Celebrity


Written by Ms Cele






တိုင်းပြည်မငြိမ်သက်လို့ကာကွယ်သယောင်ယောင်နဲ့ CDMလုပ်တဲ့သူတွေရော ကင်းသမားတွေရောလိုက်ဆွဲသွားတဲ့အပေါ် လှပတဲ့ စကားလုံးလေးနဲ့ ဒဲ့ပြောလိုက်တဲ့ ခေးဆက်သွင်

မင်းသမီးချော ခေးဆက်သွင် ကတော့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ခံယူထားသူ တစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံကျော် အနုပညာရှင်ပီပီ ပရိသတ်တွေအတွက် အမြဲတမ်း စံပြဖြစ်အောင် နေထိုင်တတ်တဲ့ ခေးဆက်သွင်က လက်ရှိမှာလည်း မြန်မာ့ပြည်တွင်းအရေးအတွက် တက်ကြွစွာ လှုပ်ရှားနေပြီး အမှန်တရားဘက် ကနေ ရဲဝံ့စွာရပ်တည်နေသူတစ်ယောက်လည်း ဖြစ်ပါတ်ယ။ မိန်းမသားတစ်ယောက်ဆိုပေမယ့် စကားပြောပြတ်သားတဲ့ ခေးဆက်သွင်က ဒီကနေ့မှာလည်း လက်ရှိဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပက်သတ်ပြီး ပြောလာတာကို တွေ့ရပါတယ်။

“နင်တို့ပဲ မသမာသူတွေလွှတ် နင်တို့ပဲ ကာကွယ်ဖို့ ထွက်လာတာပါလို့ ကလိမ်စေ့ငြမ်းဆင် နင်တို့ပဲ နေရာစုံ မီးတွေလိုက်ရှို့ဆေးထိုးထားတဲ့ ထောင်ထွက်ရော ဘာရောညာရောတွေကို ကားတွေနဲ့လာချ ပြည်သူက လိုက်ဖမ်းတော့ တိုင်းပြည်မငြိမ်သက်လို့ ကာကွယ် သယောင်ယောင် ဟန်ဆောင် ရှိသမျှ CDMလုပ်တဲ့သူတွေရော ကင်းသမားတွေရော ခွေးဆွဲသလို လိုက်ဆွဲဖို့ကြိုးစားငါတို ့သရုပ်ဆောင်တွေတောင် နင်တို့လောက် သရုပ်မဆောင်တတ်ဘူး။ ဒီနှစ်အကယ်ဒမီ နင်တို့အတွက်ပဲ”ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။

ခေးဆက်သွင် ကတော့ ကာကွယ် သယောင်ယောင် ဟန်ဆောင်ပြီး CDM လုပ်တဲ့ဝန်ထမ်းတွေနဲ့ ကင်းသမားတွေကို လိုက်ဆွဲနေသူတွေဟာ အကယ်ဒမီ ရလောက်တယ်လို့ ဒဲ့ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီ းအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။

Source: Khay Sett Thwin’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment