Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Nay Dway

ဒဂုံဆိပ်ကမ်းက စားဝတ်နေရေး အမှန်တကယ်ခက်ခဲနေတဲ့ သက်ကြီးရွယ်အို အဖိုးအဖွားတွေအတွက် စားသောက်ကုန်များလှူဒါန်းခဲ့တဲ့ နေဒွေး

မြန်မာနိုင်ငံမှာ ခုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူ အများစုဟာ လုပ်ငန်းတာဝန်များကို ရပ်နားထား ရတာကြောင့် စားဝတ်နေရေး အခက်အခဲများစွာ ကို ရင်ဆိုင်နေရတာလည်း တွေ့ရပါတယ်။ဒီလိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပိုလျှံတဲ့ ပြည်သူတွေနဲ့ အနုပညာရှင် များက တတ်နိုင်သလောက် ကူညီထောက်ပံ့ကာ လှူဒါန်းမှုတွေ ပြုလုပ်ပေးနေ တာလည်းဖြစ်ပါတယ်။

ဒီလိုကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနေကြတဲ့ ထဲမှာ နေဒွေးကလည်း အပါအဝင်ပါပဲနော်။နေ့စဉ်တိုင်း လိုလို လိုအပ်တဲ့ နေရာများကို သွားရောက်ကာ သူကိုယ်တိုင် ရောင်းချလျက်ရှိနေတဲ့ ဆန်များကို လှူဒါန်းခဲ့သလို မိတ်ဆွေ သူငယ်ချင်းများနဲ့လည်း စုပေါင်းကာ အလှူငွေများ လိုအပ်တဲ့ အစားအသောက် များကို လှူဒါန်းလျက်ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။

ဒီနေ့မှာလည်း မိတ်ဆွေတွေနဲ့ စုပေါင်းကာ စားဝတ်နေရေး အမှန်တကယ် ခက်ခဲနေတဲ့ ဒဂုံဆိပ်ကမ်း က အဖိုးအဖွားတွေ အတွက် အခြေခံစားသောက် ကုန်များကို သွားရောက် လှူဒါန်းခဲ့ပါတယ်။အလှူလေးနဲ့ ပတ်သက်ပြီး လည်း ” ဒဂုံဆိပ်ကမ်း ၆ဝရပ်ကွက်တွင်နေထိုင်သော စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုအဖိုးအဖွားများ အတွက် JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ဆီ အလှုငွေများလှုဒါန်း ခဲ့ပါသည် ပူးပေါင်းပါဝင် လှုဒါန်းသူများကိုလည်းကျေးဇူး အထူးပါ”ရေးသားထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Nay Dway

About the author

Ms Cele

Leave a Comment