Celebrity

ဒုကၡေရာက္ၿပီး စား၀တ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြကို စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္းခဲ့တဲ့ ဒိန္းေဒါင္တို႔ ခၽြန္တြန္းပရဟိတအဖြဲ႕

Written by Ms Cele

ဒုကၡေရာက္ၿပီး စား၀တ္ေနေရးခက္ခဲေနတဲ့ ျပည္သူေတြကို စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္းခဲ့တဲ့ ဒိန္းေဒါင္တို႔ ခၽြန္တြန္းပရဟိတအဖြဲ႕

ပရိသတ္ႀကီးေရ.. ရယ္စရာ ဟာသဇာတ္ ႐ုပ္ေတြနဲ႔ ပရိသတ္ေတြရဲ့တစ္ခဲနက္ အားေပးခ်စ္ခင္မႈေတြကို အခိုင္အမာ ရရွိထားတဲ့ ဒိန္းေဒါင္ ကေတာ့ ခၽြန္တြန္းပရဟိတအဖြဲ႕ကိုလည္း တည္ေထာင္ ထားၿပီး လက္ရွိအေျခအေနေတြမွာလည္း ျပည္သူေတြနဲ႔ ရပ္တည္ေနတာ ေတြ႕ရပါတယ္..။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ လပိုင္း ကတည္းက လမ္းေပၚထြက္ လႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့တဲ့အျပင္ ျပည္သူေတြ အတြက္ လိုအပ္တာေလးေတြကိုလည္း အားျဖည့္လႉဒါန္းရင္း ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ ကိုယ္တိုင္ပါဝင္ခဲ့တာပဲ ျဖစ္ပါ တယ္..။

တတ္နိုင္ေလာက္ ျပဳလုပ္ေနတဲ့ ဒိန္းေဒါင္တို႔ ခၽြန္တြန္းအဖြဲ႕ကေတာ့ စားဝတ္ေနေရးခက္ခဲေနၿပီး အခက္အခဲေတြနဲ ႔ၾကဳံေတြ႕ေနၾကရတဲ့ ျပည္သူေတြ အတြက္လည္း အလႉရွင္ေတြကိုယ္စား စားနပ္ရိကၡာေတြ ေပးေဝလႉဒါန္း ခဲ့ျပန္ပါတယ္..။ အလႉရွင္ေတြကိုယ္စား ခက္ခဲေနၾကတဲ့ျပည္သူ အိမ္ေထာင္စု(၁၂၄)စုစာ အတြက္ ဆန္၊ ဆီနဲ႔ အျခား စားေသာက္ကုန္ေတြကို ေပးေဝလႉဒါန္းၿပီး ကာယဒါနျပဳကာ ကုသိုလ္ယူခဲ့တာျဖစ္ၿပီး အလႉပုံရိပ္ေတြ ကိုလည္း ေဝမၽွထားပါေ သးတယ္..။

“ထိုင္းနိုင္ငံဖစ္ပူလီၿမိဳ႕Emerald ကုမၸဏီညီအစ္ကို ေမာင္ႏွမမ်ားမွ အဆင္မေျပၾကေ သာမိသားစု(124)စုစာအတြက္ ဆန္ ဆီ ဆားအလႉေတာ္နတ္လူ သာဓုေခၚေစေသာ္🙏🙏🙏🙏🙏..” ဆိုၿပီး အလႉပုံရိပ္ေတြကို ေဝမၽွထားတာ ျဖစ္ပါတယ္..။ လိုအပ္ေနတဲ့ျပည္သူေတြ အတြက္ ေစတနာရွင္ေတြ ကိုယ္စား သြားေရာက္လႉဒါန္းၿပီး ကာယဒါနျပဳခဲ့ၾကတဲ့ ဒိန္းေဒါင္တို႔ “ခၽြန္တြန္း” အဖြဲ႕ရဲ့ ကုသိုလ္ယူပုံရိပ္ေတြ ကိုလည္း ပရိသတ္ေတြ သာဓုေခၚအားေပးထားၾကတာ ေတြ႕ရပ ါတယ္..။

Photo Credit – Dain Daung’s Fb Acc
Credit

ဒုက္ခရောက်ပြီး စားဝတ်နေရေးခက်ခဲနေတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်းခဲ့တဲ့ ဒိန်းဒေါင်တို့ ချွန်တွန်းပရဟိတအဖွဲ့

ပရိသတ်ကြီးရေ.. ရယ်စရာ ဟာသဇာတ် ရုပ်တွေနဲ့ ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိထားတဲ့ ဒိန်းဒေါင် ကတော့ ချွန်တွန်းပရဟိတအဖွဲ့ကိုလည်း တည်ထောင် ထားပြီး လက်ရှိအခြေအနေတွေမှာလည်း ပြည်သူတွေနဲ့ ရပ်တည်နေတာ တွေ့ရပါတယ်..။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လပိုင်း ကတည်းက လမ်းပေါ်ထွက် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တဲ့အပြင် ပြည်သူတွေ အတွက် လိုအပ်တာလေးတွေကိုလည်း အားဖြည့်လှူဒါန်းရင်း တော်လှန်ရေးတိုက်ပွဲကြီးမှာ ကိုယ်တိုင်ပါဝင်ခဲ့တာပဲ ဖြစ်ပါ တယ်..။

တတ်နိုင်လောက် ပြုလုပ်နေတဲ့ ဒိန်းဒေါင်တို့ ချွန်တွန်းအဖွဲ့ကတော့ စားဝတ်နေရေးခက်ခဲနေပြီး အခက်အခဲတွေနဲ ့ကြုံတွေ့နေကြရတဲ့ ပြည်သူတွေ အတွက်လည်း အလှူရှင်တွေကိုယ်စား စားနပ်ရိက္ခာတွေ ပေးဝေလှူဒါန်း ခဲ့ပြန်ပါတယ်..။ အလှူရှင်တွေကိုယ်စား ခက်ခဲနေကြတဲ့ပြည်သူ အိမ်ထောင်စု(၁၂၄)စုစာ အတွက် ဆန်၊ ဆီနဲ့ အခြား စားသောက်ကုန်တွေကို ပေးဝေလှူဒါန်းပြီး ကာယဒါနပြုကာ ကုသိုလ်ယူခဲ့တာဖြစ်ပြီး အလှူပုံရိပ်တွေ ကိုလည်း ဝေမျှထားပါေ သးတယ်..။

“ထိုင်းနိုင်ငံဖစ်ပူလီမြို့Emerald ကုမ္ပဏီညီအစ်ကို မောင်နှမများမှ အဆင်မပြေကြေ သာမိသားစု(124)စုစာအတွက် ဆန် ဆီ ဆားအလှူတော်နတ်လူ သာဓုခေါ်စေသော်🙏🙏🙏🙏🙏..” ဆိုပြီး အလှူပုံရိပ်တွေကို ဝေမျှထားတာ ဖြစ်ပါတယ်..။ လိုအပ်နေတဲ့ပြည်သူတွေ အတွက် စေတနာရှင်တွေ ကိုယ်စား သွားရောက်လှူဒါန်းပြီး ကာယဒါနပြုခဲ့ကြတဲ့ ဒိန်းဒေါင်တို့ “ချွန်တွန်း” အဖွဲ့ရဲ့ ကုသိုလ်ယူပုံရိပ်တွေ ကိုလည်း ပရိသတ်တွေ သာဓုခေါ်အားပေးထားကြတာ တွေ့ရပ ါတယ်..။

Photo Credit – Dain Daung’s Fb Acc
Credit

About the author

Ms Cele

Leave a Comment