Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Aye Thaung

တံခွန်တိုင်မီးဘေးသင့် အိမ်ထောင်စု (၁၅၁)စာအတွက်လိုအပ်တဲ့ ပစ္စည်းများနဲ့ အလှူငွေများကိုယ်တိုင်သွားရောက် လှူဒါန်းပေးခဲ့တဲ့ မအေးသောင်း

ပြည်သူတွေကတော့ ခုဆိုရင် အခက်အခဲတွေ အပစ်အခတ်တွေ များစွာကြုံနေရပေမယ့်လည်း ယုံကြည်ချက်အမှန်တရား တစ်ခုတည်း ကိုသာစွဲကိုင်ပြီး စိတ်ခွန်အားအပြည့်နဲ့ နွေဦးတော်လှန်ရေးကို ဆက်လက် ဆင်နွှဲလျက်ရှိနေပါတယ်။ အနုပညာတွေ များစွာကလည်း ရဲရဲဝင့်ဝင့်နဲ့ အမှန်တရားဘက်က ရပ်တည်နေကြပြီး ပြည်သူတွေရဲ့ အခက်အခဲတွေ ကိုလည်း တတ်နိုင်သလောက်ကူညီဖြေရှင်းပေးနေကြတာပါ။

ဒီလိုအနုပညာရှင်တွေထဲမှာ မင်းသမီးမအေးသောင်းကလည်း ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။လမ်းပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကို အင်တိုက်အားတိုက်ထုတ်ဖော်ကာ ရရာနေရာကနေ အားတက်သရော ပါဝင်ကူညီအားဖြည့်ခဲ့သူတစ်ယောက်ပါ။

ဒါ့အပြင် ဒီလိုကာလမှာ အခက်အခဲဖြစ်နေတဲ့ မိသားစုတွေကိုလည်း အစားအသောက်များ ကိုယ်တိုင် လှူဒါန်းခဲ့တာလည်းဖြစ်ပါတယ်။အခုလည်း မီးဘေးသင့် အိမ်ထောင်စု (၁၅၁) စာအတွက် မိတ်ဆွေတွေနဲ့စုပေါင်းကာ လိုအပ်တဲ့ ပစ္စည်းများနဲ့ အလှူငွေများ လှူဒါန်းခဲ့ကြောင်းခုလိုရေးသားဖော်ပြ လာတာဖြစ်ပါတယ်။”တံခွန်တိုင်မီးဘေးအတွက် အိမ်ထောင်စု ၁၅၁ စုအတွက် အိုး ခွက် ပန်းကန် ဇလုံ ရေခွက် ဇွန်း ပန်ကန်ပြား များလှူဒါန်ခဲ့ပြီး အိမ်ထောင်စုတစ်စု ၇ သောင်း ၅ ထောင် ကျပ်အား ကိုမျိုကြီး(ပန်းပျိုးသူ) မှမောင်နှမများနှင့်အတူ ကူညီလှူဒါန်းခဲ့ပါတယ်ရှင့်။ 🙏🙏🙏ပါဝင်လှူဒါန်းပေးသောအလှူရှင်တစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ သာဓု သာဓု သာဓပါ 🙏🙏🙏🙏”ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Aye Thaung

About the author

Ms Cele

Leave a Comment