Celebrity


Written by Ms Cele






ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ မှာ အသက် (၄၂) နှစ် ပြည့်သွားခဲ့တဲ့ တစ်ချိန်က နှုတ်ခမ်းနီမလေးတို့ရဲ့ အသဲစွဲ နိုင်းနိုင်း

မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး မင်းသားတွေ ထဲက တစ်ယောက် အပါအဝင်ဖြစ်တဲ့ နိုင်းနိုင်းကတော့ သရုပ်ဆောင် တစ်ယောက်အပီ အိုက်တင် အမူအယာမှာ ပြောစရာမလိုအောင် ပြီးပြည့်စုံသလို ရုပ်ရည်နဲ့ ပက်သတ်ရင်လည်း ပျိုပျို၊ အိုအို အမျိုးသမီးတိုင်း သဘောကျ လောက်တာပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းးကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ အောင်မြင်လာခဲ့သူဖြစ်ပြီး ဒီနေ့ဒီအချိန် ထိတိုင် သူမြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ အလုပ်တွေကို လုပ်ကိုင်ဖို့ မိသားစုနဲ့တောင် တစ်နိုင်ငံစီ ဝေးကွာပြီး နေထိုင်နေသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း နိုင်းနိုင်းတစ်ယောက် ဘယ်လို အသက်အရွယ်မျိုးပဲရောက်ရောက် အရင်အတိုင်း အချစ်မလျော့ပဲ အားပေးနေကြဆဲ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂) ရက်နေ့ကတော့ နိုင်းနိုင်းရဲ့ မွေးနေ့ရက် မြတ်လေးပဲ ဖြစ်ပါတယ်။ (၁၉၇၈) ခုနှစ်မှာ မွေးဖွားခဲ့တဲ့ နိုင်းနိုင်း ကတော့ ဒီကနေ့မှာ သူ့ရဲ့ အသက် (၄၂) နှစ်ဆိုတဲ့ အရွယ်ကို ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။ နိုင်းနိုင်းကတော့ အသက် (၄၂) နှစ်ရှိခဲ့ပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ တွေကို မလျော့စတမ်း ရရှိပိုင်ဆိုင်ထားဆဲ ဖြစ်ပါတယ်။

နိုင်းနိုင်း ကတော့ သူ့ရဲ့ အသက် (၄၂) နှစ်အရွယ်မှာ ပရိသတ်တွေ ကပေးတဲ့ ချစ်ခြင်းမေတ္တာနဲ့ ချစ်စရကောင်း တဲ့ မိသားစုကြီးကို ပိုင်ဆိုင်ထား ခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် မင်းသားချော နိုင်းနိုင်း အတွက် မွေးနေ့ဆုမွန်ကောင်းစကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment