေနတာပါ။

ခ်ီခ်ီကေတာ့ ျမန္မာနိုင္င ႐ုပ္ရွင္ အစည္းအ႐ုံးနဲ႔ ရန္ကုန္ေဆး႐ုံႀကီးမွာ လႉဒါန္းခဲ့ၿပီး ကိုဗစ္ကုသေရးစင္တာ ေတြမွာလည္း လႉဒါန္းခဲ့ပါေသးတယ္။ အခုလည္း ထပ္မံလႉဒါန္း ခဲ့တာျဖစ္ၿပီး “ယေန႔ ကထိန္ အလႉေလးပါ She Shines Gems & Jewelry နဲ႔အတူ ရတနာခ်စ္သူမ်ား chillies မ်ားကိုယ္စား ေနျခည္က တိုင္တစ္ရာ ဆရာေတာ္ႀကီးထံမွာ ဝါဆိုသကၤန္းနဲ႔ ကထိန္ အတြက္ အလႉေငြ (၁၅)သိန္းက်ပ္တိတိကို ဒီေန႔ လႉဒါန္းခဲ့ ပါတယ္။ တြင္းထြက္ေက်ာက္မ်က္ရတနာေတြ ကေပးတဲ့ စြမ္းအင္ေတြ ေမတၱာဓါတ္ေတြ နဲ႔အတူ ျပဳလုပ္ခဲ့တဲ့ ကုသိုလ္အေပါင္းကို အမၽွေပးေဝ ပါတယ္။ဘဝသံသရာ အဆက္ဆက္က ေဆြေတာ္မ်ိဳးေတာ္ အေပါင္းလည္း အမၽွရၾကပါေစ။ ဒီ post ေလးျမင္သူအေပါင္း share သူအေပါင္းလည္း ေမတၱာဓါတ္ေတြ လႊမ္းျခဳံနိုင္ပါေစေနာ္။” ဆိုၿပီးေတာ့ ေဖ့ဘြတ္ခ္မွာ ေရးသား မၽွေဝလာပါတယ္။

ခ်ီခ်ီကေတာ့ She Shines Gems & Jewelry နဲ႔အတူ ရတနာခ်စ္သူမ်ား chillies မ်ားကိုယ္စား လိုအပ္တဲ့ေနရာေတြ တစ္ခုခ်င္းစီကိုသြား ေရာက္ၿပီး ကိုယ္တိုင္ လႉဒါန္းခဲ့တာပါ။ ခ်ီခ်ီတစ္ေယာက္ အလုပ္ေတြလည္း ပိုမိုေအာင္ျမင္ၿပီး အမ်ားအက်ိဳး အတြက္ လုပ္ကိုင္နိုင္တဲ့သူ တစ္ေယာက္ျဖစ္ပါေစေနာ္..

Credit:Cele Gabar

တိုင်တစ်ရာ ဆရာတော်ကြီး ထံမှာ ဝါဆို သင်္ကန်းနဲ့ အလှူ ငွေတွေ သွားရောက် လှူဒါန်းခဲ့တဲ့ နေခြည်ဦး

ပရိသတ်တွေချီချီလို ့ခေါ်တဲ့နေခြည်ဦးကတော့ အောင်မြင်တဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်ပြီး သရုပ်ဆောင် တစ်ယောက်အနေနဲ့လည်း အနုပညာ အလုပ်တွေလုပ်နေသူပါ။ ချီချီကတော့ ကိုဗစ်ကာလ အတွင်းမှာ အဆက်မပြတ် ကြိုးစားနေပုံပါပဲ။ She Shines Gems & Jewelry နဲ့အတူ Live Sales လုပ်ခဲ့ပြီး ရရှိတဲ့ငွေတွေ ထဲကနေပြီး လှူဒါန်းမှုတွေပြုလုပ်နေတာပါ။

ချီချီကတော့ မြန်မာနိုင်င ရုပ်ရှင် အစည်းအရုံးနဲ့ ရန်ကုန်ဆေးရုံကြီးမှာ လှူဒါန်းခဲ့ပြီး ကိုဗစ်ကုသရေးစင်တာ တွေမှာလည်း လှူဒါန်းခဲ့ပါသေးတယ်။ အခုလည်း ထပ်မံလှူဒါန်း ခဲ့တာဖြစ်ပြီး “ယနေ့ ကထိန် အလှူလေးပါ She Shines Gems & Jewelry နဲ့အတူ ရတနာချစ်သူများ chillies များကိုယ်စား နေခြည်က တိုင်တစ်ရာ ဆရာတော်ကြီးထံမှာ ဝါဆိုသင်္ကန်းနဲ့ ကထိန် အတွက် အလှူငွေ (၁၅)သိန်းကျပ်တိတိကို ဒီနေ့ လှူဒါန်းခဲ့ ပါတယ်။ တွင်းထွက်ကျောက်မျက်ရတနာတွေ ကပေးတဲ့ စွမ်းအင်တွေ မေတ္တာဓါတ်တွေ နဲ့အတူ ပြုလုပ်ခဲ့တဲ့ ကုသိုလ်အပေါင်းကို အမျှပေးဝေ ပါတယ်။ဘဝသံသရာ အဆက်ဆက်က ဆွေတော်မျိုးတော် အပေါင်းလည်း အမျှရကြပါစေ။ ဒီ post လေးမြင်သူအပေါင်း share သူအပေါင်းလည်း မေတ္တာဓါတ်တွေ လွှမ်းခြုံနိုင်ပါစေနော်။” ဆိုပြီးတော့ ဖေ့ဘွတ်ခ်မှာ ရေးသား မျှဝေလာပါတယ်။

ချီချီကတော့ She Shines Gems & Jewelry နဲ့အတူ ရတနာချစ်သူများ chillies များကိုယ်စား လိုအပ်တဲ့နေရာတွေ တစ်ခုချင်းစီကိုသွား ရောက်ပြီး ကိုယ်တိုင် လှူဒါန်းခဲ့တာပါ။ ချီချီတစ်ယောက် အလုပ်တွေလည်း ပိုမိုအောင်မြင်ပြီး အများအကျိုး အတွက် လုပ်ကိုင်နိုင်တဲ့သူ တစ်ယောက်ဖြစ်ပါစေနော်..

Credit:Cele Gabar

About the author

Ms Cele

Leave a Comment