Celebrity

ထီသိန္းဆုႀကီး ေပါက္လို့ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ေမကဗ်ာ

Written by Ms Cele

ထီသိန္းဆုႀကီး ေပါက္လို့ အေပ်ာ္ႀကီးေပ်ာ္ေနတဲ့ ေမကဗ်ာ

သရုပ္ေဆာင္ လည္းေကာင္းသလို ျမန္မာ့အကပညာ ကိုလည္း ထူးခြ်န္တဲ့ အနုပညာရွင္ တစ္ေယာက္ ျဖစ္တဲ့ ေမကဗ်ာ ကေတာ့ အနုပညာ ေလာကမွာ က်င္လည္လာ တာ နွစ္ေပါင္း (၂၀) ေက်ာ္တိုင္ ရိွျပီပဲ ျဖစ္ပါတယ္။ ေမကဗ်ာကေတာ့ သမီးေလး တစ္ေယာက္နဲ့ အတူတူ အနုပညာ အလုပ္ေတြကို ၾကိဳးစား လုပ္ကိုင္ရင္း ပရီသတ္ေတြ ေပးတဲ့ ေမတၱာကို ဒီေန့ အခ်ိန္ထိ ခံယူထားနိုင္ဆဲ ျဖစ္ပါတယ္။ လူေလးလွသလို စိတ္သေဘာထား လည္းေကာင္းမြန္တဲ့ ေမကဗ်ာကေတာ့ ဒီကေန့မွာ ေစတနာ အက်ိဳးေပးခဲ့တဲ့ သူမရဲ့ ကိုယ္ေတြ့ ျဖစ္ရပ္ကို အခုလိုပဲ ေျပာျပလာပါတယ္။

“E Lan live လႊင့္မဲ့ေနက studio ထိပ္မွာ ထီသည္ ေတြ႕ေတာ့ မွန္ေသာ စကားပါ ေအာ္ထီသည္ေတြထိုး မဲ့သူေရာရွိရဲ႕လား မသိဘူးဆိုပီး ကားရပ္ေပး ထီထိုးမယ္ ဆိုျပီး ထိုးလိုက္တဲ့ ထီက တစ္သိန္းဆု ေပါက္တယ္။ဒီေန႔မွထီ တိုက္ၾကည့္လိုက္တာ သူတို႔ဆက္ရင္လည္း ဆက္မွာေပါ့ အလုပ္ဖုန္းေပးမိ လိုက္ေတာ့ မကိုင္မိတာလည္း ျဖစ္ခ်င္ျဖစ္မွာ။ ဘာပဲျဖစ္ျဖစ္ သူမ်ားကိုကူညီတဲ့ ေစတနာ ခ်က္ခ်င္းအက်ိဳးေပးတယ္ ဆိုတာသိပ္မွန္တာပဲ။” ဆိုျပီး ေကာင္းေသာေစတနာအက်ိဳးက လက္ေတြ့ခံစားခဲ့ရေၾကာင္း ေျပာျပလာတာပဲ ျဖစ္ပါတယ္။

ေမကဗ်ာကေတာ့ ကိုယ္က်ိဳး မေမွ်ာ္လင့္ပဲ ထီသည္ေလး အတြက္ ေစတနာထားျပီး ကူညီခဲ့တဲ့အက်ိဳးက ခ်က္ခ်င္းခံစား ခဲ့ရတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ေမကဗ်ာရဲ့ ေစတနာအက်ိဳးေပးပံု ကိုၾကည့္ျပီး အားက်ေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္ တဲ့ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ထီသိန်းဆုကြီး ပေါက်လို့ အပျော်ကြီးပျော်နေတဲ့ မေကဗျာ

သရုပ်ဆောင် လည်းကောင်းသလို မြန်မာ့အကပညာ ကိုလည်း ထူးချွန်တဲ့ အနုပညာရှင် တစ်ယောက် ဖြစ်တဲ့ မေကဗျာ ကတော့ အနုပညာ လောကမှာ ကျင်လည်လာ တာ နှစ်ပေါင်း (၂၀) ကျော်တိုင် ရှိပြီပဲ ဖြစ်ပါတယ်။ မေကဗျာကတော့ သမီးလေး တစ်ယောက်နဲ့ အတူတူ အနုပညာ အလုပ်တွေကို ကြိုးစား လုပ်ကိုင်ရင်း ပရီသတ်တွေ ပေးတဲ့ မေတ္တာကို ဒီနေ့ အချိန်ထိ ခံယူထားနိုင်ဆဲ ဖြစ်ပါတယ်။ လူလေးလှသလို စိတ်သဘောထား လည်းကောင်းမွန်တဲ့ မေကဗျာကတော့ ဒီကနေ့မှာ စေတနာ အကျိုးပေးခဲ့တဲ့ သူမရဲ့ ကိုယ်တွေ့ ဖြစ်ရပ်ကို အခုလိုပဲ ပြောပြလာပါတယ်။

“E Lan live လွှင့်မဲ့နေက studio ထိပ်မှာ ထီသည် တွေ့တော့ မှန်သော စကားပါ အော်ထီသည်တွေထိုး မဲ့သူရောရှိရဲ့လား မသိဘူးဆိုပီး ကားရပ်ပေး ထီထိုးမယ် ဆိုပြီး ထိုးလိုက်တဲ့ ထီက တစ်သိန်းဆု ပေါက်တယ်။ဒီနေ့မှထီ တိုက်ကြည့်လိုက်တာ သူတို့ဆက်ရင်လည်း ဆက်မှာပေါ့ အလုပ်ဖုန်းပေးမိ လိုက်တော့ မကိုင်မိတာလည်း ဖြစ်ချင်ဖြစ်မှာ။ ဘာပဲဖြစ်ဖြစ် သူများကိုကူညီတဲ့ စေတနာ ချက်ချင်းအကျိုးပေးတယ် ဆိုတာသိပ်မှန်တာပဲ။” ဆိုပြီး ကောင်းသောစေတနာအကျိုးက လက်တွေ့ခံစားခဲ့ရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

မေကဗျာကတော့ ကိုယ်ကျိုး မမျှော်လင့်ပဲ ထီသည်လေး အတွက် စေတနာထားပြီး ကူညီခဲ့တဲ့အကျိုးက ချက်ချင်းခံစား ခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း မေကဗျာရဲ့ စေတနာအကျိုးပေးပုံ ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင် တဲ့နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment