Celebrity


Written by Ms Cele






တီတီတာတာပြောတတ်တဲ့ သမီးငယ်လေးကြောင့် နှလုံးသားတွေ အရည်ပျော်ပြီး ချစ်မဝဖြစ်နေတဲ့ ဖေဖေ Ah Boy

ပရိသတ်ကြီးရေ အဆိုတော် Ah Boy ကတော့ Rap သီချင်းတွေကို သီဆိုရင်း လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အခုဆိုရင် အသက်အရွယ်တစ်ခုရောက်ရှိနေပြီဖြစ်တဲ့ Ah Boy ကတော့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေပြီး သူ့ရဲ့ သမီးသုံးယောက်နဲ့ မိသားစုလေးကို ပြည့်ပြည့်စုံစုံထားနိုင်ဖို့ ကြိုးစားနေသူ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ စီးပွားရေးကိစ္စ၊ မိသားစုကိစ္စတွေနဲ့ အလုပ်တွေကိုလက်မလည်အောင်လုပ်ကိုင်နေရတဲ့ Ah Boy က သီချင်းတွေကိုလည်း ပြန်လည်သီဆိုလာပြီဖြစ်ပြီး အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းနဲ့ပုံမှန် လုပ်ကိုင်နေလျက်ရှိပါတယ်။

သမီးကြီး ဂျူဂျူး၊ သမီးလတ် ဖောင်းဖောင်းနဲ့ သမီးအငယ်ဆုံးလေး Scarlett ကို ပိုင်ဆိုင်ထားတဲ့ Ah Boy ကတော့ သမီးရှင်ဖေဖေတစ်ယောက်ပီပီ အားကိုးထိုက်တဲ့ ရတနာလေးတွေကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း Ah Boy က သမီးကို အမြဲတမ်းချစ်ဖို့ တီတီတာတာပြောတဲ့ သမီးငယ် Scarlett ကြောင့် အပင်မှာအလုပ်လုပ်ပြီး ပင်ပန်းသမျှ အမောပြေခဲ့ရကြောင်းကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေပြီး အခုလိုပဲ ပြသလာပါတယ်။

Ah Boy ကတော့ အပြင်မှာ စိတ်ပင်ပန်း၊ လူပင်ပန်းစရာ စီးပွားရေး ကိစ္စတွေနဲ့ ဘယ်လောက်ပဲ အလုပ်များများ သမီးလေးတွေကြောင့် အမောပြေနေ ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ Scarlett လေးရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Source: Kyaw Phyo Tun’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment