Celebrity


Written by Ms Cele





Credit:Swelsone News

ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့မှာ မိခင်ရဲ့ ထဘီကို လျှော်ပေးပြီး ကုသိုလ်ယူခဲ့တဲ့ ဒိန်းဒေါင်

ဟာသလူရွှင်တော် ဒိန်းဒေါင်ကတော့ အနုပညာလောကမှာ နာမည် တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ပါဝင်သရုပ်ဆောင်လျက် ရှိနေတဲ့ ဇာတ်ကားတိုင်းမှာ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောစေ ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုကို အခိုင်အမာရယူ ထားနိုင်ခဲ့ပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လျက် ရှိနေခဲ့တဲ့ ဒိန်းဒေါင်ကတော့ ပရဟိတ အလုပ်တွေကိုလည်း ကြိုးကြိုးစားစားနဲ့လုပ်ကိုင်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ယနေ့လေး ကတော့ ပရိသတ်တွေကို ပျော်ရွှင်ရယ်မောအောင် ပြုလုပ်လေ့ရှိပြီး ကိုယ်တိုင်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ဟာသလူရွှင်တော် ဒိန်းဒေါင်ရဲ့ မွေးနေ့ရက်မြတ်လေး ပဲဖြစ်ပါတယ်။ ဒိန်းဒေါင်ရဲ့ မွေးနေ့လေးမှာ ချစ်ခင်ရတဲ့ ပရိသတ်တွေနဲ့ အနုပညာရှင် ညီအကိုမောင်နှမတွေက မွေးနေ့ဆုမွန်ကောင်းတွေ ကိုယ်စီတောင်းပေးထားကြပါတယ်။ ဒိန်းဒေါင် ကတော့ မွေးနေ့လေးမှာ မွေးမိခင်မေမေရဲ့ ထဘီလေးကို သေသေချာချာနဲ့ ကိုယ်တိုင်လျှော်ပြီး ကုသိုလ်ယူ နေခဲ့ပါတယ်။

ဒိန်းဒေါင်ကတော့“ယနေ့29.12.2020ကျွန်တော့်မွေးနေ့ပါခင်ဗျာ မိဘကိုချစ်သော သားသမီးများအားလုံးဒီနေ့ကို အမေ့ထမီလျှော်တဲ့နေ့အဖြစ် သတ်မှတ်ပေးကြပါခင်ဗျာ “ဆိုပြီး လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသားထားခဲ့ တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် လူရွှင်တော်ဒိန်းဒေါင်ရဲ့ မွေးနေ့လေးမှာ မိခင်ရဲ့ထဘီကို ကိုယ်တိုင်လျှော်ပြီး ကုသိုလ်ယူနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ပါတယ်နော်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment