Celebrity

ဒီကေန႕မနက္မွာပဲ ေက်းဇူးရွင္ဖခင္ႀကီးကို ထပ္မံဆံုးရႈံးလိုက္ရျပန္တဲ့ သ႐ုပ္ေဆာင္ လျပည့္

Written by Ms Cele

ဒီကေန႕မနက္မွာပဲ ေက်းဇူးရွင္ဖခင္ႀကီးကို ထပ္မံဆံုးရႈံးလိုက္ရျပန္တဲ့ သ႐ုပ္ေဆာင္ လျပည့္

ပရိသတ္ႀကီးေရ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ သ႐ုပ္ေဆာင္ မင္းသားေခ်ာ လျပည့္ ကေတာ့ ဒီေန႔မွာ သူရဲ႕ဖခင္ႀကီးကို ထပ္မံၿပီး ဆုံးရႈံးခဲ့ရျပန္ ပါတယ္။ သ႐ုပ္ေဆာင္ လျပည့္ကေတာ့ ၿပီးခဲ့တဲ့ တစ္ႏွစ္ေက်ာ္ေလာက္က ေက်ာက္ကပ္ေရာဂါနဲ႔ မိခင္ႀကီးကို ဆုံးရႈံးခဲ့ရၿပီး ဒီေန႔မွာေတာ့ ဖခင္ႀကီးကို ထပ္မံၿပီး ဆုံးရႈံးခဲ့ရတာပဲျဖစ္ပါတယ္။

ဖခင္ႀကီးအတြက္ လိုအပ္ေနတဲ့ ေအာက္စီဂ်င္ကို ရွာေဖြေနမွာစဥ္ ဒီေန႔မနက္ (၅)နာရီေလာက္မွာ ဖခင္ႀကီးကဆုံးပါး ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး လျပည့္ကသူ႔ရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာကေန “ကြၽန္ေတာ္ oxygen မလိုေတာ့ဘူးေနာ္ ကြၽန္ေတာ္မိဘမဲ့ ျဖစ္ပါၿပီ။ အေဖ ဆုံးၿပီ။ 5:13 am Sunday”ဆိုၿပီး စိတ္မေကာင္းစြာနဲ႔ ေဖာ္ျပလာခဲ့ပါတယ္။ ပရိသတ္ေတြေရာ လုပ္ေဖာ္ကိုင္ဖက္အႏုပညာရွင္ေတြကပါ မိသားစုနဲ႔ ထပ္တူ စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ အားမငယ္ဖို႔ အားေပးေနခဲ့ၾကပါေသးတယ္။

“ဓာတ္ပုံ ႐ိုက္ရမွာ အရမ္းေၾကာက္တာ အေဖပုံေလးေတြ ခိုး႐ိုက္ရတယ္။ အေမနဲ႔အေဖ ဆုံးတာတစ္ႏွစ္ေက်ာ္ပဲ ကြာတယ္။ ဆုံးတာေတာင္ တခ်ိန္တည္းေနာ္”ဆိုၿပီးေတာ့လည္း မိခင္ေရာ ဖခင္ေရာကိုေရာ ေရွ႕ဆင့္ေနာက္ဆင့္ ဆုံးရႈံးလိုက္ရတဲ့ သူ႔ရဲ႕ခံစားခ်က္ေတြနဲ႔ မိဘေတြရွိစဥ္က အမွတ္တရပုံေလးေတြကိုလည္း မွ်ေဝထားခဲ့ပါေသးတယ္ပရိသတ္ႀကီးေရ။

Source – La Pyae
Credit:Cele Zone

ဒီကနေ့မနက်မှာပဲ ကျေးဇူးရှင်ဖခင်ကြီးကို ထပ်မံဆုံးရှုံးလိုက်ရပြန်တဲ့ သရုပ်ဆောင် လပြည့်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော လပြည့် ကတော့ ဒီနေ့မှာ သူရဲ့ဖခင်ကြီးကို ထပ်မံပြီး ဆုံးရှုံးခဲ့ရပြန် ပါတယ်။ သရုပ်ဆောင် လပြည့်ကတော့ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျောက်ကပ်ရောဂါနဲ့ မိခင်ကြီးကို ဆုံးရှုံးခဲ့ရပြီး ဒီနေ့မှာတော့ ဖခင်ကြီးကို ထပ်မံပြီး ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။

ဖခင်ကြီးအတွက် လိုအပ်နေတဲ့ အောက်စီဂျင်ကို ရှာဖွေနေမှာစဉ် ဒီနေ့မနက် (၅)နာရီလောက်မှာ ဖခင်ကြီးကဆုံးပါး ကွယ်လွန်သွားခဲ့တာဖြစ်ပြီး လပြည့်ကသူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ “ကျွန်တော် oxygen မလိုတော့ဘူးနော် ကျွန်တော်မိဘမဲ့ ဖြစ်ပါပြီ။ အဖေ ဆုံးပြီ။ 5:13 am Sunday”ဆိုပြီး စိတ်မကောင်းစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။ ပရိသတ်တွေရော လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကပါ မိသားစုနဲ့ ထပ်တူ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အားမငယ်ဖို့ အားပေးနေခဲ့ကြပါသေးတယ်။

“ဓာတ်ပုံ ရိုက်ရမှာ အရမ်းကြောက်တာ အဖေပုံလေးတွေ ခိုးရိုက်ရတယ်။ အမေနဲ့အဖေ ဆုံးတာတစ်နှစ်ကျော်ပဲ ကွာတယ်။ ဆုံးတာတောင် တချိန်တည်းနော်”ဆိုပြီးတော့လည်း မိခင်ရော ဖခင်ရောကိုရော ရှေ့ဆင့်နောက်ဆင့် ဆုံးရှုံးလိုက်ရတဲ့ သူ့ရဲ့ခံစားချက်တွေနဲ့ မိဘတွေရှိစဉ်က အမှတ်တရပုံလေးတွေကိုလည်း မျှဝေထားခဲ့ပါသေးတယ်ပရိသတ်ကြီးရေ။

Source – La Pyae
Credit:Cele Zone

About the author

Ms Cele

Leave a Comment