Celebrity


Written by Ms Cele





Credit

တယောက်‌ပြီးတယောက်ကျဆုံးတာကို ဖုန်းလေးပွတ်ပြီး ထိုင်ငိုရင်းကြည့်နေရတဲ့ဘဝကြီးကို မုန်းတယ်ဆိုတဲ့ ဘေဘီမောင်

ပရိသတ်ကြီးရေ.. လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေတိုင်း ဝမ်းနည်းနာကျင်မှုတွေနဲ့ အမျိုးမျိုးရင်ဆိုင် ခံစားနေကြရသလို အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောဘေဘီမောင်ကလည်း အားလုံးနဲ့ထပ်တူ ခံစားနေရတာတွေကို ရင်ဖွင့်လာပါတယ်.တော်လှန်ရေးတိုက်ပွဲကြီးမှာ ပြည်သူတွေနဲ့အတူလူထု လှုပ်ရှားမှုတွေမှာပါဝင်ပြီး အလှူတွေလည်းမကြာခဏ ဆိုသလိုပြုလုပ်နေတဲ့ သူမကတော့ အခုလိုအချိန်မှာ တတ်နိုင်သလောက် လိုအပ်တာတွေ ထောက်ပံ့နေတဲ့အပြင် ဘုရားရှိခိုးဆုတောင်းပေးနေတဲ့အကြောင်းလေးတွေကို ပြောပြထားတာပါ.

အခုတစ်ခါမှာလည်း ပြည်သူတွေ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးတာကိုကြည့်ပြီး ငိုနေရတဲ့ သူမရဲ့အရေးမပါတဲ့ ဘဝကြီးကိုမုန်းတယ် ဆိုကာ ဝမ်းနည်းယူကြုံးမရစွာနဲ့ ပရိသတ်တွေကို ရင်ဖွင့်ပြောပြလာတာ ဖြစ်ပါတယ်.ကိုယ့်ကိုယ်ကို Guilty ဖြစ်လာတယ်..တယောက်‌ပြီးတယောက်ကျဆုံးတာကိုဖုန်းလေးပွတ်ပြီးထိုင်ငိုရင်းကြည့်နေရတဲ့ကိုယ့်ရဲ့အရေးမပါတဲ့ဘဝကြီးကိုမုန်းတယ်..😭လှူတာနဲ့ လိုအပ်မယ့်နေရာတွေ ထောက်ပံ့ပေးယုံအပြင်ခုချိန်မှာ ဘုရားရှိခိုးပြီး အန္တရာယ်ကင်းအောင်ပဲဆုတောင်းနေရတယ်🙏🏻😢..” ဆိုပြီး စိတ်မကောင်းစွာ ပြောပြထားတာပါ.

အလှူအတန်းတွေကို ဆက်တိုက် လုပ်ဆောင်ကာ တော်လှန်ရေးတိုက်ပွဲကြီးမှာ တတ်နိုင်တဲ့ အင်အားလေးနဲ့ တစ်ဖက်တစ်လမ်းကနေ ပြည်သူတွေ နဲ့အတူ ပါဝင်နေတဲ့ ဘေဘီမောင်ကတော့ သူမရဲ့အလှူ ပုံရိပ်လေးတွေကိုလည်း ဝေမျှထားပါသေးတယ်.လှူနေရရင် ပိတီဖြစ်နေသော🙏🏻🙏🏻🙏🏻❤️👸🏻..” ဆိုပြီးတော့လည်း ပြည်သူတွေအတွက် ကိုယ်တိုင်သွားလှူမယ့် သူမရဲ့ပုံရိပ်လေး တွေကိုလည်း ဘေဘီလေးက ပရိသတ်တွေကို ဝေမျှထားပြီး ပရိသတ်တွေကလည်း အလှူလေးကို သာဓုခေါ်ဆုတောင်း ပေးထားကြတာ တွေ့ရပါတယ်.

Credit

About the author

Ms Cele

Leave a Comment