Celebrity


Written by Ms Cele





Source – Kyaw Naing Oo
Credit:Cele Zone

ဒီနေ့မှာကျရောက်တဲ့ မိဘနှစ်ပါရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးအတွက် ဂုဏ်ပြုဆုမွန် ကောင်းတောင်းပေးခဲ့တဲ့ ကျော်ကျော်

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသားချော ကျော်ကျော် ကတော့ ဒီနေ့မှာ ကျရောက်တဲ့ မိဘနှစ်ပါရဲ့ မင်္ဂလာနှစ်ပတ်လည် နေ့လေးအတွက် ဂုဏ်ပြုဆုမွန် ကောင်းတောင်း ပေးခဲ့ပါတယ်။ ဒီနေ့ ဇွန်လ (၁၆)ရက်နေ့လေးမှာတော့ ကျော်ကျော်ရဲ့ မိဘနှစ်ပါးဟာ မင်္ဂလာသက်တမ်း (၃၇)နှစ်ပြည့်မြောက်သွား ခဲ့တာပဲဖြစ်ပါတယ်။

ကျော်ကျော်က မင်္ဂလာနှစ်ပတ်လည်နေ့ အတွက် “ယနေ့ကျရောက်တဲ့ ဖေနဲ့မေရဲ့ မင်္ဂလာ နှစ်ပတ်လည် ၃၇ နှစ်ပြည့်မှသည် နောက်နှစ်များစွာတိုင်အောင် ကျန်းမာ ပျော်ရွှင်ခြင်းများစွာနဲ့ သက်ဆုံးတိုင်အတူတူကျော်ဖြတ်နိုင်ပါစေလို့ အားကျခြင်းများစွာနဲ့ သားဆုတောင်းပေးလိုက် ပါတယ်နော် “ဆိုပြီး မိဘနှစ်ပါးရဲ့ ပုံလေးတွေနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မင်္ဂလာနှစ်ပတ်လည် ဂုဏ်ပြုဆုတောင်းစကားဆိုထားခဲ့တာပါ။

Happy Anniversary ပါ ဦးနဲ့အန်တီရေ။ (၃၇)နှစ်မင်္ဂလာနှစ်ပတ်လည်ကနေ နောင်နှစ်ပေါင်း များစွာတိုင် သားသမီး မြေးမြစ်တွေနဲ့ ပျော်ရွှင်စွာ နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်နော်။ CeleZone ပရိသတ်ကြီးတွေလည်း ပရိသတ် အချစ်တော် ကျော်ကျော်ရဲ့မိဘနှစ်ပါးအတွက် မင်္ဂလာဆုမွန်ကောင်း စကားလေးတွေ ပြောပေးခဲ့ကြပါဦးနော်။

Source – Kyaw Naing Oo
Credit:Cele Zone

About the author

Ms Cele

Leave a Comment