Celebrity


Written by Ms Cele





Source: Eisi Kway’s fb

ဒူးက ဒဏ်ရာကို ကြင်ကြင်နာနာနဲ့ ဆေးထည့်ပေးနေတဲ့ ချစ်သူလေးကြောင့် ပီတိတွေဖြစ်နေတဲ့ အိစိကွေး

ကလေးသရုပ်ဆောင် ဘဝကတည်းက ပရိသတ်တွေချစ်ခဲ့ရတဲ့ အိစိကွေးက အခုဆိုရင် လူပျိုပေါက်လေး တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပါတယ်။ လူငယ် တစ်ယောက်ပီပီ ရင်ခုန်တတ်နေပြီဖြစ်တဲ့ အိစိကွေးက သူ့ရဲ့အချစ်ရေးနဲ့ ပက်သတ်ပြီးလည်း ပရိသတ် တွေကို ပွင့်ပွင့်လင်းလင်းချပြထားသူ တစ်ယောက် ဖြစ်ပါတယ်။ အိစိကွေးရဲ့ချစ်သူ မိန်းကလေးကလည်း အနုပညာလောက ထဲကဖြစ်တာမို့ ပရိသတ်တွေ ကတော့ နေနဲ့လ ရွှေနဲ့မြလို လိုက်ဖက်ကြ တယ်လို့ ထင်ကြေးပေးနေကြတာပဲ ဖြစ်ပါတယ်။

အချစ်ရေးနဲ့ ပက်သတ်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်အခန့်မသင့် ဖြစ်တာတွေရှိသလို ကြည်နူးစရာ အမှတ်တရ တွေလည်းရှိတဲ့ အိစိကွေးတို့ ချစ်သူနှစ်ယောက်က ဒီကနေ့မှာလည်း ပရိသတ်တွေကို အားကျစေ ခဲ့ပြန်ပါပြီ။ အိစိကွေးက ဘောလုံးကန်ရင်းရခဲ့တဲ့ ဒူးဒဏ်ရာကို သေသေချာချာလေး ဂရုတစိုက် ဆေးထည့်ပေးတဲ့ ချစ်သူကြောင့် ကြည်နူးမဆုံးဖြစ်နေပြီး အခုလိုပဲ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ကူးထားတာကို တွေ့ရပါတယ်။

အိစိကွေး ကတော့ သူ့အပေါ် အရမ်းချစ်ပြီး အစစအရာရာ ဂရုတစိုက် ရှိတဲ့ ချစ်သူကောင်း တစ်ယောက်ကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း အိစိကွေးတို့ ချစ်သူနှစ်ယောက်ရဲ့ ကြည်နူးစရာ အခိုက်အတံ့တွေ ကိုကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Eisi Kway’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment