Celebrity


Written by Ms Cele






ဒီနေ့မှာပဲ ကိုဗစ်ရောဂါဖြင့် ဘဝတစ်ပါးကို ကူးပြောင်းသွားပြီဖြစ်တဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်း

ပရိတ်သတ်ကြီးရေ..လတ်တလောမှာ ရောဂါပြန့်ပွားမှု ကလည်း အတော်လေးများလာပြီဖြစ်ပြီး လူတော်တော် များများ ကူးစက်ခံထားရပါတယ်။ အသက်ဆုံးရှုံးမှုတွေလည်း ဖြစ်ပွားနေခဲ့ပြီး ပြည်သူတွေဟာ ကိုယ့်အား ကိုယ်ကိုးပြီး ကိုယ့်အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်နေကြရတဲ့ အခြေအနေပါ။ပြီးခဲ့တဲ့ရက်ပိုင်းလောက်က နန်းမြတ်ဖြိုးသင်းတို့ဇနီးမောင်နှံနှစ်ယောက်လုံး ကိုဗစ်ရောဂါပိုးကူးစက်ခံရပြီး အောက်စီဂျင်အိုးအရေးပေါ်လိုအပ်လို့ အကူအညီတောင်းတဲ့ စာတစ်ချို့ လူမှုကွန်ယက်မှာရေးသားခဲ့တာပဲဖြစ်ပါတယ်နော်.။

နန်းမြတ်ကိုချစ်တဲ့ ပရိသတ်တွေက စိတ်ပူပြီး ဝိုင်းဝန်းမေးမြန်းကြတဲ့ အချိန်မှာတော့ သူမရဲ့ခင်ပွန်းဖြစ်သူလိုအပ်နေတာဖြစ်ကြောင်း ပြန်လည်ပြောပြလာခဲ့ပါတယ်။ ဒီကနေ့သြဂုတ်လ (၂၁)နေ့မှာ နန်းမြတ်ဖြိုးသင်းရဲ့ခင်ပွန်းကိုတာတာမျိုးဟာ ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့တာပဲဖြစ်ပါတယ်နော်။ နန်းမြတ်ဖြိုးသင်းရဲ့အနုပညာ မိတ်ဆွေတွေက စိတ်ထိခိုက်ဝမ်းနည်းကြောင်းတွေရေးသားဖော်ပြထားပြီးကိုတာတာမျိုးကွယ်လွန်ချိန်မှာ နန်းမြတ်နဲ့အတူရင်သွေးနှစ်ယောက်ကျန်ရစ်ခဲ့တာပဲဖြစ်ပါတယ်။

ခုလိုနန်းမြတ်ရဲ့ခင်ပွန်း ကွယ်လွန်သွားတဲ့ အတွက် မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်နော်။ ကိုတာတာမျိုးတစ်ယောက် ကောင်းရာဘုံဝသို့ရောက်ရှိ ပါစေလို့ဆုတောင်းပေးပါတယ်…🙏🙏🙏.ပရိတ်သတ်ကြီးလည်း ခင်ပွန်းအတွက် ပူဆွေးသောကရောက်ရှိနေတဲ့ နန်းမြတ် အတွက်အားပေး စကားလေးပြောခဲ့ပါအုံးနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit ; Celebrity Platforms

About the author

Ms Cele

Leave a Comment