Celebrity


Written by Ms Cele





Source – U Kaung Kyaw
Credit:Cele Zone

ဒီနေ့ သြဂုတ်လ (၃)ရက်နေ့မှာ ဆုံးပါးကွယ်လွန်သွားပြန်တဲ့ ဦးစံမတူ

ပရိသတ်တွေရဲ့အချစ်တော် ရုပ်ရှင်နဲ့ ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ ဦးစံမတူကတော့ ဒီနေ့ သြဂုတ်လ (၃)ရက်နေ့မှာ ဆုံးပါးကွယ်လွန် သွားကြောင်း သိရှိရပါတယ် ပရိသတ်ကြီးရေ။ ကွယ်လွန်သွားချိန်မှာတော့ ဦးစံမတူဟာ အသက်(၉၀)အရွယ်ကိုရောက်ရှိနေခဲ့ပါပြီ။

အခုလို ဦးစံမတူ တစ်ယောက် ဆုံးပါးသွားတဲ့ သတင်းလေးကို ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ဟာသလူရွှင်တော် တစ်ယောက်ဖြစ်တဲ့ ဦးကောင်းကျော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ “ရုပ်ရှင်နှင့်ဗီဒီယို ဝါရင့် ဟာသသရုပ်ဆောင် ဦးစံမတူ ကွယ်လွန်သွားပြန်ပါပြီဗျာ” ပရိသတ်တွေကို အခုလိုပဲအသိပေးလာ ခဲ့တာပဲဖြစ်ပါတယ်။ ဦးစံမတူတစ်ယောက်ကောင်းရာဘုံဘဝကို ရောက်ရှိစေဖို့လည်း ဆုတောင်းပေးထားပါသေးတယ်။

ပရိသတ်တွေ ကလည်း ဦးစံမတူနဲ့ ပတ်သက်တဲ့ အမှတ်တရတွေရယ် အခုလို ဝါရင့်အနုပညာရှင် တွေကြွေလွှင့်သွားတဲ့ အတွက် နှမြောတသသဖြစ်ရ ကြောင်းလည်း မှတ်ချက်ပေးပြောဆိုနေပြီး ကောင်းရာဘုံဘဝကို ရောက်ရှိနေဖို့ ဆုမွန်ကောင်းတောင်းပေးနေကြပါသေးတယ်။ ပရိသတ်တွေ ကိုလည်း ဦးစံမတူကွယ်လွန်တဲ့ သတင်းလေးကို စိတ်မကောင်းစွာနဲ့ပဲမျှဝေဖော်ပြလိုက်ပါတယ်။

Source – U Kaung Kyaw
Credit:Cele Zone

About the author

Ms Cele

Leave a Comment