Celebrity

ဒုတိယ ကိုယ္၀န္လြယ္ ထားရေၾကာင္း ပရိသတ္ကို အသိေပး လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

Written by Ms Cele

ဒုတိယ ကိုယ္၀န္လြယ္ ထားရေၾကာင္း ပရိသတ္ကို အသိေပး လာတဲ့ အဆိုေတာ္ ခ်မ္းခ်မ္း

ေတးသံရွင္ ခ်မ္းခ်မ္းတို႔ မိသားစုအတြက္ ဝမ္းသာစရာ သတင္းေလးတစ္ခု 💖။ေတးသံရွင္ ခ်မ္းခ်မ္း ဟာ ဒီေန႔ ဒီဇင္ဘာလ ၁ ရက္ နံနက္ပိုင္းက သူမကိုယ္တိုင္အသုံးျပဳတဲ့ လူမႈကြန္ရက္မွတဆင့္ ဒုတိယေျမာက္ ရင္ေသြးေလး လြယ္ထား ရၿပီျဖစ္ေၾကာင္း သူခ်စ္ရတဲ့ ပရိသတ္ေတြကို အခုလို အသိေပးေရးသား ေဖာ္ျပခဲ့တာျဖစ္ၿပီး အခုဆိုရင္ ကိုယ္ဝန္ ၅ လရွိၿပီလို႔သိရပါတယ္။

Happy Sweet December Everyone 🌲🎉✨🎊
* ပထမဆုံး အေနနဲ႔ အရာအားလုံး အတြက္ ကြၽန္မ ဘုရားသခင္ ကို ေက်းဇူးတင္ပါတယ္🙏
* ဒုတိယအေနနဲ႔ အခုခ်ိန္ထိ ဘဝမွာ ဘယ္ႏွႀကိမ္ပဲ လဲက်ခဲ့ပါေစ- အၿမဲအနားမွာ ေစာင့္ေရွာက္အားေပးခဲ့တဲ့ အေဖနဲ႔ အေမ၊ မိတ္ေဆြ သူငယ္ခ်င္းေတြ အားလုံးကို ေက်းဇူးအရမ္း တင္ပါတယ္🙏
* တတိယ တစ္ခုကို အခုမွ စေျပာမွာပါ ☺

ဘဝမွာ ပထမဆုံး သမီးေလးဂဂၤါကို ကိုယ္ဝန္ေဆာင္ ၿပီး ၆ႏွစ္ေက်ာ္အၾကာမွာ ဒုတိယအႀကိမ္ အျဖစ္ ေနာက္ထပ္ ရင္ေသြးေလးကို ေအာင္ျမင္စြာနဲ႔ ကိုယ္ဝန္ေဆာင္ႏိုင္ခဲ့ပါၿပီ🤗။Covid ကာလမွာသမီးေလး အထီးက်န္စြာနဲ႔ အိမ္ထဲမွာ ပ်င္းေနတာကိုျမင္ရတာ စိတ္မခ်မ္းသာခဲ့ဘူး။ အၿမဲတမ္းေမာင္ေလးျဖစ္ျဖစ္ ညီမေလးျဖစ္ျဖစ္လိုခ်င္တယ္လို႔…သမီးေလးက ေတာင္းဆိုခဲ့တာ….ဒီႏွစ္ေတာ့ အဆိုးထဲက အေကာင္းပါပဲ။

အမွန္အတိုင္းေျပာရရင္ ကြၽန္မအသက္က ေနာက္ ၃ ႏွစ္ေလာက္ဆို
၃၅ ႏွစ္ျပည့္ ပါေတာ့မယ္။ အခုလိုအခ်ိန္ရွိတုန္း ငယ္႐ြယ္တုန္း နားခ်ိန္ရတုန္းေလးမွာ ကေလး တေယာက္ေလာက္ လိုခ်င္မိတယ္။
ယူမယ္လို႔လဲ အစထဲက ဆုံးျဖတ္ထားၿပီး သားမို႔ ယူျဖစ္ခဲ့သလို သမီးေလးလဲ အေဖာ္ရေအာင္ေပါ့။

ကေလးမယူတာ ၆ ႏွစ္ေလာက္ျခား သြားေတာ့ အစစအရာရာ အကုန္လုံး အသစ္ကေန ျပင္ၿပီး ျပင္ဆင္ခဲ့ရပါတယ္။ မိခင္ေယာက္ျဖစ္ဖို႔ အတြက္က က်န္းမာဖို႔က အရမ္းအေရးႀကီးတဲ့ အတြက္ အစစအရာရာ ျပင္ဆင္ၿပီး ေနာက္ထပ္ ၂လေလာက္ထပ္ေစာင့္ၾကည့္တယ္။ ကံေကာင္းစြာနဲ႔ ….🤗 July လမွာ ကိုယ္ဝန္ရွိေနၿပီလို႔ ဆရာဝန္ကေျပာတယ္။ကြၽန္မ မယုံႏိုင္ခဲ့ဘူး။ သမီးေလးအတြက္ အေဖာ္ရၿပီ။ မိသားစုဆိုတာ သိုက္သိုက္ဝန္းဝန္းနဲ႔ ေႏြးေထြးတဲ့ အသိုက္အၿမဳံ တခုပဲေလ။အထီးက်န္ဖို႔ေမြးဖြားလာၾကတာမဟုတ္ဘူး။

အဲဒီေတာ့ ဘုရားကို ကြၽန္မ အားကိုး ဆုေတာင္းခဲ့တယ္။ ကြၽန္မအတြက္ ေႏြးေထြးတဲ့ အသိုက္အၿမဳံေလး ရဖို႔အတြက္ ဒီႏွစ္ရဲ႕ ဘုရားေပးတဲ့လက္ေဆာင္ေတြထဲမွာေတာ့ ဒီလက္ေဆာင္ေလးဟာ အရာအားလုံးကိုျပည့္စုံေစခဲ့ပီေလ🤗။က်န္ခဲ့တဲ့ ၁ပတ္က ultra sound ႐ိုက္ေတာ့ ၅ လရွိၿပီက်န္းက်န္းမာမာပဲတဲ့။အိုး…ဘာေလးပဲရရပါ…အဓိက က ေျခလက္အဂၤါ စုံဖို႔ရယ္ က်န္းမာဖို႔ရယ္..ညဏ္ရည္ေကာင္းဖို႔ရယ္ပါပဲ…က်န္တာဘုရားေပးသေလာက္ေပါ့..😇။

မိသားစု ဘဝေလး ၿပိဳကြဲခဲ့ရခ်ိန္ေတြ/နာက်င္ခဲ့ ရခ်ိန္ေတြ/အားလုံးကို အေကာင္းျမင္ စိတ္နဲ႔ ေက်ာ္ျဖတ္လာခဲ့တာ .… အခုဆို အခ်ိန္ေတာင္ (၃) ႏွစ္ရွိခဲ့ပါၿပီ။ အခု လက္ရွိဘဝမွာ ကိုယ့္ကို တန္ဖိုးထားၿပီး ခ်စ္ေပးတဲ့ ဗိုက္ထဲက ကေလးေလးရဲ႕ေဖေဖ Enrico ကိုလည္း ေက်းဇူး အထူးတင္ ပါတယ္ 😘။လက္တြဲလာခဲ့တာ အခ်ိန္(၂) ႏွစ္အတြင္းpositive အျမင္နဲ႔ ဘဝကိုျဖတ္သန္းဖို႔ သင္ၾကားေပးတဲ့ အတြက္ရယ္/ကြၽန္မရဲ႕အတိတ္ေတြကို နားလည္ေပးၿပီး ကြၽန္မနဲ႔ သမီးေလးဂဂၤါကို မိသားစုဝင္ အျဖစ္သတ္မွတ္ လက္ခံေပးတဲ့ အတြက္ရယ္/တေယာက္တည္း ပင္ပန္းေနခ်ိန္ေတြမွာ အစစအရာရာ နားလည္ခြင့္လႊတ္ ေဖးမေပးလို႔ အတိုင္း မသိဝမ္းသာ မိရပါတယ္။ေက်းဇူးလဲ တင္တယ္။

သူ႔ရဲ႕ September လတုန္းက အသက္ ၃၄ ႏွစျပည့္ေမြးေန႔မွာ ဘာလက္ေဆာင္ ေပးရမွန္း မသိဘူးလို႔ေျပာေတာ့ အခုဗိုက္ထဲမွာေရာက္ေနတဲ့ ဒီကေလးေလးဟာ ကြၽန္မတို႔ႏွစ္ေယာက္ အတြက္ ဘုရားကေပးတဲ့ အနာဂတ္လက္ေဆာင္ေလးပဲတဲ့။ဘာမွမလိုဘူး။ ကေလးနဲ႔မိခင္ က်န္းမာဖို႔အေရးႀကီးတယ္ ဆိုတဲ့…သူ႔စကားေၾကာင့္ အရမ္းေပ်ာ္ခဲ့ရတယ္ 💖💖💖 ။အတိတ္ကအတိတ္ပါပဲ။ က်န္ရွိေနေသးတဲ့ ကြၽန္မရဲ႕အနာဂတ္ ကိုေတာ့ ကြၽန္မကို တန္ဖိုးထားခ်စ္တဲ့ သူေတြနဲ႔ ကြၽန္မခ်စ္ရတဲ့သူေတြနဲ႔သာ ဘဝကို ေပ်ာ္႐ႊင္စြာနဲ႔ ျဖတ္သန္းသြားမွာျဖစ္တဲ့ အေၾကာင္းေလး ကြၽန္မကို ခ်စ္တဲ့ ့ကြၽန္မ ခ်စ္တဲ့ ပရိသတ္ အတြက္ စကားေလးပါးရင္း အားလုံး Happy Sweet December ပါေနာ္🌲🎀က်န္းမာ ေပ်ာ္႐ႊင္ၾကပါေစ” ေတးသံရွင္ ခ်မ္းခ်မ္း🎁 ဆိုၿပီးတင္ ထားတာပဲ ျဖစ္ပါတယ္။

Credit:Swelsone News

ဒုတိယ ကိုယ်ဝန်လွယ် ထားရကြောင်း ပရိသတ်ကို အသိပေး လာတဲ့ အဆိုတော် ချမ်းချမ်း

တေးသံရှင် ချမ်းချမ်းတို့ မိသားစုအတွက် ဝမ်းသာစရာ သတင်းလေးတစ်ခု 💖။တေးသံရှင် ချမ်းချမ်း ဟာ ဒီနေ့ ဒီဇင်ဘာလ ၁ ရက် နံနက်ပိုင်းက သူမကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်မှတဆင့် ဒုတိယမြောက် ရင်သွေးလေး လွယ်ထား ရပြီဖြစ်ကြောင်း သူချစ်ရတဲ့ ပရိသတ်တွေကို အခုလို အသိပေးရေးသား ဖော်ပြခဲ့တာဖြစ်ပြီး အခုဆိုရင် ကိုယ်ဝန် ၅ လရှိပြီလို့သိရပါတယ်။

Happy Sweet December Everyone 🌲🎉✨🎊
* ပထမဆုံး အနေနဲ့ အရာအားလုံး အတွက် ကျွန်မ ဘုရားသခင် ကို ကျေးဇူးတင်ပါတယ်🙏
* ဒုတိယအနေနဲ့ အခုချိန်ထိ ဘဝမှာ ဘယ်နှကြိမ်ပဲ လဲကျခဲ့ပါစေ- အမြဲအနားမှာ စောင့်ရှောက်အားပေးခဲ့တဲ့ အဖေနဲ့ အမေ၊ မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအရမ်း တင်ပါတယ်🙏
* တတိယ တစ်ခုကို အခုမှ စပြောမှာပါ ☺

ဘဝမှာ ပထမဆုံး သမီးလေးဂင်္ဂါကို ကိုယ်ဝန်ဆောင် ပြီး ၆နှစ်ကျော်အကြာမှာ ဒုတိယအကြိမ် အဖြစ် နောက်ထပ် ရင်သွေးလေးကို အောင်မြင်စွာနဲ့ ကိုယ်ဝန်ဆောင်နိုင်ခဲ့ပါပြီ🤗။Covid ကာလမှာသမီးလေး အထီးကျန်စွာနဲ့ အိမ်ထဲမှာ ပျင်းနေတာကိုမြင်ရတာ စိတ်မချမ်းသာခဲ့ဘူး။ အမြဲတမ်းမောင်လေးဖြစ်ဖြစ် ညီမလေးဖြစ်ဖြစ်လိုချင်တယ်လို့…သမီးလေးက တောင်းဆိုခဲ့တာ….ဒီနှစ်တော့ အဆိုးထဲက အကောင်းပါပဲ။

အမှန်အတိုင်းပြောရရင် ကျွန်မအသက်က နောက် ၃ နှစ်လောက်ဆို
၃၅ နှစ်ပြည့် ပါတော့မယ်။ အခုလိုအချိန်ရှိတုန်း ငယ်ရွယ်တုန်း နားချိန်ရတုန်းလေးမှာ ကလေး တယောက်လောက် လိုချင်မိတယ်။
ယူမယ်လို့လဲ အစထဲက ဆုံးဖြတ်ထားပြီး သားမို့ ယူဖြစ်ခဲ့သလို သမီးလေးလဲ အဖော်ရအောင်ပေါ့။

ကလေးမယူတာ ၆ နှစ်လောက်ခြား သွားတော့ အစစအရာရာ အကုန်လုံး အသစ်ကနေ ပြင်ပြီး ပြင်ဆင်ခဲ့ရပါတယ်။ မိခင်ယောက်ဖြစ်ဖို့ အတွက်က ကျန်းမာဖို့က အရမ်းအရေးကြီးတဲ့ အတွက် အစစအရာရာ ပြင်ဆင်ပြီး နောက်ထပ် ၂လလောက်ထပ်စောင့်ကြည့်တယ်။ ကံကောင်းစွာနဲ့ ….🤗 July လမှာ ကိုယ်ဝန်ရှိနေပြီလို့ ဆရာဝန်ကပြောတယ်။ကျွန်မ မယုံနိုင်ခဲ့ဘူး။ သမီးလေးအတွက် အဖော်ရပြီ။ မိသားစုဆိုတာ သိုက်သိုက်ဝန်းဝန်းနဲ့ နွေးထွေးတဲ့ အသိုက်အမြုံ တခုပဲလေ။အထီးကျန်ဖို့မွေးဖွားလာကြတာမဟုတ်ဘူး။

အဲဒီတော့ ဘုရားကို ကျွန်မ အားကိုး ဆုတောင်းခဲ့တယ်။ ကျွန်မအတွက် နွေးထွေးတဲ့ အသိုက်အမြုံလေး ရဖို့အတွက် ဒီနှစ်ရဲ့ ဘုရားပေးတဲ့လက်ဆောင်တွေထဲမှာတော့ ဒီလက်ဆောင်လေးဟာ အရာအားလုံးကိုပြည့်စုံစေခဲ့ပီလေ🤗။ကျန်ခဲ့တဲ့ ၁ပတ်က ultra sound ရိုက်တော့ ၅ လရှိပြီကျန်းကျန်းမာမာပဲတဲ့။အိုး…ဘာလေးပဲရရပါ…အဓိက က ခြေလက်အင်္ဂါ စုံဖို့ရယ် ကျန်းမာဖို့ရယ်..ညဏ်ရည်ကောင်းဖို့ရယ်ပါပဲ…ကျန်တာဘုရားပေးသလောက်ပေါ့..😇။

မိသားစု ဘဝလေး ပြိုကွဲခဲ့ရချိန်တွေ/နာကျင်ခဲ့ ရချိန်တွေ/အားလုံးကို အကောင်းမြင် စိတ်နဲ့ ကျော်ဖြတ်လာခဲ့တာ .… အခုဆို အချိန်တောင် (၃) နှစ်ရှိခဲ့ပါပြီ။ အခု လက်ရှိဘဝမှာ ကိုယ့်ကို တန်ဖိုးထားပြီး ချစ်ပေးတဲ့ ဗိုက်ထဲက ကလေးလေးရဲ့ဖေဖေ Enrico ကိုလည်း ကျေးဇူး အထူးတင် ပါတယ် 😘။လက်တွဲလာခဲ့တာ အချိန်(၂) နှစ်အတွင်းpositive အမြင်နဲ့ ဘဝကိုဖြတ်သန်းဖို့ သင်ကြားပေးတဲ့ အတွက်ရယ်/ကျွန်မရဲ့အတိတ်တွေကို နားလည်ပေးပြီး ကျွန်မနဲ့ သမီးလေးဂင်္ဂါကို မိသားစုဝင် အဖြစ်သတ်မှတ် လက်ခံပေးတဲ့ အတွက်ရယ်/တယောက်တည်း ပင်ပန်းနေချိန်တွေမှာ အစစအရာရာ နားလည်ခွင့်လွှတ် ဖေးမပေးလို့ အတိုင်း မသိဝမ်းသာ မိရပါတယ်။ကျေးဇူးလဲ တင်တယ်။

သူ့ရဲ့ September လတုန်းက အသက် ၃၄ နှစပြည့်မွေးနေ့မှာ ဘာလက်ဆောင် ပေးရမှန်း မသိဘူးလို့ပြောတော့ အခုဗိုက်ထဲမှာရောက်နေတဲ့ ဒီကလေးလေးဟာ ကျွန်မတို့နှစ်ယောက် အတွက် ဘုရားကပေးတဲ့ အနာဂတ်လက်ဆောင်လေးပဲတဲ့။ဘာမှမလိုဘူး။ ကလေးနဲ့မိခင် ကျန်းမာဖို့အရေးကြီးတယ် ဆိုတဲ့…သူ့စကားကြောင့် အရမ်းပျော်ခဲ့ရတယ် 💖💖💖 ။အတိတ်ကအတိတ်ပါပဲ။ ကျန်ရှိနေသေးတဲ့ ကျွန်မရဲ့အနာဂတ် ကိုတော့ ကျွန်မကို တန်ဖိုးထားချစ်တဲ့ သူတွေနဲ့ ကျွန်မချစ်ရတဲ့သူတွေနဲ့သာ ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းသွားမှာဖြစ်တဲ့ အကြောင်းလေး ကျွန်မကို ချစ်တဲ့ ့ကျွန်မ ချစ်တဲ့ ပရိသတ် အတွက် စကားလေးပါးရင်း အားလုံး Happy Sweet December ပါနော်🌲🎀ကျန်းမာ ပျော်ရွှင်ကြပါစေ” တေးသံရှင် ချမ်းချမ်း🎁 ဆိုပြီးတင် ထားတာပဲ ဖြစ်ပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment