Celebrity


Written by Ms Cele





Credit

ဒီကနေ့မှာပဲ ဂီတသက်တမ်း၁၈နှစ်ပြည့်ပြီဖြစ်တဲ့အတွက် အမှတ်တရတွေကို ပြောပြလာတဲ့ ဖြူဖြူကျော်သိန်း

အဆိုတော်ဖြူဖြူကျော်သိန်း ကတော့ အသံပါဝါကောင်းကောင်းနဲ့တေးသီချင်းကောင်းများစွာကို တီဆိုထားပြီးပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအခိုင်အမာ ရရှိထားတဲ့ အဆိုတော်ကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ဖြူဖြူကျော်သိန်း ကတော့ မကြာခဏဆိုသလို သူ့ရဲ့ခံစားချက်တစ်ချို့နဲ့ အသိပညာရဖွယ်စကားများကိုပြောကြားလေ့ရှိတတ်ပါတယ်နော်။

ဖြူဖြူကျော်သိန်းက တော်လှန်ရေးကြီးမှာလဲပြည်သူတွေနဲ့အတူ အမှန်တရားဘက်ကရဲရဲဝံဝံပါဝင်ခဲ့တဲ့အတွက်ကြောင့် ပုဒ်မ၅၀၅ကနဲ့အမှုဖွင့်ထားခြင်းခံရပြီးဘေးကင်းရာကိုတိမ်းရှောင်နေရပါတယ်၊ယခုတစ်ခါမှာဆိုရင်လဲ အဆိုတော်ဖြူဖြူကျော်သိန်းက သူမရဲ့ဂီတသက်တမ်းမှာ၁၈နှစ်ပြည့်သွားပြီဖြစ်တဲ့အကြောင်းလေးကိုပြောပြလာခဲ့တာပဲဖြစ် ပါတယ်နော်။

ဖြူဖြူကျော်သိန်းကတော့ ဒီကနေ့ဂီတသက်တမ်း၁၈နှစ်ပြည့် အမှတ်တရ၊ဖြူ့ပရိတ်သတ်တွေလုက်ပေးတဲ့videoလေး၊ ဝမ်းနည်း၊ဝမ်းသာဖြစ်ရတယ်၊ဝမ်းနည်းတာကလွမ်းလို့၊ ဝမ်းသာတာက ခုလိုချိန်မျိုးမှာတောင်ကိုယ့်ကို သတိတရရှိပေးလို့၊ ဝရမ်းပြေးဘဝ၄လကဒီvideoလေးနဲ့တင်chargingတွေပြည့်သွားပြီ။ အားလုံးကိုချစ်တယ်၊သတိရတယ်၊ အမြဲဆုတောင်းပေးနေတယ် ၊ပြန်ဆုံမယ်၊Fightingဆိုပြီးတော့ သူမရဲ့Igအကောင့်မှာVideoနဲ့တကွရေးသားဖော်ပြထားပါတယ်။

Credit

About the author

Ms Cele

Leave a Comment