Celebrity


Written by Ms Cele






ထိုင်းမလေးတွေကို ကြည့်ပြီး အားကျစိတ်တွေ ဖြစ်နေကြောင်း ပြောပြလာတဲ့ နေခြည်ဦး

ထူးခြားတဲ့ အနုပညာ အရည်အချင်းကြောင့် အနုပညာ လောကမှာ တစ်ရှိန်ထိုး နာမည်ရလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူပရိသတ် အခိုင်အမာရရှိလာ သူလေးကတော့ Beauty Blogger မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ နေခြည်ဦး ကတော့ အခုဆိုရင် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ထိပ်ဆုံးကနေ ရည်တည်နေပြီး သွက်လက်ချက်ချာပြီး ထက်ထက်မြက်မြက်ရှိတဲ့ ပုံစံလေးကြောင့် အနုပညာအသိုင်း အဝိုင်း တစ်ခုလုံးကလည်း ချစ်ခင်ခြင်းခံရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦးကတော့ သရုပ်ဆောင် တစ်ယောက်လည်းဖြစ်သလို Social Influencer တစ်ယောက် လည်းဖြစ် တာကြောင့် ပရိသတ်တွေအတွက် မတူညီတဲ့ ခံစားမှုရသ အသစ်အဆန်း တွေကိုသာ ချပြဖို့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။

လူငယ်တစ်ယောက်ပီပီ ခရီးသွားရတာ ဝါသနာပါတဲ့ နိုင်ငံခြားခရီးစဉ်တွေနဲ့ ပြည်တွင်းခရီးစဉ်တွေကို မကြာခဏသွားလေ့ရှိပေမယ့် လက်ရှိ (၂၀၂၀) မှာတော့ ကပ်ရောဂါ အခြေအနေတွေကြောင့် ဘယ်ကိုမှမသွားဖြစ်ပဲ အိမ်ထဲမှာသာ နေနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ နေခြည်ဦးက အိမ်နီးချင်း ထိုင်းနိုင်ငံက ထိုင်းမလေးတွေကိုကြည့်ပြီး အားကျစိတ် တွေဖြစ်နေကြောင်းကို ” ထိုင်းမလေးတွေ ဖလန်းဖလန်းထနေသလို နေခြည်တို့ကော ကမ်းခြေတွေ တောင်တန်းတွေ ဘယ်တော့မြင် ရမှာလဲဟင် 🥺🥺😭😭” ဆိုပြီး အားကျစိတ်တွေနဲ့ ရင်ဖွင့် လာတာကို တွေ့ရပါတယ်။

နေခြည်ဦးကတော့ နိုင်ငံချင်းကပ် နေပေမယ့် ရောဂါအခြေ အနေတွေကြောင့် ဘယ်ကိုမှမသွားရတဲ့ မြန်မာပြည်သူတစ်ယောက် အနေနဲ့ ခရီးသွားရတာကို သတိရနေကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း နေခြည်ဦးလိုပဲ လွတ်လွတ်လပ်လပ်နဲ့ ခရီးတွေသွားရတဲ့ အချိန်ကို လိုချင်နေကြမှာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက် ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment