Celebrity


Written by Ms Cele





Credit:Cele Gabar

တူလေး အတွက် ရေးသား ထားတဲ့စာ တစ်စောင်ကို ပရိသတ်တွေဆီ ပြန်လည် မျှဝေလာတဲ့ သုသု

ညီညီမောင် ကတော့ မြန်မာနိုင်ငံရဲ့ထိပ်တန်း မိတ်ကပ်ပညာရှင် တစ်ယောက်ဖြစ်သလို ပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုလည်း အပြည့်အဝ ရရှိထားသူတစ်ယောက်ပါ။ ကိုယ်တိုင်လည်း ပျော်ပျော်နေတတ် သလို ပရိသတ်အတွက်လည်း ပျော်စရာတွေ အမြဲဖန်တီးပေးတတ်သူ တစ်ယောက်ဖြစ်တာကြောင့် နောက်ပိုင်းမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာရတဲ့ အထိ ပရိသတ်အားပေးမှုရ လာခဲ့သူ ဖြစ်ပါတယ်။

လူမှုကွန်ရက်ပေါ် မှာလည်း နေ့စဉ်မရိုးနိုင်အောင် ပျော်စရာတွေ မျှဝေပေးနေသူ သုသုကတော့ ဒီနေ့မှာ မိသားစုကိစ္စတချို့ကို ရင်ဖွင့်ရင်း ပရဟိတလုပ် နေတဲ့ တူလေးအတွက် ရေးသားထားတဲ့ စာတစ်စောင်ကို မျှဝေလာပါတယ်။ တူလေး ဆီရေးတဲ့စာ…. အမေ တို့ ညီအမ နှစ်ယောက် က သားတယောက်စီမွေးတယ် တစ်ယောက်က ယောကျာ်း… တစ်ယောက်က gay…. အကို ဝမ်းကွဲ ဆိုပေမယ့် မောင်နှမအရင်းတွေလိုပါပဲ (အခုထိတော့မတည့်ဘူး) မတည့်တာမမေးနဲ့ အဖြေတွေက ရင်ထဲမှာ.. ယောင်းမ ဆရာမလုပ်ပြီးစာသင်တဲ့ငွေနဲ့ ကလေးနှစ်ယောက် သားကြီးက ရိုးရိုးအောင် ဆယ်တန်း,သမီးငယ်က (၄) ဘာသာ ဂုဏ်ထူးနဲ့ ဆယ်တန်းဒီနှစ်အောင် ကျေးဇူးအထူးတင် ပါတယ် မရှိမဲ့ ရှိမဲ့ အမျိုးလေးကို လူ ပီသအောင်ပျိုးထောင်ပေးလို့ … ဒါ က အကို သား ကျမ တူ လူပီသ တဲ့ ကလေး… ကိုယ်ကျန်းမာစိတ်ချမ်းသာ ရောဂါဘယကင်းဝေး ပြီး မိဘကျေးဇူးသိကာ ပြန်လည်ပေးဆပ်နိုင်ပါစေ… ကိုဗစ်ကြီး လည်း အမြန်အဆုံးသတ်ပါစေ…. သူအဘွားဒေါ်ဦး ,ကျမ အမေ မဌေး(အဖွားလေး)နဲ့ အဘိုး ငွေ ရှိရင်ပြုံးပြုံးနဲ့နေမှာ…. ကလေးပြုတဲ့ လူမှူရေးလုပ်အားဒါန ကုသိုလ် အကုန်ရရှိကျပါစေနော် ဆိုတဲ့ စာသားလေးနဲ့အတူ တူလေးရဲ့ ပုံလေးကို မျှဝေပေးခဲ့ပါတယ်။

လူတကာဝေဖန်တဲ့ မိန်းမလျာ တစ်ယောက်ဖြစ် ပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးခဲ့သလို မိန်းမလျာ တွေက မိသားစုကို ပိုချစ်တတ်ကြပြီး ပိုတောင် ထောက်ပံ့ ပေးနိုင်ကြပါ သေးတယ်လို့ အမြဲပြောလေ့ရှိတဲ့ သုသု ကတော့ မိသားစုကို အရမ်း သံယောဇဉ်ကြီးသူ တစ်ယောက်ဖြစ်သလို ဒီနေ့မှာလည်း လိမ္မာရေးခြား ရှိတဲ့ တူလေးအကြောင်း စာတစ်စောင်ရေးရင်း ငိုချမိပါသေး တယ်တဲ့ ပရိသတ်ကြီးရေ။ သူ့လိုပဲ အများအကျိုး သယ်ပိုးတတ်တဲ့ မွန်မြတ်တဲ့စိတ်ထားနဲ ့တူလေးအတွက် သုသုကတော့ ကြည်နူးဝမ်းသာစွာ မျက်ရည်ကျ ခဲ့မိတယ် ထင်ပါတယ်နော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment