Local News

တူတူ ပုန္းတမ္း ေဆာ့ကစား ရာမွ ထူးဆန္း စြာ ေပ်ာက္ျခင္း မလွ ေပ်ာက္သြား ခဲ့ သည့္ မိန္းကေလး ငယ္

Written by Ms Cele

တူတူ ပုန္းတမ္း ေဆာ့ကစား ရာမွ ထူးဆန္း စြာ ေပ်ာက္ျခင္း မလွ ေပ်ာက္သြား ခဲ့ သည့္ မိန္းကေလး ငယ္

ေပ်ာက္ဆုံး ေနလ်က္ ရွိရာ ေလးရက္ေျမာက္ သည္ေန႔ အထိ ရွာေဖြေတြ႕ရွိျခင္း မရွိေသးေၾကာင္း ပရဟိတ နာေရး ကူညီမႈ အသင္း မွ ကိုဝင္းေဇာ္က ေျပာပါတယ္။ ေအာက္တိုဘာလ ၁၈ ရက္၊ ညေန ၄ နာရီ‌ေက်ာ္ အခ်ိန္ခန႔္က မက်ီးေပါက္ကုန္း ေက်းရြာအုပ္စု၊ ေက်ာက္ဖူး ေက်းရြာ တြင္ အသက္ ၄ ႏွစ္အရြယ္ မျပည့္ျပည့္ဇြန္ ႏွင့္ ကေလးငယ္ အေဖာ္မ်ား အျခား အိမ္ တစ္အိမ္ တြင္ အတူ တူတူပုန္းတမ္း ေဆာ့ကစား ေနရာမွ ေပ်ာက္ဆုံး ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ “ခုခ်ိန္ထိ ေတာ့ မေတြ႕ေသးပါဘူး၊

စခန္းမွာေတာ့ အမႈ ဖြင့္ထားတယ္၊ မိဘေတြနဲ႔ အတူ အားလုံးလဲ စိတ္ပူေနၾက ပါတယ္၊ ေပ်ာက္တာက ေလးညအိပ္ ငါးရက္ေျမာက္ၿပီ၊ ရွာေနၾကတာ ကေတာ့ ရဲေတြေကာ၊ ပရဟိတ လူမႈေရး အသင္းေတြ၊ ရြာခံေတြနဲ႔ အနီးအနား ပတ္ဝန္းက်င္က လူေတြေကာ ဆိုရင္ လူအင္အား ၃၀ဝ နီးပါးေလာက္ နဲ႔ ပိုက္စိပ္တိုက္ ရွာေနတာ မေတြ႕ေသးဘူး ဆိုေတာ့ ရာဇဝတ္မႈမ်ား ျဖစ္ေနမလားေပါ့၊ ကေလး ကိုေတာ့ အျမန္ျပန္ ေတြ႕ခ်င္ေနၾကတယ္”ဟု၎ကေျပာသည္။ ေက်ာက္ဖူးရြာ သည္ ေရႊေတာင္ က်ီးသဲလမ္းမ

က်ီးေပါက္ကုန္းရြာမွ တစ္ဆင့္ တစ္ရြာေက်ာ္လၽွင္ ေရာက္ရွိၿပီ။ အိမ္ေခ် ၃ဝခန ႔္ရွိသည္ ရြာငယ္ ေလးျဖစ္ေၾကာင္း၊ ကေလးငယ္ ေပ်ာက္ဆုံးေနမႈမွာ ညေနေစာင္း အခ်ိန္ ျဖစ္ျခင္းေၾကာင့္ နတ္ဖြက္ ထားနိုင္ သည္ဟု ယူဆကာ ေလာကီ အစီအမံ မ်ားျဖင့္ လည္း ရွာေဖြျခင္းမ်ား ျပဳလုပ္ ခဲ့ေၾကာင္းလည္း သိရသည္။ ယင္းသို႔ ျပဳလုပ္ရျခင္းမွာ အဆိုပါေဒသ၌ ယခင္ ကလည္း လူ တစ္ေယာက္ ႏွင့္ ေခြး တစ္ေကာင္ေပ်ာက္ ဆုံးခဲ့ဘူးျခင္း ရွိခဲ့ရာ သုံးရက္ေျမာက္ ေန႔တြင္ ျပန္လည္ ေတြ႕ရွိ ခဲ့ျခင္းေၾကာင့္ ျဖစ္ေၾကာင္း သိရသည္။

တူတူ ပုန်းတမ်း ဆော့ကစား ရာမှ ထူးဆန်း စွာ ပျောက်ခြင်း မလှ ပျောက်သွား ခဲ့ သည့် မိန်းကလေး ငယ်

ပျောက်ဆုံး နေလျက် ရှိရာ လေးရက်မြောက် သည်နေ့ အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း ပရဟိတ နာရေး ကူညီမှု အသင်း မှ ကိုဝင်းဇော်က ပြောပါတယ်။ အောက်တိုဘာလ ၁၈ ရက်၊ ညနေ ၄ နာရီ‌ကျော် အချိန်ခန့်က မကျီးပေါက်ကုန်း ကျေးရွာအုပ်စု၊ ကျောက်ဖူး ကျေးရွာ တွင် အသက် ၄ နှစ်အရွယ် မပြည့်ပြည့်ဇွန် နှင့် ကလေးငယ် အဖော်များ အခြား အိမ် တစ်အိမ် တွင် အတူ တူတူပုန်းတမ်း ဆော့ကစား နေရာမှ ပျောက်ဆုံး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ “ခုချိန်ထိ တော့ မတွေ့သေးပါဘူး၊

စခန်းမှာတော့ အမှု ဖွင့်ထားတယ်၊ မိဘတွေနဲ့ အတူ အားလုံးလဲ စိတ်ပူနေကြ ပါတယ်၊ ပျောက်တာက လေးညအိပ် ငါးရက်မြောက်ပြီ၊ ရှာနေကြတာ ကတော့ ရဲတွေကော၊ ပရဟိတ လူမှုရေး အသင်းတွေ၊ ရွာခံတွေနဲ့ အနီးအနား ပတ်ဝန်းကျင်က လူတွေကော ဆိုရင် လူအင်အား ၃ဝဝ နီးပါးလောက် နဲ့ ပိုက်စိပ်တိုက် ရှာနေတာ မတွေ့သေးဘူး ဆိုတော့ ရာဇဝတ်မှုများ ဖြစ်နေမလားပေါ့၊ ကလေး ကိုတော့ အမြန်ပြန် တွေ့ချင်နေကြတယ်”ဟု၎င်းကပြောသည်။ ကျောက်ဖူးရွာ သည် ရွှေတောင် ကျီးသဲလမ်းမ

ကျီးပေါက်ကုန်းရွာမှ တစ်ဆင့် တစ်ရွာကျော်လျှင် ရောက်ရှိပြီ။ အိမ်ချေ ၃ဝခန ့်ရှိသည် ရွာငယ် လေးဖြစ်ကြောင်း၊ ကလေးငယ် ပျောက်ဆုံးနေမှုမှာ ညနေစောင်း အချိန် ဖြစ်ခြင်းကြောင့် နတ်ဖွက် ထားနိုင် သည်ဟု ယူဆကာ လောကီ အစီအမံ များဖြင့် လည်း ရှာဖွေခြင်းများ ပြုလုပ် ခဲ့ကြောင်းလည်း သိရသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ အဆိုပါဒေသ၌ ယခင် ကလည်း လူ တစ်ယောက် နှင့် ခွေး တစ်ကောင်ပျောက် ဆုံးခဲ့ဘူးခြင်း ရှိခဲ့ရာ သုံးရက်မြောက် နေ့တွင် ပြန်လည် တွေ့ရှိ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

About the author

Ms Cele

Leave a Comment