Celebrity

ဒါဒါနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ဝမ္းသာသြားေစမယ့္ သတင္းေလးကို ေျပာျပလာတဲ့ ဒါဒါရဲ႕ ေမေမ

Written by Ms Cele

ဒါဒါနဲ႕ ပတ္သက္ၿပီး ပရိသတ္ေတြ ဝမ္းသာသြားေစမယ့္ သတင္းေလးကို ေျပာျပလာတဲ့ ဒါဒါရဲ႕ ေမေမ

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး စိုးျမတ္နႏၵာကေတာ့ အကယ္ဒမီထူးခၽြန္ဆုေတြ ရရွိထားၿပီး ဇာတ္ကားတိုင္းကိုလည္း ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္တဲ့ ျပည္သူခ်စ္ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ အႏုပညာအလုပ္ေတြကို ဆယ္စုႏွစ္ေတြမ်ားစြာ လုပ္ကိုင္ခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ သူမရဲ့စီးပြားေရးလုပ္ငန္း တစ္ခုျဖစ္တဲ့ ပိုးထည္လုပ္ငန္းကိုသာ ဦးစီးလုပ္ကိုင္ေန တာလည္း ျဖစ္ပါတယ္။ အခုမွာလည္း ပရိသတ္ေတြ ဝမ္းသာသြားေစမယ့္ သတင္းေလးကို ဒါဒါရဲ့ မိခင္ကေျပာျပလိုက္ၿပီပဲ ျဖစ္ပါတယ္။

မၾကာေသးခင္ မိနစ္ပိုင္းေလာက္ကလည္း အန္တီစိုးၾကည္ျဖဴရဲ့ လူမႈကြန္ယက္ စာမ်က္ႏွာတြင္ အခ်ိန္အၾကာႀကီး အႏုပညာ အလုပ္ေတြနဲ႔ေဝးကြာ ခဲ့ရာမွ ပရိသတ္ေတြရဲ့ ေတာင္းဆိုမႈေၾကာင့္ ဇာတ္ကားေတြျပန္လည္ ရိုက္ကူးေတာ့မယ့္သမီးေလးရဲ့အေၾကာင္းကို ေျပာျပလာတာပဲ ျဖစ္ပါတယ္။ အန္တီစိုးၾကည္ျဖဴ ကလည္း ” ေအာ္, အခုေတာ့ သမီးငယ္ေလး ျပန္လႈပ္ရွားၿပီ❤️ ေမေမဝမ္းသာတယ္သမီး💐 ” ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။

ဒါဒါကေတာ့ လတ္တေလာ မွာေတာ့ ေနျပည္ေတာ္တြင္ (76) ႏွစ္ေျမာက္ တပ္မေတာ္ေန႔ အထိမ္း အမွတ္ ဂုဏ္ျပဳဇာတ္ကားကို အျခားနာမည္ႀကီး အႏုပညာရွင္ မ်ားစြာနဲ႔ ရိုက္ကူးေနတာလည္း ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ့နာမည္ကေတာ့ ” ၾကယ္ႏွင့္အတူ” လို႔ အမည္ရၿပီး ပရိသတ္ေတြလည္း မေတြ႕ရတာၾကာၿပီျဖစ္တဲ့ ဒါဒါရဲ့သ႐ုပ္ေဆာင္တာေတြကို ျမင္ေတြ႕ရမွာဘဲ ျဖစ္ပါတယ္။ အားလုံးလည္း သိရွိဝမ္းသာနိုင္ေအာင္ ဒီသတင္းေလးကိုတစ္ဆင့္ ျပန္လည္ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Credit:Swelsone News

ဒါဒါနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ဝမ်းသာသွားစေမယ့် သတင်းလေးကို ပြောပြလာတဲ့ ဒါဒါရဲ့ မေမေ

သရုပ်ဆောင် မင်းသမီးချောလေး စိုးမြတ်နန္ဒာကတော့ အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားပြီး ဇာတ်ကားတိုင်းကိုလည်း ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို ဆယ်စုနှစ်တွေများစွာ လုပ်ကိုင်ခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ သူမရဲ့စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ ပိုးထည်လုပ်ငန်းကိုသာ ဦးစီးလုပ်ကိုင်နေ တာလည်း ဖြစ်ပါတယ်။ အခုမှာလည်း ပရိသတ်တွေ ဝမ်းသာသွားစေမယ့် သတင်းလေးကို ဒါဒါရဲ့ မိခင်ကပြောပြလိုက်ပြီပဲ ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း အန်တီစိုးကြည်ဖြူရဲ့ လူမှုကွန်ယက် စာမျက်နှာတွင် အချိန်အကြာကြီး အနုပညာ အလုပ်တွေနဲ့ဝေးကွာ ခဲ့ရာမှ ပရိသတ်တွေရဲ့ တောင်းဆိုမှုကြောင့် ဇာတ်ကားတွေပြန်လည် ရိုက်ကူးတော့မယ့်သမီးလေးရဲ့အကြောင်းကို ပြောပြလာတာပဲ ဖြစ်ပါတယ်။ အန်တီစိုးကြည်ဖြူ ကလည်း ” အော်, အခုတော့ သမီးငယ်လေး ပြန်လှုပ်ရှားပြီ❤️ မေမေဝမ်းသာတယ်သမီး💐 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။

ဒါဒါကတော့ လတ်တလော မှာတော့ နေပြည်တော်တွင် (76) နှစ်မြောက် တပ်မတော်နေ့ အထိမ်း အမှတ် ဂုဏ်ပြုဇာတ်ကားကို အခြားနာမည်ကြီး အနုပညာရှင် များစွာနဲ့ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့နာမည်ကတော့ ” ကြယ်နှင့်အတူ” လို့ အမည်ရပြီး ပရိသတ်တွေလည်း မတွေ့ရတာကြာပြီဖြစ်တဲ့ ဒါဒါရဲ့သရုပ်ဆောင်တာတွေကို မြင်တွေ့ရမှာဘဲ ဖြစ်ပါတယ်။ အားလုံးလည်း သိရှိဝမ်းသာနိုင်အောင် ဒီသတင်းလေးကိုတစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment