Celebrity


Written by Ms Cele





Credit:Swelsone News

ထက်ထက်မိုးဦးနဲ့အတူ ကြော်ငြာ တစ်ခုမှာ တွဲဖက် သရုပ်ဆောင်ကြတဲ့ နေတိုးနဲ့မြင့်မြတ်

နိုင်ငံကျော် ထိပ်တန်း မင်းသားနှစ်ယောက် ဖြစ်တဲ့ နေတိုးနဲ့ မြင့်မြတ်ကတော့ အနုပညာလောက မှာ အောင်မြင်မှုတွေ များစွာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားတာ ဖြစ်ပါတယ်။ နေတိုးနဲ့ မြင့်မြတ်တို့က အကယ်ဒမီဆု တွေကိုယ်စီကိုလည်း ရရှိပိုင်ဆိုင်ထားကြပြီး ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေမှာလည်း မကြာခဏဆိုသလို ဆုံကြတဲ့ ညီအစ်ကိုတွေပဲ ဖြစ်ပါတယ်။ မြင့်မြတ် ကတော့ အိမ်ထောင်ကျပြီး ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက် ထားပြီဆိုပေမယ့် နေတိုးကတော့ တစ်ကိုယ်တည်း လူပျိုကြီးအဖြစ်သာ အနုပညာ အလုပ်တွေကို ဆက်လက် လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။

“အမှောင်တွေရွာချတဲ့မိုးတိမ်” ရုပ်ရှင်ဇာတ်ကားကြီးပြီး တဲ့နောက် နှစ်ယောက်သား ပူးပေါင်း အနုပညာ လှုပ်ရှားမှုတွေ မတွေ့ရသေးတဲ့ နေတိုးနဲ့ မြင့်မြတ်တို့ ကတော့ ဒီကနေ့မှာ ထိပ်တန်း စီနီယာ မင်းသမီးကြီးနဲ့ အတူတူ ကြော်ငြာတစ်ခုကို ရိုက်ကူးခဲ့ကြ ပါတယ်။ နေတိုးနဲ့ မြင့်မြတ်ကတော့ ကြော်ငြာဘုရင်မ ထက်ထက်မိုးဦးနဲ့ အတူတူ တွဲဖက် သရုပ်ဆောင်ပြီး ကြော်ငြာလေး တစ်ခု ရိုက်ကူးနေတာကို အခုလိုပဲ တွေ့ရပါတယ်။

နေတိုးနဲ့ မြင့်မြတ် ကတော့ ထက်ထက်မိုးဦးနဲ့အတူတူ တီဗီကြော်ငြာလေး တစ်ခုကို ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ထိတ်ထိတ်ကြဲ မင်းသား၊ မင်းသမီးတွေ ဖြစ်တဲ့ ထက်ထက်မိုးဦး၊ နေတိုးနဲ့ မြင့်မြတ်တို့ရဲ့ ကြော်ငြာလေးကို ရင်ခုန်စွာနဲ့ စောင့်ကြည့် ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment