Celebrity


Written by Ms Cele






ဒီကနေ့မှာပဲ အသက်(၃၉)နှစ်ပြည့်သွားပြီဖြစ်တဲ့ ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့်

ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားတဲ့ မင်းသမီးချောလေး သက်မွန်မြင့်ဟာဆိုရင် ပီပြင်ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ကျရာ ဇာတ်ရုပ်တိုင်းကိုအံဝင်ဂွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်တဲ့ အတွက် အကယ်ဒမီထူးချွန်ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်တွေရဲ့ အချစ်တော် ချစ်သက်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ရင်း မိသားစုလေးကို အချိန်ပေးဂရုစိုက်နေတာ ဖြစ်ပါတယ်။ ရုပ်ရှင်တွေရိုက်နေသလိုအိမ်ထောင်မှုတာဝန်တွေလည်း မလစ်ဟင်းတဲ့ သက်မွန်မြင့်က အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။

ချစ်သက်ဟာဆိုရင် သူမကို အရမ်းချစ်မြတ်နိုး တန်ဖိုးထားတဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့မိသားစုဘဝလေးကို ပုံဖော်နိုင်ခဲ့တာပဲဖြစ် ပါတယ်နော်။လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေမှာလည်း ပြည်သူလူထုနဲ့အတူ တစ်သားတည်းရပ်တည်ခဲ့တဲ့အတွက် ပုဒ်မ၅၀၅(က)နဲ့အမှုဖွင့်အရေးယူခံခဲ့ရပါသေးတယ်နော်။သို့သော်လည်း ပရိတ်သတ်တွေရဲ့မေတ္တာပို့သမှုကြောင့် ပုဒ်မ၅၀၅(က)ကနေ အမှုရုပ်သိမ်းခံခဲ့ရတာတဲ့အတွက် သက်မွန်ကိုချစ်တဲ့ပရိတ်သတ်တွေ ပျော်ရွှင်ခဲ့ရပါတယ်နော်။

ဒီကနေ့ဟာဆိုရင် ပရိတ်သတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို ရရှိပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်(ချစ်သက်)ရဲ့ ၃၉ နှစ်ပြည့်မွေးနေ့လေး ပဲဖြစ်ပါတယ်နော်။Happy Birthday ပါသက်မွန်ရေ မွေးနေ့မှစပြီး နောင်နှစ်တစ်ရာတိုင် ချစ်တဲ့မိသားစု ချစ်တဲ့ပရိတ်သတ်တွေ နဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနိုင်ပြီး အကယ်ဒမီ ထူးချွန်ဆုကြီးကိုလည်း ထပ်မံရရှိပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။သက်မွန်ကိုချစ်တဲ့ ပရိတ်သတ်တွေ ကလည်း သက်မွန်အတွက် မွေးနေ့ဆုမွန်ကောင်းလေးတောင်းပေး ခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲ ကျေးဇူးတင်ရှိပါတယ်။

Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment