Celebrity


Written by Ms Cele






ထက်ထက်မိုးဦး ရဲ့ Live ကနေ ဝယ်ယူ ခဲ့တဲ့ အလန်းစား ကားအသစ်ကြီး ကို ထုတ်ပြ လိုက် တဲ့ နီလန်း

ပရိသတ်ကြီးရေ အဆိုတော် နီလန်းကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲ ကနေ အနုပညာ လောကထဲကို စတင်ဝင် ရောက်လာပြီး အောင်မြင်နေတဲ့ ချင်းတိုင်းရင်းသူ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်နော်။အသံပါ၀ါ အားကောင်းမွန်စွာနဲ့ သီချင်းတွေကိုဆွဲဆောင်မှုရှိစွာသီဆိုနိုင်တာကြောင့် ပရိသတ်တွေရဲ့အားပါးတရ အားပေးမှုကို များစွာရရှိခဲ့ပါတယ်။

လက်ရှိမှာတော့ အနုပည လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင်နေပြီး အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိနေပြီဖြစ်တဲ့ နီလန်းက ယခုလည်း ထက်ထက်မိုးဦး ရဲ့Liveကနေ ဝယ်ယူခဲ့တဲ့ ကားအသစ် စက်စက်ကြီးကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ကားအသစ်ကြီးကိုစီးပြီး ရန်ကုန်မြို့နေရာ အနှံ့ လျှောက်လည်နေတဲ့ အလန်းစားပုံ တွေကို သူမရဲ့လူမှုကွန်ယက် စာမျက်နှာမှာ ချပြခဲ့ပါတယ်။

နီလန်းက”Thank You God 🙏🏻. Thank You Daddy.Thank You Nylons We Love NILEN.Thank You MG Myanmar”ဆိုတဲ့စာသားတွေနဲ့အတူ သူမရဲ့အလန်းစားပုံတွေကိုပြသခဲ့တာဖြစ်ပါတယ်။နီလန်းတစ်ယောက် ကားအသစ်ကြီး ရရှိလို့ အရမ်းဝမ်းသာပျော်ရွှင် နေပါတယ်။ပရိသတ်ကြီး လည်း နီလန်းနဲ့ထပ်တူပျော်ရွှင်နေမယ်လို့ ထင်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:Yin Khat Pan ( Writer – TWWH )

About the author

Ms Cele

Leave a Comment