Knowledge

တိုင္ ဖြန္း မုန္ တိုင္း “မိုေလ့” ေနာက္ ဆုံး ရ သတင္း

Written by Ms Cele

တိုင္ ဖြန္း မုန္ တိုင္း “မိုေလ့” ေနာက္ ဆုံး ရ သတင္း

ေတာင္တ႐ုတ္ ပင္လယ္ျပင္ မွာ ျဖစ္ေပၚေနတဲ့ တိုင္ဖြန္း မုန္တိုင္း “မိုေလ့” ဟာ ဒီေန႔ ေန႔လယ္ပိုင္း ဗီယက္နမ္ နိုင္ငံ အလယ္ပိုင္း ကမ္းေျခေဒသ ေတြကို ျဖတ္ေက်ာ္ဝင္ေရာက္ မယ္လို႔ ခန႔္မွန္းထားေၾကာင္း မိုးဇလက ဒီေန႔မနက္ ထုတ္ျပန္ပါတယ္။ လက္ရွိမွာ တိုင္ဖြန္းမုန္တိုင္း ဟာ ဗီယက္နမ္နိုင္ငံ၊ ကြမ္းနိုင္းၿမိဳ႕ ရဲ့ အေရွ႕-အေရွ႕ေတာင္ဘက္ မိုင္ ၇၀ ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနၿပီး အေနာက္ဘက္ ဆက္လက္ ေရြ႕လ်ားက နိုင္ငံအလယ္ပိုင္း ကမ္းေျခေဒသေတြကို ျဖတ္ေက်ာ္ဝင္ေရာက္မယ္လို႔ ဆိုပါတယ္။

ဒီေန႔ညေနအထိခန႔္မွန္း ခ်က္အရ တနသၤာရီတိုင္း၊ ကရင္နဲ႔ မြန္ျပည္နယ္တို႔မွာ ေနရာ အႏွံ့အျပား၊ ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္းနဲ႔ ရခိုင္ျပည္နယ္ တို႔မွာ ေနရာစိပ္စိပ္၊ ေနျပည္ေတာ္၊ မႏၲေလးတိုင္း၊ မေကြးတိုင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ခ်င္းနဲ႔ ကယားျပည္နယ္တို႔မွာ ေနရာက်ဲက်ဲ၊ က်န္တိုင္းနဲ႔ျပည္နယ္တို႔မွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာၿပီး ရြာရန္ရာႏႈန္း ၈၀ ျဖစ္ပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန ကေတာ့ လွိုင္းအနည္းငယ္မွ လွိုင္းအသင့္ အတင့္ရွိမွာျဖစ္ၿပီး လွိုင္းအျမင့္က ျမန္မာ့ကမ္းရိုးတန္း တစ္ေလၽွာက္နဲ႔ ကမ္းလြန္ ပင္လယ္ျပင္တို႔မွာ ၄ ေပမွ ၆ ေပေလာက္ ရွိနိုင္ ပါတယ္။ ေနာက္ ၂ ရက္အတြင္း မွာလည္း ပဲခူးတိုင္း၊ ရန္ကုန္တိုင္း၊ ဧရာဝတီတိုင္း၊ တနသၤာရီတိုင္း၊ ကရင္နဲ႔ မြန္ျပည္နယ္ တို႔မွာ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္းရြာမယ္လို႔ မိုးဇလက ခန႔္မွန္းထား ပါတယ္။ ဒီေန႔ညေနအထိ ခန႔္မွန္းခ်က္အရ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ တို႔နဲ႔ အနီးတစ္ဝိုက္ ေတြမွာ ေနရာကြက္က်ား မိုးထစ္ခ်ဳန္းရြာနိုင္တယ္ လို႔ ဆိုပါတယ္။မိုးဇလ

တိုင် ဖွန်း မုန် တိုင်း “မိုလေ့” နောက် ဆုံး ရ သတင်း

တောင်တရုတ် ပင်လယ်ပြင် မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်း မုန်တိုင်း “မိုလေ့” ဟာ ဒီနေ့ နေ့လယ်ပိုင်း ဗီယက်နမ် နိုင်ငံ အလယ်ပိုင်း ကမ်းခြေဒေသ တွေကို ဖြတ်ကျော်ဝင်ရောက် မယ်လို့ ခန့်မှန်းထားကြောင်း မိုးဇလက ဒီနေ့မနက် ထုတ်ပြန်ပါတယ်။ လက်ရှိမှာ တိုင်ဖွန်းမုန်တိုင်း ဟာ ဗီယက်နမ်နိုင်ငံ၊ ကွမ်းနိုင်းမြို့ ရဲ့ အရှေ့-အရှေ့တောင်ဘက် မိုင် ၇၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပြီး အနောက်ဘက် ဆက်လက် ရွေ့လျားက နိုင်ငံအလယ်ပိုင်း ကမ်းခြေဒေသတွေကို ဖြတ်ကျော်ဝင်ရောက်မယ်လို့ ဆိုပါတယ်။

ဒီနေ့ညနေအထိခန့်မှန်း ချက်အရ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာ အနှံ့အပြား၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ် တို့မှာ နေရာစိပ်စိပ်၊ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းနဲ့ ကယားပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းနဲ့ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ ကတော့ လှိုင်းအနည်းငယ်မှ လှိုင်းအသင့် အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၆ ပေလောက် ရှိနိုင် ပါတယ်။ နောက် ၂ ရက်အတွင်း မှာလည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နဲ့ မွန်ပြည်နယ် တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမယ်လို့ မိုးဇလက ခန့်မှန်းထား ပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ တို့နဲ့ အနီးတစ်ဝိုက် တွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်တယ် လို့ ဆိုပါတယ်။မိုးဇလ

About the author

Ms Cele

Leave a Comment