Celebrity


Written by Ms Cele





Credit:Cele Gabar

ထင်မှတ်မထားပဲ ရခဲ့တဲ့ရင်သွေးလေးကို မိဘတွေက ဝမ်းသာအားရ ကြိုဆိုခဲ့လို့ အံ့သြမိတယ်ဆိုတဲ့ စည်ဖြိုး

ပရိသတ်ကြီးရေ အောက်တိုဘာလ (၂၆)ရက်နေ့က သူ့ရဲ့ချစ်သူမှာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ် ။ လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရခဲ့တဲ့အတွက် ပရိသတ်တွေကြားမှာဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့ပေမယ့် စည်ဖြိုးရဲ့ မိဘတွေကတော့ ဒီအဖြစ်အပျက်ကို ကြည်ဖြူစွာလက်ခံပေးခဲ့ကြပါတယ် ။ ဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီး စည်ဖြိုးက သူ့မိဘတွေရဲ့သဘောထားကြီးမှုကို အခုလိုပြောပြလာခဲ့ပါတယ် ။

ကျွန်တော် အံ့သြမိတယ်. ကျွန်တော့ဘဝမှာ ကြုံသမျှပြောင်းလဲ ဖြစ်တည်မှုတိုင်းကို..ဟင်ဘယ်လိုဖြစ်တာလည်း ဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှမငြီးခဲ့တဲ့အတွက် ..မာတာပီတ မိနဲ့ဖ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်..အရွယ်ရောက်လာကြင်သူပါလာတော့လည်း ငါ့သားဟဲ့ငါ့သမီးဟဲ့ဆိုတဲ့ငါအစွဲ သူတော်ကောင်းပါလို့ပြောတဲ့သူတောင်မထိန်းနိုင်ပေမယ့်..သူစိမ်းလည်းသမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ် လို့ရေးသားဖော်ပြလာခဲ့ပါတယ် ။

ခုလို ကိုဗစ် ကာလကြီးမှာ မမျှော်လင့်ပဲဝင်လာ သူလေးကို လက်ခုတ်တီး လို့တောင်ကြို ဆိုပေးနေပြန်လို့ ပိုပြီးအံ့သြဦးခိုက်မိပါတယ်လို့ သူ့ရဲ့ခံစားချက်တွေကိုဖွင့်ဟခဲ့တာဖြစ်ပါတယ် ။ သီတင်းကျွတ်ချိန်ခါ မိဘနေရာရောက်မှ မိဘမေတ္တာကို အကြိမ်ကြိမ် အံ့သြ ဦးခိုက်နေမိတယ် လို့ မကြာခင် အဖေဖြစ်လာတော့မယ့် ဖခင်လောင်းလေး စည်ဖြိုးက ရေးသားခဲ့တာပဲဖြစ်ပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment