Celebrity

ထက္ထက္မိုးဦးရဲ႕ စိတ္ထားျဖဴစင္ၿပီး မ်ိဳးဆက္သစ္ လူငယ္ေတြ အေပၚကိုလည္း ပညာေတြ သင္ေပးတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ အုပ္စိုးခန့္

Written by Ms Cele

ထက္ထက္မိုးဦးရဲ႕ စိတ္ထားျဖဴစင္ၿပီး မ်ိဳးဆက္သစ္ လူငယ္ေတြ အေပၚကိုလည္း ပညာေတြ သင္ေပးတဲ့ အေၾကာင္းကို ေျပာျပလာတဲ့ အုပ္စိုးခန့္

ေခ်ာေမာ ေျပျပစ္တဲ့ ရုပ္ရည္အျပင္ ခ်စ္စရာေကာင္း တဲ့ အၿပံဳးနဲ႔ ခ်ိဳသာတဲ့ အသံေလးကို ပိုင္ဆိုင္ ထားတဲ့ အဆိုေတာ္ အုပ္စိုးခန္႔ ကေတာ့ အမိုက္စားသီခ်င္းေတြ ကိုလည္း အထာက်က် သီဆိုေလ့ရိွတာေၾကာင့္ ႏႈတ္ခမ္းနီမေလး ေတြရဲ့ႏွလံုးသားကို ပိုင္ဆိုင္ထား သူေလးပဲ ျဖစ္ပါတယ္။ ေနာက္ပိုင္း မွာေတာ့ အုပ္စိုးခန့္က သရုပ္ေဆာင္ တစ္ေယာက္အျဖစ္လည္း ျပဳလုပ္လာခဲ့ျပီး “အိပ္မက္ေတြ မိုးထားတဲ့အိမ္” ဇာတ္လမ္းတြဲ မွာလည္း ေနျခည္ဦး၊ မိုရီဆာကီဝင္းတို့နဲ့ အတူတူ အတြဲညီညီ ပါဝင္သရုပ္ေဆာင္ ခဲ့ပါေသးတယ္။ အသက္ (၁၈) နွစ္စြန္းစြန္းသာ ရိွေသးတဲ့ အုပ္စိုးခန့္ကေတာ့ သူ့ရဲ့ၾကိဳးစားမႈေၾကာင့္ တစ္နုိင္ငံလံုး အတုိင္းအတာနဲ့ ေအာင္ျမင္မႈရရိွေနျပီပဲ ျဖစ္ပါတယ္။

အလုပ္ေတြ ဆက္တုိက္ၾကိဳးစားေနတဲ့ အုပ္စိုးခန့္က ဒီတစ္ခါမွာလည္း နုိင္ငံေက်ာ္ အကယ္ဒမီ ထက္ထက္မိုးဦးနဲ့ အတူတူ နာမည္ၾကီးကား အမွတ္တံဆိပ္ကို အြန္လိုင္းကေန ေရာင္းခ်ေပးခဲ့တာပဲ ျဖစ္ပါတယ္။ အုပ္စိုးခန့္ ကေတာ့ ထက္ထက္မိုးဦးနဲ့ ပထမဦးဆံုး အၾကိမ္ ဆံုေတြ့စဥ္မွာပဲ သင္ယူစရာေတြရရိွခဲ့ေၾကာင္းကို “အျပင္မွာအရမ္းခ်စ္ ဖို႔ေကာင္းတဲ့ မထက္ ! ပညာေတြမ်ားႀကီး သင္ေပးတယ္။ ျပီးေတာ့ မ်ားႀကီး လဲ ဆုံးမစကားေတြေျပာသြားတယ္🙏🏻💞 Cutestttt 💞💞💞💞💞” ဆိုျပီး ထက္ထက္မိုးဦးအေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။

ထက္ထက္မိုးဦး ကေတာ့ တစ္ခါမွမျမင္ဖူး၊ မဆံုဖူးေပမယ့္ အနုပညာမ်ိဳးဆက္သစ္ေတြအေပၚကိုလည္း ပညာေတြသင္ေပး၊ ဆံုးမစကားေတြေျပာေပးတာ တကယ့္ကို ေလးစားစရာ အခ်က္တစ္ခ်က္ပါပဲ။ အုပ္စိုးခန့္ကလည္း ထက္ထက္မိုးဦး လို အနုပညာရွင္ၾကီးနဲ့ ဆံုေတြ့ရလို့ အဖိုးမျဖတ္နိုင္တဲ့ ပညာေတြ ရရိွမွာ အေသအခ်ာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ထက်ထက်မိုးဦးရဲ့ စိတ်ထားဖြူစင်ပြီး မျိုးဆက်သစ် လူငယ်တွေ အပေါ်ကိုလည်း ပညာတွေ သင်ပေးတဲ့ အကြောင်းကို ပြောပြလာတဲ့ အုပ်စိုးခန့်

ချောမော ပြေပြစ်တဲ့ ရုပ်ရည်အပြင် ချစ်စရာကောင်း တဲ့ အပြုံးနဲ့ ချိုသာတဲ့ အသံလေးကို ပိုင်ဆိုင် ထားတဲ့ အဆိုတော် အုပ်စိုးခန့် ကတော့ အမိုက်စားသီချင်းတွေ ကိုလည်း အထာကျကျ သီဆိုလေ့ရှိတာကြောင့် နှုတ်ခမ်းနီမလေး တွေရဲ့နှလုံးသားကို ပိုင်ဆိုင်ထား သူလေးပဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ အုပ်စိုးခန့်က သရုပ်ဆောင် တစ်ယောက်အဖြစ်လည်း ပြုလုပ်လာခဲ့ပြီး “အိပ်မက်တွေ မိုးထားတဲ့အိမ်” ဇာတ်လမ်းတွဲ မှာလည်း နေခြည်ဦး၊ မိုရီဆာကီဝင်းတို့နဲ့ အတူတူ အတွဲညီညီ ပါဝင်သရုပ်ဆောင် ခဲ့ပါသေးတယ်။ အသက် (၁၈) နှစ်စွန်းစွန်းသာ ရှိသေးတဲ့ အုပ်စိုးခန့်ကတော့ သူ့ရဲ့ကြိုးစားမှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အောင်မြင်မှုရရှိနေပြီပဲ ဖြစ်ပါတယ်။

အလုပ်တွေ ဆက်တိုက်ကြိုးစားနေတဲ့ အုပ်စိုးခန့်က ဒီတစ်ခါမှာလည်း နိုင်ငံကျော် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ အတူတူ နာမည်ကြီးကား အမှတ်တံဆိပ်ကို အွန်လိုင်းကနေ ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ အုပ်စိုးခန့် ကတော့ ထက်ထက်မိုးဦးနဲ့ ပထမဦးဆုံး အကြိမ် ဆုံတွေ့စဉ်မှာပဲ သင်ယူစရာတွေရရှိခဲ့ကြောင်းကို “အပြင်မှာအရမ်းချစ် ဖို့ကောင်းတဲ့ မထက် ! ပညာတွေများကြီး သင်ပေးတယ်။ ပြီးတော့ များကြီး လဲ ဆုံးမစကားတွေပြောသွားတယ်🙏🏻💞 Cutestttt 💞💞💞💞💞” ဆိုပြီး ထက်ထက်မိုးဦးအကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦး ကတော့ တစ်ခါမှမမြင်ဖူး၊ မဆုံဖူးပေမယ့် အနုပညာမျိုးဆက်သစ်တွေအပေါ်ကိုလည်း ပညာတွေသင်ပေး၊ ဆုံးမစကားတွေပြောပေးတာ တကယ့်ကို လေးစားစရာ အချက်တစ်ချက်ပါပဲ။ အုပ်စိုးခန့်ကလည်း ထက်ထက်မိုးဦး လို အနုပညာရှင်ကြီးနဲ့ ဆုံတွေ့ရလို့ အဖိုးမဖြတ်နိုင်တဲ့ ပညာတွေ ရရှိမှာ အသေအချာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment