International News

တ႐ုတ္ ျပည္မွာ လူ (၉) ဦး ကိုဗစ္ ကူးစက္ မႈ အသစ္ ထပ္ေတြ႕သျဖင့္ လူ (၉) သန္း ကို စစ္ေဆး မည္

Written by Ms Cele

တ႐ုတ္ ျပည္မွာ လူ (၉) ဦး ကိုဗစ္ ကူးစက္ မႈ အသစ္ ထပ္ေတြ႕သျဖင့္ လူ (၉) သန္း ကို စစ္ေဆး မည္

တ႐ုတ္ နိုင္ငံ အေရွ႕ဘက္ကမ္းေျခၿမိဳ႕ Qingdao က်င္းေတာင္ မွာ ကိုဗစ္-၁၉ ကူးစက္သူ ၉ ဦး ေတြ႕ရွိ ၿပီးေနာက္ လူေပါင္း ၉ သန္းကို ေရာဂါပိုးစစ္ေဆး မယ္လို႔ အာဏာပိုင္ေတြက ေၾကညာလိုက္ပါတယ္။ တ႐ုတ္နိုင္ငံထဲ ဗိုင္းရပ္စ္ ကူးစက္မႈ အသစ္မ‌ေတြ႕ေၾကာင္း ႏွစ္လဆက္တိုက္ ေၾကညာခဲ့ ၿပီးေနာက္ အခု တခါ ျပန္ေတြ႕လာတာပါ။

တ႐ုတ္အာဏာပိုင္ေတြက ခရီးသြားလာမႈနဲ႔ စီးပြားေရးလုပ္ငန္းေတြ အေပၚ ထိန္းခ်ဳပ္ထားမႈကို ဖယ္ရွားလိုက္ၿပီျဖစ္ေပမဲ့ အမ်ားျပည္သူ အေဆာက္အဦေတြမွာ ခရီးသြားေတြကို ေရာဂါကူးစက္တဲ့ လကၡဏာ ရွိ မရွိ ေစာင့္ၾကည့္ေနပါတယ္။

က်င္းေတာင္ ရင္ေခါင္း‌ေရာဂါ အထူးကု ေဆး႐ုံႀကီးမွာ လူနာရွစ္ဦးနဲ႔ မိသားစုဝင္တဦးတို႔ကို ေရာဂါစစ္ေဆးေနတယ္လို႔ က်န္းမာေရး ေကာ္မရွင္က ေၾကညာပါတယ္။ “တၿမိဳ႕လုံးကို ငါးရက္အတြင္း စစ္ေဆးသြားမယ္” လို႔ ဆိုရွယ္မီဒီယာမွာ ေၾကညာသြားပါတယ္။

တ႐ုတ္နိုင္ငံမွာ မႏွစ္ ဒီဇင္ဘာမွာ ကိုဗစ္-၁၉ စတင္ျဖစ္ပြားၿပီး ေနာက္ ကူးစက္သူ ၈၅,၅၇၈ ဦး၊ ေသဆုံးသူ ၄,၆၃၄ ဦး ရွိခဲ့ၿပီးမွ အခု ကိုဗစ္ ကူးစက္သူ ၉ ဦး တိုးလာတာပါ။

ဒီ့အရင္ ေနာက္ဆုံး ေတြ႕ရွိခဲ့တာကေတာ့ ၿပီးခဲ့တဲ့ ၾသဂုတ္ တ႐ုတ္နိုင္ငံ အေနာက္‌ေျမာက္ဘက္က ဝိဂါလူမ်ိဳး အမ်ားစု ေနထိုင္ရာ ရွင္က်န္းေဒသ ၿမိဳ႕ေတာ္ Urumqi အူရြန္ခ်ီမွာပါ။ ကူးစက္ လူနာ ေလးဦး ေတြ႕ရွိခဲ့တယ္လို႔ ဆိုပါတယ္။ ေရာဂါကူးစက္မႈ အားလုံးဟာ ျပည္မႀကီးရဲ့ အျပင္ဘက္မွာလို႔ ဆိုၿပီး ဝူဟန္ အပါအဝင္ ကူးစက္မႈ ေတြ႕ရွိတဲ့ ‌ ေဒသေတြက လူေပါင္း သန္း ၆၀ ကို ျပည္မႀကီးထဲ ဝင္ခြင့္ကို ဧၿပီကစၿပီး ျဖတ္ေတာက္ ခဲ့ပါတယ္။

အခု ကိုဗစ္ ကူးစက္မႈ ေတြ႕ရွိတဲ့ က်င္းေတာင္ Qingdao ပင္လယ္ ဆိပ္ကမ္းၿမိဳ႕ဟာ အိမ္သုံး လၽွပ္စစ္ပစၥည္း ကုမၸဏီ Haier လို ကုမၸဏီအမ်ားအျပား ႐ုံးစိုက္ရာျဖစ္ၿပီး နာမည္ႀကီး Tsingtao က်င္းေတာင္ ဘီယာ ထုတ္လုပ္ရာ‌ ေဒသလဲ ျဖစ္ပါတယ္။

လက္ရွိျပဌာန္းခ်က္အရ တ႐ုတ္နိုင္ငံထဲ ဝင္ေရာက္သူတိုင္း ကြာရန္တင္း တဦးတည္း သီးျခား ၁၄ ရက္ ေနထိုင္ရမွာပါျဖစ္ပါတယ္။

တရုတ် ပြည်မှာ လူ (၉) ဦး ကိုဗစ် ကူးစက် မှု အသစ် ထပ်တွေ့သဖြင့် လူ (၉) သန်း ကို စစ်ဆေး မည်

တရုတ် နိုင်ငံ အရှေ့ဘက်ကမ်းခြေမြို့ Qingdao ကျင်းတောင် မှာ ကိုဗစ်-၁၉ ကူးစက်သူ ၉ ဦး တွေ့ရှိ ပြီးနောက် လူပေါင်း ၉ သန်းကို ရောဂါပိုးစစ်ဆေး မယ်လို့ အာဏာပိုင်တွေက ကြေညာလိုက်ပါတယ်။ တရုတ်နိုင်ငံထဲ ဗိုင်းရပ်စ် ကူးစက်မှု အသစ်မ‌တွေ့ကြောင်း နှစ်လဆက်တိုက် ကြေညာခဲ့ ပြီးနောက် အခု တခါ ပြန်တွေ့လာတာပါ။

တရုတ်အာဏာပိုင်တွေက ခရီးသွားလာမှုနဲ့ စီးပွားရေးလုပ်ငန်းတွေ အပေါ် ထိန်းချုပ်ထားမှုကို ဖယ်ရှားလိုက်ပြီဖြစ်ပေမဲ့ အများပြည်သူ အဆောက်အဦတွေမှာ ခရီးသွားတွေကို ရောဂါကူးစက်တဲ့ လက္ခဏာ ရှိ မရှိ စောင့်ကြည့်နေပါတယ်။

ကျင်းတောင် ရင်ခေါင်း‌ရောဂါ အထူးကု ဆေးရုံကြီးမှာ လူနာရှစ်ဦးနဲ့ မိသားစုဝင်တဦးတို့ကို ရောဂါစစ်ဆေးနေတယ်လို့ ကျန်းမာရေး ကော်မရှင်က ကြေညာပါတယ်။ “တမြို့လုံးကို ငါးရက်အတွင်း စစ်ဆေးသွားမယ်” လို့ ဆိုရှယ်မီဒီယာမှာ ကြေညာသွားပါတယ်။

တရုတ်နိုင်ငံမှာ မနှစ် ဒီဇင်ဘာမှာ ကိုဗစ်-၁၉ စတင်ဖြစ်ပွားပြီး နောက် ကူးစက်သူ ၈၅,၅၇၈ ဦး၊ သေဆုံးသူ ၄,၆၃၄ ဦး ရှိခဲ့ပြီးမှ အခု ကိုဗစ် ကူးစက်သူ ၉ ဦး တိုးလာတာပါ။

ဒီ့အရင် နောက်ဆုံး တွေ့ရှိခဲ့တာကတော့ ပြီးခဲ့တဲ့ သြဂုတ် တရုတ်နိုင်ငံ အနောက်‌မြောက်ဘက်က ဝိဂါလူမျိုး အများစု နေထိုင်ရာ ရှင်ကျန်းဒေသ မြို့တော် Urumqi အူရွန်ချီမှာပါ။ ကူးစက် လူနာ လေးဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ရောဂါကူးစက်မှု အားလုံးဟာ ပြည်မကြီးရဲ့ အပြင်ဘက်မှာလို့ ဆိုပြီး ဝူဟန် အပါအဝင် ကူးစက်မှု တွေ့ရှိတဲ့ ‌ ဒေသတွေက လူပေါင်း သန်း ၆၀ ကို ပြည်မကြီးထဲ ဝင်ခွင့်ကို ဧပြီကစပြီး ဖြတ်တောက် ခဲ့ပါတယ်။

အခု ကိုဗစ် ကူးစက်မှု တွေ့ရှိတဲ့ ကျင်းတောင် Qingdao ပင်လယ် ဆိပ်ကမ်းမြို့ဟာ အိမ်သုံး လျှပ်စစ်ပစ္စည်း ကုမ္ပဏီ Haier လို ကုမ္ပဏီအများအပြား ရုံးစိုက်ရာဖြစ်ပြီး နာမည်ကြီး Tsingtao ကျင်းတောင် ဘီယာ ထုတ်လုပ်ရာ‌ ဒေသလဲ ဖြစ်ပါတယ်။

လက်ရှိပြဌာန်းချက်အရ တရုတ်နိုင်ငံထဲ ဝင်ရောက်သူတိုင်း ကွာရန်တင်း တဦးတည်း သီးခြား ၁၄ ရက် နေထိုင်ရမှာပါဖြစ်ပါတယ်။

About the author

Ms Cele

Leave a Comment