Celebrity
Written by Ms Cele
Credit
ဒုတိယမြောက်သမီးလေးကို မွေးပြီးပြီးချင်းနေ့မှာပဲ ဖမ်းဝရမ်းထုတ်ခံ လိုက်ရတဲ့ သူမရဲ့အဖြစ်ကို ပြောပြလာခဲ့တဲ့ ချမ်းချမ်း
ပရိသတ်ကြီးရေ အဆိုတော် ချမ်းချမ်း တစ်ယောက် လက်ရှိမှာ အီတလီနိုင်ငံတွင် ရောက်ရှိနေပြီး ဒုတိယသမီး ရတနာလေးအား အောင်မြင်စွာနဲ့ မွေးဖွားခဲ့ပြီပဲ ဖြစ်ပါတယ်နော်။ ကလေးမမွေးခင် အချိန်ထိကို တော်လှန်ရေး အတွက် လိုအပ်တဲ့နေရာတိုင်းကနေ ကူညီခဲ့သူပါနော်။ အခုလို ပါဝင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ ၅၀၅(က) ဝရမ်းထုတ်ခြင်း ခံခဲ့ရတာပါနော်။
Facebook Team ကလည်း သူမရဲ့ အကောင့်အား ခုနှစ်ရက် banned ထားတာကြောင့် ရက်ပိုင်းလောက် ပျောက်ကွယ် ခဲ့ရတာပါနော်။ ဒီညနေမှာ Facebook ပြန်လည်အသုံးပြုလို့ရပြီပဲ ဖြစ်ပြီး သူမရဲ့ Page နဲ့ အကောင့်နှစ်ခုလုံးတွင် ပို့စ်တစ်ခု တင်ထားခဲ့တာပါနော်။ ” ဒီနေ့ fb ပြန်သုံးလို့ရပီ။ ရရက်ပိတ်ခံရလို ့ဝမ်းမနည်းဘူး ။ဖမ်းဝရမ်းထုတ်ခံ ရတာလည်း ဝမ်းမနည်းဘူး ။
သေချာတာ တစ်ခုကတော့ ဓမ္မနဲ့အဓမ္မကြားမှာ အာဏာသိမ်းခံရတဲ့နေ့ စကတည်းက ပြတ်ပြတ်သားသား ဓမ္မကိုရွေးချယ်မိတာကို ဘဝမှာဂုဏ်အယူဆုံးပဲ ကိုယ့်အနုပညာမောင်နှမတွေ ဖမ်းဝရမ်းထုတ်ခံ ရပီးဖမ်းဆီးခံ နေရတာကိုမြင်နေကြားနေရတာ အရမ်းကိုခံပြင်းတယ် အခုလိုမတရားတာတွေခံရလေလေ ကိုယ်တွေကပိုပြီး စိတ်ဓာတ်တွေပြင်းထန်လေ ပဲနော်။ဒီလောက်နဲ့ အလျော့ပေးမယ့် အထဲမှာ ငါတို့အနုပညာသမားတွေ ပြည်သူတွေ CDMဝန်ထမ်းတွေမပါဘူး ဧပြီ၁ရက်နေ့ မှာ သမီးလေးကိုမွေးတယ်
ရက်နေ့မှာ ဖမ်းဝရမ်းထုတ်ခံရတယ် အနုပညာရှင်ဆိုတာ ပြည်သူနဲ့တစ်သားတည်း ဆိုတာ ဘယ်သူမှငြင်းစရာ မလိုပါဘူးတစ်နည်းအားဖြင့် ပြည်သူတွေ မတရားခံနေရတဲ့ အချိန်မှာ ပြည်သူထဲကပြည်သူတစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ ဘက်ကနေ ရောက်ရာနေရာကနေ အာဖြည့်ပေးချင်တဲ့ဆန္ဒတစ်ခုပဲရှိတယ် အမှန်တရားအတွက် အတူတွန်းလှန်မယ်အနာဂတ်ရဲ့ကလေးတွေအတွက် မိမဲ့ဖမဲ့ဖြစ်သွားတဲ့ သားတွေသမီးတွေအတွက် ဆက်ပြီးအားတင်းရှေ့ဆက်ကြရမယ် စစ်အာဏာရှင် လက်အောက်တော့ ပြန်မနေနိုင်တော့ဘူး
မျက်စိပိတ်နား ပိတ်လုပ်ခံရတာ တို့တွေရဲ့မျိုးဆက်တွေခေတ်မှာ ထပ်မရှိရတော့ဘူးတိုင်းပြည် အတွက် အသက်ပေးစတေးခဲ့တဲ့ သူရဲကောင်းသားတွေသမီးတွေ ..ညီအစ်ကိုမောင်နှမတွေအားလုံးကို အထူးလေးစားဦးညွတ်ပါတယ်နွေဦးတော်လှန်ရေး အတွက် ပါဝင်အသက်ပေးခဲ့ ကြသူတွေကို လေးစားပါတယ် ကောင်းကင်ဘုံမှာ ကျက်သရေအရှိဆုံး လူသားတွေပါ🙏🙏🙏အခုအချိန်မှာ ဘယ်သူဘယ်ဝါရယ်လို့ မခွဲခြားပဲ အတတ်နိုင်ဆုံး ကူညီကြမယ်နော်
အဝေးရောက်နေသူတွေ ကလည်း ကိုယ်တတ်နိုင်တဲ့ ဘက်က နေ Twitter တွေ Instagram တွေကနေ ကူညီမယ်ငွေကြေးတတ်နိုင်သူတွေက CDM ပြည်သူ့ဝန်ထမ်းတွေကိုကူညီမယ်စိတ်ဓါတ်မကျအောင်တစ်ယောက်နဲ့ တစ်ယောက်အားပေးကြရအောင်နော် မကြာမီ အမှန်တရားကအနိုင်ရတော့မှာပါယုံကြည်တယ် တတ်နိုင်သမျှ 🙏🙏🙏ဝရမ်းထုတ်ခံရတဲ့ ပြည်သူတွေ အနုပညာရှင်တွေကို တတ်နိုင်သမျှကူညီ ကာကွယ် ပေးကြပါဦးနော် ပြည်သူထဲကပြည်သူအနေနဲ့ အရေးတော်ပုံအောင်ရမည်🙏🙏🙏🙏
#rejectmilitarycoupmyanmar #FlowerStrikeMyanmar ” ဆိုပြီး ရေးသားထားတာပါနော်။
Credit
About the author
Ms Cele
Leave a Comment