Celebrity


Written by Ms Cele





Credit:CeleZone

ဒီနေ့ ဇူလိုင်လ(၁)ရက်နေ့မှာ ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်တဲ့ ဂန္တဝင်အနုပညာရှင် သရုပ်ဆောင် မင်းသားကြီး အကယ်ဒမီဦးညွန့်ဝင်း

ပရိသတ်ကြီးရေ မြန်မာရုပ်ရှင် လောကရဲ့ ဂန္တဝင်အနုပညာရှင် သရုပ်ဆောင် မင်းသားကြီး ဦးညွန့်ဝင်း ကတော့ ဒီနေ့ ဇူလိုင်လ (၁)ရက်နေ့မှာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွား ပါတယ်။ ဦးညွန့်ဝင်းကတော့ မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု(၇)ဆုတိတိကို ပိုင်ဆိုင်ထားပြီး အနုပညာ အရည်အချင်းပြည့်ဝလွန်းလှတဲ့ အနုပညာရှင်တစ်ယောက်ပါ။

ဦးညွန့်ဝင်းက လက်ရှိအချိန် မှာတော့ အသက်(၈၁)အရွယ်ကို ရောက်ရှိနေခဲ့ပြီး ဒီနေ့မှာတော့ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ ပရိသတ်တွေကို အပြီးတိုင်နှုတ်ဆက် သါားခဲ့ပါပြီ။ အခုလို အနုပညာလောက အတွက် ပညာရည်ပြည့်ဝလှတဲ့ ဦးညွန့်ဝင်း ဆုံးပါးကွယ်လွန် သွားခဲ့တဲ့ သတင်းကြောင့် အနုပညာရှင်တွေကလည်း နှမြောတသသနဲ့ စိတ်မကောင်းဖြစ်ရသလို ပရိသတ်တွေကလည်း ဦးညွန့်ဝင်းရဲ့ မိသားစုနဲ့ ထပ်တူ ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြမှာအသေအချာပါပဲ။

အနုပညာလောကရဲ့ အဖိုးတန် ကြယ်တစ်ပွင့်ဖြစ်တဲ့ ဦးညွန့်ဝင်းတစ်ယောက် ကောင်းရာဘုံဘဝကို ရောက်ရှိ ပါစေလို့ ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။ ပရိသတ်တွေကိုလည်း ဒီသတင်းလေးကို စိတ်မကောင်းစွာနဲ့ မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit:CeleZone

About the author

Ms Cele

Leave a Comment