Celebrity

ဒီေန႕မွာပဲ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒အျဖစ္ ေရြးခ်ယ္ခန႔္အပ္ခံ လိုက္ရၿပီျဖစ္တဲ့ မင္းသားႀကီး ခန႔္စည္သူ

Written by Ms Cele

ဒီေန႕မွာပဲ ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠ႒အျဖစ္ ေရြးခ်ယ္ခန႔္အပ္ခံ လိုက္ရၿပီျဖစ္တဲ့ မင္းသားႀကီး ခန႔္စည္သူ

ကိုခန႔္လို႔ အားလုံးက ခ်စ္စနိုးေခၚၾကတဲ့ သ႐ုပ္ေဆာင္ မင္းသား ခန႔္စည္သူကေတာ့ ဆယ္စုႏွစ္ေတြ ကတည္းက ပရိသတ္ေတြ အခိုင္အမာနဲ႔ ေအာင္ျမင္မႈေတြ ရရွိထားတဲ့ ျပည္သူ႔အခ်စ္ေတာ္ အႏုပညာရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ က်ရာဇာတ္႐ုပ္ေတြကို ပီျပင္ပိုင္နိုင္စြာ သ႐ုပ္ေဆာင္နိုင္မႈေၾကာင့္လည္း ဒီေန႔ထိ ပရိသတ္ေတြအားေပးေနၾကဆဲပါ။

ဒါ့အျပင္ ေအးေဆး တည္ၿငိမ္ၿပီး အေနေအးသလို လူႀကီးလူ ေကာင္းဆန္တဲ့ ပုံရိပ္ေလး ေတြေၾကာင့္လည္း ပရိသတ္ေတြက သေဘာက်ေနၾကတာျဖစ္ၿပီး ရယ္စရာ ဟာသဇာတ္႐ုပ္ေတြ နဲ႔လည္း ပရိသတ္ေတြကို ရယ္ေမာေပ်ာ္ရႊင္ေစ သူလည္း ျဖစ္ပါတယ္ေနာ္။

ဒီေန႔ မွာေတာ့ ျမန္မာနိုင္ငံ႐ုပ္ရွင္ အစည္းအ႐ုံးမွာ လစ္လပ္ေနတဲ့ အစည္းအ႐ုံး ဥကၠဌ ရာထူးကို မင္းသားခန႔္စည္သူကို ခန႔္အပ္ခဲ့ေၾကာင္း ျမန္မာနိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးက ထုတ္ျပန္ေၾကျငာခဲ့ပါတယ္။ ဒီသတင္းေလးကို ပရိသတ္ႀကီးလည္း သိရွိနိုင္ေစရန္ ျပန္လည္ ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Kyaw Soe Win

ဒီနေ့မှာပဲ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်အပ်ခံ လိုက်ရပြီဖြစ်တဲ့ မင်းသားကြီး ခန့်စည်သူ

ကိုခန့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင် မင်းသား ခန့်စည်သူကတော့ ဆယ်စုနှစ်တွေ ကတည်းက ပရိသတ်တွေ အခိုင်အမာနဲ့ အောင်မြင်မှုတွေ ရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုကြောင့်လည်း ဒီနေ့ထိ ပရိသတ်တွေအားပေးနေကြဆဲပါ။

ဒါ့အပြင် အေးဆေး တည်ငြိမ်ပြီး အနေအေးသလို လူကြီးလူ ကောင်းဆန်တဲ့ ပုံရိပ်လေး တွေကြောင့်လည်း ပရိသတ်တွေက သဘောကျနေကြတာဖြစ်ပြီး ရယ်စရာ ဟာသဇာတ်ရုပ်တွေ နဲ့လည်း ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေ သူလည်း ဖြစ်ပါတယ်နော်။

ဒီနေ့ မှာတော့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ လစ်လပ်နေတဲ့ အစည်းအရုံး ဥက္ကဌ ရာထူးကို မင်းသားခန့်စည်သူကို ခန့်အပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ဒီသတင်းလေးကို ပရိသတ်ကြီးလည်း သိရှိနိုင်စေရန် ပြန်လည် ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment