Celebrity


Written by Ms Cele






ဒီကနေ့မှာပဲ ကိုဗစ်ရောဂါနဲ့ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ အဆိုတော် ရွှေရည်သိန်းတန်ရဲ့ခင်ပွန်းဖြစ်သူ ကိုနေလ

ချစ်ပရိသတ်ကြီးရေ မြန်မာသံစဉ်တေးသီချင်း ‌တွေနဲ့ ဂီတမှတ်တိုင် ကြီးကြီးမားမား ကို စိုက်ထူထားနိုင်သူ တေးသံရှင် တွံ့တေးသိန်းတန် ကတော့ လူသေသွားပေမယ့် သူ့ရဲ့ နာမည်နဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ဒီနေ့ဒီအချိန်ထိ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ တွံ့တေးသိန်းတန်ရဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်ကလည်း ဖခင်ဖြစ်သူရဲ့ အနုပညာကို အမွေတွေကို ဆက်ခံထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။

ရွှေရည်သိန်းတန်ဟာ ဆိုရင် မင်းသားနေလနဲ့ အိမ်ထောင်ကျပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး အိမ်ထောင်ရေးမှာ ကံကောင်းသူတစ်ယောက်လည်းဖြစ်ပါတယ်နော်.။ရွှေရည်သိန်းတန်ရဲ့ခင်ပွန်းကိုနေလဟာဆိုရင် ဒီကနေ့ဇူလိုင်လ (၂၆)ရက်နေ့မှာ ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားတာပဲဖြစ်ပါတယ်နော်။

ဇနီးအပေါ်မှာ အရမ်းကိုချစ်တတ်တဲ့ ကိုနေလကွယ်လွန်သွားင်္ပြီဆိုတဲ့ သတင်းကိုကြားကြားချင်းမှာပဲ ခင်မင်သူမိတ်ဆွေအားလုံးက မယုံကြည်နိုင်လောက်အောင်ကို ဖြစ်ခဲ့ကြရပါတယ်။မရွှေရည်သိန်းတန်တစ်ယောက် ဘယ်လောက်တောင်ဝမ်းနည်းကြေကွဲနေမလည်းနော်။ မိသားစုနဲ့ထပ်တူဝမ်းနည်းရပါတယ်။ ကိုနေလကောင်းရာမွန်ရာဘုံဘဝမှာ အေးချမ်းစွာနဲ့အနားယူပါတော့နော် RIP ပါ…😥😥😥။ပရီတ်သတ်ကြီးကလည်း မရွှေရည်သိန်းတန်အတွက် အားပေးစကားလေးပြောပေးပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit း Celebrity Platforms

About the author

Ms Cele

Leave a Comment