Celebrity

ထက္ထက္မိုးဦးေရာင္းတဲ့ Liveကေန ခ်စ္သူေလးအတြက္ ေဈးႀကီးလြန္းတဲ့ နာရီဝယ္ေပးလိုက္တဲ့ ေဇရဲထက္

Written by Ms Cele

ထက္ထက္မိုးဦးေရာင္းတဲ့ Liveကေန ခ်စ္သူေလးအတြက္ ေဈးႀကီးလြန္းတဲ့ နာရီဝယ္ေပးလိုက္တဲ့ ေဇရဲထက္

ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ေဇရဲထက္ ကေတာ့ အႏုပညာ အလုပ္ေတြနဲ႔ အလွမ္းေဝးေနေပမယ့္ ပရိသတ္အားေပးမႈ ကိုေတာ့ ယေန႔တိုင္ ရရွိ ေနတဲ့ သူပါ။ ေဇရဲထက္က ခန႔္ညား လွပတဲ့ မ်က္ႏွာေလးနဲ႔ ေယာက်ာ္းပီသတဲ့ကိုယ္ခႏၶာ အခ်ိဳးအစားေတြေၾကာင့္ ႏႈတ္ခမ္းနီမေလး ေတြရဲ့အသည္းေက်ာ္မင္းသား တစ္လက္ျဖစ္ၿပီး ဗီဒီယိုေခတ္မွာေအာင္ျမင္ေက်ာ္ၾကားလူႀကိဳက္မ်ားခဲ့တဲ့ သူပါေနာ္။

ယခုလက္ရွိ အခ်ိန္ မွာေတာ့ ေဇရဲထက္က မိသားစုနဲ႔အတူေန႔ရက္ တိုင္းကို ေပ်ာ္ရႊင္စြာ ျဖတ္သန္း ေနတာျဖစ္ၿပီး ေန႔စဥ္လႈပ္ရွားမႈ ပုံရိပ္ေလး ေတြကို လူမႈကြန္ယက္ စာမ်က္ႏွာထက္ မွာ ေဝမၽွေပးေလ့ရွိတဲ့ သူျဖစ္လို႔ ပရိသတ္ ေတြက ေစာင့္ၾကည့္အားေပးေနၾကတာပဲ ျဖစ္ပါတယ္။ ယေန႔မွာေတာ့ ေဇရဲထက္က သူရဲ့ ခ်စ္သူေလးအတြက္ မင္းသမီးႀကီး ထက္ထက္မိုးဦး ေရာင္းခ်တဲ့ Live salesေလးမွာ သိန္းေပါင္းမ်ားစြာ တန္ဖိုးရွိတဲ့ နာရီတစ္လုံးဝယ္ယူ အားေပးခဲ့ေၾကာင္း လူမႈကြန္ယက္ စာမ်က္ႏွာထက္ မွာ ေရးသားမၽွေဝလာတာပါ။

မထက္ေရာင္းခ်တဲ့ နာရီလွလွေလး နဲ႔အတူ ” မႀကီးကိုခ်စ္လို႔ အားေပးလိုက္ၿပီ ကိုယ့္မွာရွိၿပီး သားကို ဆင္တူေလးပတ္ေစခ်င္လို႔ ဒီႏွစ္ကိုယ့္ကိုကိုယ္ဝတ္မယ့္အစား ခ်စ္သူ ေလးကိုဝယ္ေပးလိုက္ၿပီ(သိန္း ၁၀၀ေက်ာ္တန္ကို ဝယ္ေပးတယ္ေနာ္ တန္ဖိုးထားလို႔) ” ဆိုတဲ့ စာသားေလး ကိုလည္း ေရးသားထား ပါေသးတယ္။ကဲ…ခ်စ္ပရိသတ္ေတြကလည္း မင္းသား ေခ်ာေဇရဲထက္ရဲ့ ခ်စ္သူေလး အေပၚ ဂ႐ုစိုက္ၾကင္နာမႈ ေတြကို ၾကည့္ရႈၿပီး Comments မွာ တစ္ခုခုေရး သားခဲ့ပါအုန္းေနာ္……။

Credit:Han Nyein Oo

ထက်ထက်မိုးဦးရောင်းတဲ့ Liveကနေ ချစ်သူလေးအတွက် ဈေးကြီးလွန်းတဲ့ နာရီဝယ်ပေးလိုက်တဲ့ ဇေရဲထက်

ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ဇေရဲထက် ကတော့ အနုပညာ အလုပ်တွေနဲ့ အလှမ်းဝေးနေပေမယ့် ပရိသတ်အားပေးမှု ကိုတော့ ယနေ့တိုင် ရရှိ နေတဲ့ သူပါ။ ဇေရဲထက်က ခန့်ညား လှပတဲ့ မျက်နှာလေးနဲ့ ယောကျာ်းပီသတဲ့ကိုယ်ခန္ဓာ အချိုးအစားတွေကြောင့် နှုတ်ခမ်းနီမလေး တွေရဲ့အသည်းကျော်မင်းသား တစ်လက်ဖြစ်ပြီး ဗီဒီယိုခေတ်မှာအောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ သူပါနော်။

ယခုလက်ရှိ အချိန် မှာတော့ ဇေရဲထက်က မိသားစုနဲ့အတူနေ့ရက် တိုင်းကို ပျော်ရွှင်စွာ ဖြတ်သန်း နေတာဖြစ်ပြီး နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေး တွေကို လူမှုကွန်ယက် စာမျက်နှာထက် မှာ ဝေမျှပေးလေ့ရှိတဲ့ သူဖြစ်လို့ ပရိသတ် တွေက စောင့်ကြည့်အားပေးနေကြတာပဲ ဖြစ်ပါတယ်။ ယနေ့မှာတော့ ဇေရဲထက်က သူရဲ့ ချစ်သူလေးအတွက် မင်းသမီးကြီး ထက်ထက်မိုးဦး ရောင်းချတဲ့ Live salesလေးမှာ သိန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ နာရီတစ်လုံးဝယ်ယူ အားပေးခဲ့ကြောင်း လူမှုကွန်ယက် စာမျက်နှာထက် မှာ ရေးသားမျှဝေလာတာပါ။

မထက်ရောင်းချတဲ့ နာရီလှလှလေး နဲ့အတူ ” မကြီးကိုချစ်လို့ အားပေးလိုက်ပြီ ကိုယ့်မှာရှိပြီး သားကို ဆင်တူလေးပတ်စေချင်လို့ ဒီနှစ်ကိုယ့်ကိုကိုယ်ဝတ်မယ့်အစား ချစ်သူ လေးကိုဝယ်ပေးလိုက်ပြီ(သိန်း ၁ဝဝကျော်တန်ကို ဝယ်ပေးတယ်နော် တန်ဖိုးထားလို့) ” ဆိုတဲ့ စာသားလေး ကိုလည်း ရေးသားထား ပါသေးတယ်။ကဲ…ချစ်ပရိသတ်တွေကလည်း မင်းသား ချောဇေရဲထက်ရဲ့ ချစ်သူလေး အပေါ် ဂရုစိုက်ကြင်နာမှု တွေကို ကြည့်ရှုပြီး Comments မှာ တစ်ခုခုရေး သားခဲ့ပါအုန်းနော်……။

Credit:Han Nyein Oo

About the author

Ms Cele

Leave a Comment