Celebrity

ဒီနေ့မှာ ကျရောက်တဲ့ အသက်၇၇နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့တဲ့ ဝါဝါဝင်းရွှေ

Written by Ms Cele

ဒီနေ့မှာ ကျရောက်တဲ့ အသက်၇၇နှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ပျော်ရွှင်စွာ ကျင်းပခဲ့တဲ့ ဝါဝါဝင်းရွှေ




Credit:Cele Zone
Photo – Wa Wa Win Shwe

ဒီနေ့မှာ ကျရောက်တဲ့ အသက်ရရနှစ်ပြည့် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ပျော်ရွှင်စွွာ ကျင်းပခဲ့တဲ့ ဝါဝါဝင်းရွှေ

ဝါရင့်သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဒေါ်ဝါဝါဝင်းရွှေဟာ သူမရဲ့ အသက် (၇၇) နှစ်ပြည့်မွေးနေ့ကို မိသားစုတွေ နဲ့အတူ ပျော်ပျော်ပါးပါး ကျင်းပ ခဲ့ပါတယ်။ မြေးမလေးက မွေးနေ့သီချင်း သံစဉ်ကို စန္ဒယားတီးဖျော်ဖြေပေးသလို မိသားစုဝင် တွေကလည်း မွေးနေ့သီချင်းလေး အတူဆိုပြီး ပျော်စရာ အချိန်လေးတွေ ကုန်ဆုံးခဲ့ပါတယ်။

အသက်တွေကြီး လာတဲ့အထိ အေးအေးချမ်းချမ်း နေရသလို သားလေးတွေ ကလည်း မေမေ့ကို သိပ်ချစ်ကြပါတယ်။ လောကကြီးမှာ တန်ဖိုးအထားရဆုံးက မိသားစုပါပဲ။ အခုချိန်ထိ သူမအပေါ် အချစ်မပြယ်သေးဘဲ ချစ်မြဲချစ်ဆဲမေတ္တာ ထားလွန်းတဲ့ ခင်ပွန်းကိုပိုင်ဆိုင် ထားတာလည်း တကယ်ကို ကျေနပ်စရာပါပဲ။

မွေးနေ့ အခိုက်အတန့်လေးကို Live လွှင့်ခဲ့ပြီး ပျော်စရာ အချိန်လေးတွေကို ပရိသတ်တွေကို လည်း မြင်တွေ့စေခဲ့ပါတယ်။ ပရိသတ်တွေ ကလည်း အန်တီ့အတွက် မွေးနေ့ဆုတောင်း စကားတွေ ပြောပေးခဲ့ကြပါတယ်။ ပျော်စရာ အချိန်အမှတ်တရလေးတွေကို ပရိသတ်ကြီး အတွက် ပြန်လည်တင်ဆက်ပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Wa Wa Win Shwe

About the author

Ms Cele

Leave a Comment