Celebrity


Written by Ms Cele





Rainbow- Cele Gabar

ဒီနေ ့မနက် မှာပဲ ကွယ်လွန် သွားပြီ ဖြစ်တဲ့ အဆိုတော် ရန်ပိုင်စိုး အတွက် ဝမ်းနည်းနှမြော မိကြောင်း မေ့ချစ် သက်

ပရိသတ်ကြီးရေ ဒီနေ့ နေ့လည် (၁၁.၁၁) မိနစ်မှာတော့ အဆိုတော် ရန်ပိုင်စိုး(ခ) တာတူးလေး ဆုံးပါးသွားပြီလို့ သိရပါတယ်။ ဦးရန်ပိုင်စိုး ကတော့ ဟိုးအရင် အချိန်တွေကတည်းက တည်ကြည်တဲ့မျက်နှာထား၊ ကြည်လင်တဲ့ အသံကို ပိုင်ဆိုင်ထားသူ တစ်ယောက်မို့ ရုပ်သံလိုင်းတွေရဲ့ အစီအစဉ် တင်ဆက်သူတစ်ယောက် အဖြစ် အများဆုံးတွေ့မြင်ခဲ့ရသူပါ။

ပရိသတ်အတွက် မြန်မာသံ သီချင်းတွေလည်း အများကြီးသီဆိုဖျော်ဖြေခဲ့သလို မင်္ဂလာအခမ်းအနားမှူး တစ်ယောက်အဖြစ်လည်း ပရိသတ်တွေနဲ့ အသားကျ ခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပါ။ အခုလို ပရိသတ်ရင်ထဲ ရောက်ခဲ့တဲ့ အနုပညာရှင် တစ်ဦးဖြစ်တဲ့ ဦးရန်ပိုင်စိုးကတော့ ကိုဗစ်ပိုးကူး စက်ခံခဲ့ရပြီး နဂိုရောဂါအခံလည်း ရှိတာကြောင့် ဒီနေ့မနက် (၁၁.၁၁) မိနစ်မှာပဲ ဆုံးပါးသွားခဲ့တာဖြစ်ပါတယ်။

အခုလို မြန်မာသံတေးသံရှင် တစ်ယောက် ကြွေလွင့်သွား ခဲ့တာနဲ့ပတ်သက်ပြီး တေးသံရှင် မေ့ချစ်သက် ကတော့ ဝမ်းနည်းနှမြောမိကြောင်း မျှဝေလာပါတယ်။ အလွန် ဝမ်းနည်းနှမြော မိတယ်ဘဘရေ။ပွဲတွေမှာ ဆုံတိုင်းမြန်မာ သံစဉ်မျိုးဆက်သစ် လေးတွေ ညည်းတို့ကြိုးစားကြ ပညာလည်းတတ်အောင် သင်နော် လေ့လာပြီး ထိန်းသိမ်းကြပါကွယ်လို့ ဆုံးမလေ့ရှိတဲ့ ဘဘစကားပြောရင် အမြဲအပြုံးကအရင် တဖက်သားရွှင်မြူးအောင်ပြော တတ်တဲ့ ဘဘရေ သမီးပြုသမျှကုသိုလ် အားလုးံအမျှပေး ဝေပါတယ် ကောင်းရာသုဂတိလားပါစေ ဆိုပြီး ဝမ်းနည်းစွာမျှဝေခဲ့ပါတယ်။ အမြဲတမ်း ကြည်လင်ရွှင်ပျတဲ့ မျက်နှာထားနဲ့ ပရိသတ်အတွက် အမြဲရှိခဲ့သူ ဦးရန်ပိုင်စိုးတစ်ယောက် ကောင်းရာမွန်ရာရောက်ပါစေလို့ ဆယ်လီကမ္ဘာမှ ဆုတောင်းပေး လိုက်ပါတယ်။

Source – M Chit Thet မေ့ချစ်သက်
Rainbow- Cele Gabar

About the author

Ms Cele

Leave a Comment