Celebrity

ဒီကေန႔ ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးမွာ မဂၤလာ လက္မွတ္ ေရးထိုး ခဲ့ၾကတဲ့ အဆိုေတာ္ အမြန္းတို႔ စုံတြဲ

Written by Ms Cele

ဒီကေန႔ ေျမာက္ပိုင္း ခ႐ိုင္တရား႐ုံးမွာ မဂၤလာ လက္မွတ္ ေရးထိုး ခဲ့ၾကတဲ့ အဆိုေတာ္ အမြန္းတို႔ စုံတြဲ

ျမန္မာႏိုင္ငံရဲ႕နာမည္ေက်ာ္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ကခ်င္တိုင္းရင္းသူေလး အမြန္းကိုေတာ့ ပရိသတ္ေတြ သိၾကမွာပါ။ အမြန္းကေတာ့ (Me N Ma Girls) အမ်ိဳးသမီး ေပါ့အဆိုေတာ္ အဖြဲ႕ရဲ႕အဖြဲ႕ဝင္တစ္ဦးျဖစ္သလို Soloist နဲ႔လည္း ေအာင္ျမင္တဲ့သူ တစ္ဦးပါ။ ဒါ့အျပင္ “ဒုတၳဝတီကို လြန္၍” ဆိုတဲ့ နာမည္ႀကီး ဇာတ္ကားေကာင္းမွာလည္း အဓိကဇာတ္ေဆာင္ အေနနဲ႔ပါဝင္ခဲ့ဖူးတာပါ။

သူကေတာ့အခ်စ္ေရးနဲ ႔ပတ္သက္ၿပီးပရိသတ္ကိုပြင့္ပြင့္ လင္းလင္းခ်ျပခဲ့သူျဖစ္ၿပီး အခုဆိုရင္ေတာ့ ကာလၾကာရွည္တြဲလာခဲ့တဲ့ ခ်စ္သူျပင္သစ္ႏိုင္ငံသား Raouf Bac နဲ႔ လက္ထပ္ ခဲ့ၿပီျဖစ္ပါတယ္။ သူတို႔ခ်စ္သူႏွစ္ဦး ကေတာ့ ဇန္နဝါရီလကတည္းက မိဘေရွ႕ေမွာက္မွာ ေစ့စပ္ ခဲ့ၾကတာပါ။ ႏိုဝင္ဘာလ(၃၀)ရက္ေန႔ မွာေတာ့ မဂ္လာလက္ထပ္ပြဲ ေလးက်င္းပခဲ့ၿပီး ပရိသတ္ကို လည္း အသိေပးခဲ့ပါတယ္။

ဒီေန႔မွာေတာ့ ေျမာက္ပိုင္းခ႐ိုင္ တရား႐ုံးမွာမဂၤလာလက္မွတ္ ေရးထိုးခဲ့ၾကတာျဖစ္ၿပီး ၾကည္ႏူးဖြယ္ရာ ပုံရိပ္ေလးေတြ ကိုလည္း ပရိသတ္ေတြကို ျပန္လည္မွ်ေဝလာခဲ့ပါတယ္။ အမြန္းတို႔ ဇနီးေမာင္ႏွံႏွစ္ဦး ခ်စ္သူသက္တမ္း အၾကာႀကီးလည္းခ်စ္ခဲ့ၾကသလို ခ်စ္ခင္ၾကင္နာစြာနဲ႔ သာယာၾကည္ႏူးစြာ သက္ဆုံးတိုင္ေပါင္းဖက္ သြားၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္။

Credit:Swelsone News

ဒီကနေ့ မြောက်ပိုင်း ခရိုင်တရားရုံးမှာ မင်္ဂလာ လက်မှတ် ရေးထိုး ခဲ့ကြတဲ့ အဆိုတော် အမွန်းတို့ စုံတွဲ

မြန်မာနိုင်ငံရဲ့နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ကချင်တိုင်းရင်းသူလေး အမွန်းကိုတော့ ပရိသတ်တွေ သိကြမှာပါ။ အမွန်းကတော့ (Me N Ma Girls) အမျိုးသမီး ပေါ့အဆိုတော် အဖွဲ့ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်သလို Soloist နဲ့လည်း အောင်မြင်တဲ့သူ တစ်ဦးပါ။ ဒါ့အပြင် “ဒုတ္ထဝတီကို လွန်၍” ဆိုတဲ့ နာမည်ကြီး ဇာတ်ကားကောင်းမှာလည်း အဓိကဇာတ်ဆောင် အနေနဲ့ပါဝင်ခဲ့ဖူးတာပါ။

သူကတော့အချစ်ရေးနဲ ့ပတ်သက်ပြီးပရိသတ်ကိုပွင့်ပွင့် လင်းလင်းချပြခဲ့သူဖြစ်ပြီး အခုဆိုရင်တော့ ကာလကြာရှည်တွဲလာခဲ့တဲ့ ချစ်သူပြင်သစ်နိုင်ငံသား Raouf Bac နဲ့ လက်ထပ် ခဲ့ပြီဖြစ်ပါတယ်။ သူတို့ချစ်သူနှစ်ဦး ကတော့ ဇန်နဝါရီလကတည်းက မိဘရှေ့မှောက်မှာ စေ့စပ် ခဲ့ကြတာပါ။ နိုဝင်ဘာလ(၃၀)ရက်နေ့ မှာတော့ မဂ်လာလက်ထပ်ပွဲ လေးကျင်းပခဲ့ပြီး ပရိသတ်ကို လည်း အသိပေးခဲ့ပါတယ်။

ဒီနေ့မှာတော့ မြောက်ပိုင်းခရိုင် တရားရုံးမှာမင်္ဂလာလက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပြီး ကြည်နူးဖွယ်ရာ ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေလာခဲ့ပါတယ်။ အမွန်းတို့ ဇနီးမောင်နှံနှစ်ဦး ချစ်သူသက်တမ်း အကြာကြီးလည်းချစ်ခဲ့ကြသလို ချစ်ခင်ကြင်နာစွာနဲ့ သာယာကြည်နူးစွာ သက်ဆုံးတိုင်ပေါင်းဖက် သွားကြပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment