Celebrity


Written by Ms Cele






ထက်ထက်မိုးဦး အတွက် ဒိုင်ခံချုပ်ပေး ရတဲ့ ဝတ်စုံတွေ အကြောင်း ပြောပြ လာတဲ့ ဒီဇိုင်နာ ငြိမ်းကို

ပရိသတ်ကြီးရေ ကြော်ငြာ ဘုရင်မထက်ထက်မိုးဦးဟာ ဆိုရင် ယခုအချိန်မှာလည်း နာမည်ကြီး လက်ဝတ်ရတနာ၊ အိမ်ခြံမြေ၊ ကား စတဲ့ တန်ဖိုးကြီးပစ္စည်းတွေ အတွက် အွန်လိုင်းကနေ Liveလွှင့် ရောင်းချ ပေးနေပြီး အောင်မြင်ကျော်ကြား နေတဲ့ နိုင်ငံကျော် မင်းသမီး တစ်လက်ဖြစ်ပါတယ်နော်။နေ့စဉ်ရက်ဆက် အလုပ်လုပ် နေတဲ့ ထက်ထက်ကို ပံ့ပိုးကူညီပေးနေတဲ့ အထဲမှာ ဒီဇိုင်နာတွေလည်း အဓိကပါဝင်ပါတယ်။

ထက်ထက်မိုးဦးကို ဝတ်စုံချုပ်ပေးတဲ့ ဒီဇိုင်နာတွေထဲမှာဒီဇိုင်နာငြိမ်း ကိုလည်း ပါဝင်ပါတယ်။ဒီဇိုင်နာငြိမ်းကိုက ထက်ထက်ရဲ့ဝတ်စုံတွေကို ဒိုင်ခံချုပ်ပေးနေရတဲ့ သူဖြစ်ပါတယ်နော်။ဒီဇိုင်နာငြိမ်းကို က”လတ်တလောမထက်လွှင့်သမျှ Live အကုန်ချုပ်ပေးဖြစ် နေတာပါ.. မထက်အကြိုက်တွေချည်း ချုပ်ပေးဖြစ်ပြီး တနေ့ကို ၂ထည်နှုန်းနဲ့ မထက် ဝတ်ဖို့အမှီချုပ်ရတာဖြစ်လို့ ခုလို Covid ကာလကြီးမှာ ပိတ်စဝယ်ရခက်ပီး ဆိုင်ကပိတ်ထားတဲ့ကြားက လူအင်အားလည်းနည်းတဲ့အတွက် အချိန်ပေးပြီးချုပ်ရတဲ့ ပိုလှတဲ့ဒီဇိုင်းလေးတွေထွက်ဖို့ ကျွန်တော်ထပ်ပြီးကြိုးစားပေးပါမယ်နော် 😉 မထက်ကလည်း ဒီလိုအသားအေးပြီး ပျော့အိလေးတွေက သက်တောင့်သက်သာရှိစေလို့ ဒီလိုဒီဇိုင်းထဲကဘဲဖန်တီးပေးဖြစ်တာပါ😊 မထက် Fans တချို့အတွက်ဖြေပေးခြင်းပါ✌🏻”လို့ဆိုပြီး သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ပြောပြခဲ့ပါတယ်။

ဒီဇိုင်နာငြိမ်းကို ဟာ ထက်ထက် အတွက် တစ်နေ့ကို ဝတ်စုံ (၂)စုံနှုန်းနဲ့ အလျင်မှီအောင်ချုပ်ပေး နေရပါတယ်။သေသပ် လှပတင့်တယ်တဲ့ ဝတ်စုံလေးတွေကို ချုပ်ပေးတဲ့ ဒီဇိုင်နာငြိမ်းကိုရဲ့လက်ရာ ကိုတော့ ထက်ထက်ကိုကြည့်ပြီး ပရိသတ်ကြီး သိလိမ့်မယ်ထင်ပါတယ်နော်။ငြိမ်းကိုရဲ့ဝတ်စုံလေးတွေနဲ ့ထက်ထက်ဟာ အမြဲလှပပြီးချစ်စရာကောင်း နေတာကိုတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိုအထူးပဲ ကျေးဇူးတင်ပါတယ်နော်။

Credit:Yin Khat Pan ( Writer – TWWH )

About the author

Ms Cele

Leave a Comment