Celebrity
Written by Ms Cele
Crd
ထက်ထက်မိုးဦး Liveလွှင့် ရောင်းချ တဲ့ ဒေါင်းပုံစံ လတ်ဝတ် ရတနာကို သိန်း ၃၀၀ ကျော် နဲ့ လေလံ အောင်မြင် ခဲ့တဲ့ စမိုင်းလ်
စမိုင်းလ် ကတော့ အများက အားကျရတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထား ရုံသာမက အလှူအတန်း များကို အမြဲတမ်းပြုလုပ်နေတဲ့အထိလည်း ကြွယ်ဝ ချမ်းသာသူပါ။ ထက်ထက်မိုးဦး Live လွှင့်ကာ ရောင်းချတဲ့ လက်ဝတ်ရတနာ များကို အမြဲလိုလို ကြည့်ရှုကာ ဝယ်ယူ အားပေးလေ့ ရှိသူလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ လေလံအလှူ ရောင်းချပွဲလေးတခုကို SP Gems က ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ လေလံပစ္စည်း လေးကတော့ ဒေါင်းပုံစံရှိတဲ့ လက်ဝတ် ရတနာလေးကို ရောင်းချခဲ့တာပါ။ လေလံ ရောင်းချပွဲမှ ရရှိလာတဲ့ ငွေကြေးများအားလုံး ကိုလည်း ကိုဗစ်ကာကွယ်ရေး ဌာနများကို လှူဒါန်းသွားမယ် လို့လည်း သိရပါတယ်။
အဆိုပါ လေလံ ရောင်းချ ပွဲကိုတော့ ကြော်ညာမင်းသမီးကြီး ထက်ထက်မိုးဦးက Live လွှင့်ကာ ရောင်းချပေး ခဲ့တာ ဖြစ်ပါတယ်။ ကြမ်းခင်းစျေး ၈၈ သိန်းမှ စကာ အပြိုင်အဆိုင် လေလံဆွဲပြီးနောက် မှာတော့ သိန်း ၃၁၀ နဲ့ စမိုင်းလ်မှ လေလံအောင်မြင် ခဲ့တာ ဖြစ်ပါတယ်။
အခုဖော်ပြပေးခဲ့တာ ကတော့ လေလံ အောင်မြင်ခဲ့တဲ့ စမိုင်းလ်ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်တွေ အားလုံးကို အထူးပဲ ကျေးဇူးတင် ရှိပါတယ်။
Crd
About the author
Ms Cele
Leave a Comment