Celebrity


Written by Ms Cele






ဒီကနေ့ညမှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ သရုပ်ဆောင်မေပန်းချီရဲ့ ချစ်ရတဲ့ မိခင်ကြီး

ပရိတ်သတ်ကြီးရေ…မေပန်းချီဟာ ဆိုရင် နွေဦး တော်လှန်ရေးမှာ ဆိုရင်လည်းပြည်သူလူထုနဲ့အတူ လမ်းပေါ်ထွက်ပြီးလူထုလှုပ်ရှားမှုမှာ ပါဝင်ခဲ့တာလည်းဖြစ်ပါ တယ်နော်။ အလှူအတန်းမှာဆိုရင်လည်း လက်မနှေးပဲရက် ရောလွန်းတဲ့ အတွက်မကြာခဏဆိုသလိုအလှူအတန်း တွေကိုလည်းပြုလုပ်လေ့ရှိပါတယ်နော်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ်ရောဂါကပ်ဆိုးကြီးကလည်းနေရာအနှံ့ တော်တော်များများမှာ ကူးစက် ပြန့်ပွားနေတာ ဖြစ်ပါတယ်။ကိုဗစ်ရောဂါကပ်ဆိုးကြီးကို မေပန်းချီတို့ သားအမိနှစ်ယောက်ကအလူးအလည်းကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်နော်။မေပန်းချီက ဒီကိုဗစ်ရောဂါဆိုးကြီးကိုအနိုင်ယူလိုက်နိုင်ပေမယ့် မေပန်းချီရဲ့မိခင်ကြီး ကတော့ ဒီကနေ့ည (၉) နာရီခွဲဝန်းကျင်လောက်မှာ ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်နော်။

မိခင်ကြီးကွယ်လွန်သွားတဲ့ အကြောင်းကို မေပန်းချီက “ကျွန်မစကားလေးနားထောင်ပြီး အခုပဲကျွန်မအမေကြီး အပြီးအနားယူ သွားပါပြီ အိပ်ပျော်သွားပါပြီ” “ကျေနပ်ပါတယ်အမေ သမီးစကားလေးနားထောင်ပြီးမှ ညင်ညင်သာသာလေး အိပ်သွားတာ သမီးဆုတောင်းပြည့်လိုက်တာ သမီးငိုစရာတောင် မလိုတော့ဘူး”ဆိုပြီးဝမ်းနည်းစွာနဲ့ရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်။မိခင်ကြီးအပေါ် တာဝန်ကျေပွန်လှတဲ့မေပန်းချီ ကတော့ အရမ်းကိုကြွေကွဲ ခံစားနေရမှာတော့ အသေအချာပါပဲနော်။ခုလိုမေပန်းချီရဲ့မိခင်ကြီးကွယ်လွန်သွားတဲ့အတွက်မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်။အန်တီလည်းကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူနိုင်ပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင် ရှိပါတယ်။

Credit း Celebrity Platforms

About the author

Ms Cele

Leave a Comment