Celebrity

ဓာတ္ပံုေလး တစ္ပံုနဲ႕ ျပည္တြင္းျပည္ပက ႏႈတ္ခမ္းနီမေလး ေတြကို ဂယက္ထ ပြဲဆူသြားေစ ခဲ့တဲ့ ပိုင္တံခြန္

Written by Ms Cele

ဓာတ္ပံုေလး တစ္ပံုနဲ႕ ျပည္တြင္းျပည္ပက ႏႈတ္ခမ္းနီမေလး ေတြကို ဂယက္ထ ပြဲဆူသြားေစ ခဲ့တဲ့ ပိုင္တံခြန္

ႏိုင္ငံေက်ာ္ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပိုင္တံခြန္က လက္ရိွမွာေတာ့ သူ႔ရဲ႕ ဆန္းအတက္ဆံုး အခ်ိန္ကို ေရာက္ရိွေနတာ ျဖစ္ပါတယ္။ ပိုင္တံခြန္က ျပည္တြင္းမွာ သာမက ျပည္ပႏိုင္ငံေတြ ထိပါ ထိုးေဖာက္ ေအာင္ျမင္ေနသူ တစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပိုင္တံခြန္ရဲ႕ ၾကံခုိင္သန္စြမ္း တဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး ေခ်ာေမာတဲ့ ႐ုပ္ရည္ေၾကာင့္ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို အခိုင္အမာ ရရိွထားတာပါ။ ပိုင္တံခြန္ ကေတာ့ ျပည္တြင္းျပည္ပ မွာ အနုပညာ လႈပ္ရွားမႈေတြ ရိွေပမယ့္ ဒီနွစ္ (၂၀၂၀) မွာေတာ့ ကပ္ေရာဂါ အေျခအေနေတြေၾကာင့္ အနုပညာ လႈပ္ရွားမႈေတြကို ေတာ္ေတာ္ၾကီး ေလွ်ာ့ခ်ထား တာကို ေတြ့ရပါတယ္။

ပရိသတ္ေတြနဲ့ ထိေတြ့နိုင္ဖို့ ဓာတ္ပံုေလး ေတြနဲ့သာ ခ်ိတ္ဆက္ ေနရတဲ့ ပိုင္တံခြန္က မေန့က ဒီဇင္ဘာလ (၅) ရက္ေန့မွာေတာ့ သူ့ရဲ့ အေပၚပိုင္း အဝတ္မပါတဲ့ ေရကန္ထဲက ဓာတ္ပံုတစ္ပံုကို မွ်ေဝေပး လာပါတယ္။ ပိုင္တံခြန္ရဲ့ အေပၚတိုင္း ၾကြက္သား အဖုအထစ္ေတြ နဲ့ အမိုက္စား တက္တူေတြကို ေပၚလြင္ေစတဲ့ ဓာတ္ပံုေတြ ကေတာ့ မိန္းကေလး ေတြကို အရူးအမူးျဖစ္သြား ေစခဲ့ျပီး ဂယက္ထ ပြဲေစသြားခဲ့တာပဲ ျဖစ္ပါတယ္။ အထူးသျဖင့္ နိုင္ငံျခားက မိန္းကေလး ပရိသတ္ေတြ ကေတာ့ ပိုင္တံခြန္ရဲ့ ဓာတ္ပံုကို သေဘာက်ေနၾကတာကို ပိုင္တံခြန္က သူ့ရဲ့ အင္စတာဂရမ္ စာမ်က္နွာမွာ ျပန္လည္မွ်ေဝေပး လာပါတယ္။

ပိုင္တံခြန္ကေတာ့ ဘာမွေထြေထြ ထူးထူးမလုပ္ပဲ ဓာတ္ပံုေလး တစ္ပံုနဲ့တင္ ပရိသတ္ေတြကို ပြဲဆူေစ ခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီး လည္း ပိုင္တံခြန္ရဲ့ အမုိက္စား ပံုရိပ္ေလးကို မေၾကြပဲေနနိုင္ၾကမယ္ မထင္ပါဘူးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

ဓာတ်ပုံလေး တစ်ပုံနဲ့ ပြည်တွင်းပြည်ပက နှုတ်ခမ်းနီမလေး တွေကို ဂယက်ထ ပွဲဆူသွားစေ ခဲ့တဲ့ ပိုင်တံခွန်

နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန်က လက်ရှိမှာတော့ သူ့ရဲ့ ဆန်းအတက်ဆုံး အချိန်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာ သာမက ပြည်ပနိုင်ငံတွေ ထိပါ ထိုးဖောက် အောင်မြင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်ရဲ့ ကြံခိုင်သန်စွမ်း တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ချောမောတဲ့ ရုပ်ရည်ကြောင့် မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတာပါ။ ပိုင်တံခွန် ကတော့ ပြည်တွင်းပြည်ပ မှာ အနုပညာ လှုပ်ရှားမှုတွေ ရှိပေမယ့် ဒီနှစ် (၂၀၂၀) မှာတော့ ကပ်ရောဂါ အခြေအနေတွေကြောင့် အနုပညာ လှုပ်ရှားမှုတွေကို တော်တော်ကြီး လျှော့ချထား တာကို တွေ့ရပါတယ်။

ပရိသတ်တွေနဲ့ ထိတွေ့နိုင်ဖို့ ဓာတ်ပုံလေး တွေနဲ့သာ ချိတ်ဆက် နေရတဲ့ ပိုင်တံခွန်က မနေ့က ဒီဇင်ဘာလ (၅) ရက်နေ့မှာတော့ သူ့ရဲ့ အပေါ်ပိုင်း အဝတ်မပါတဲ့ ရေကန်ထဲက ဓာတ်ပုံတစ်ပုံကို မျှဝေပေး လာပါတယ်။ ပိုင်တံခွန်ရဲ့ အပေါ်တိုင်း ကြွက်သား အဖုအထစ်တွေ နဲ့ အမိုက်စား တက်တူတွေကို ပေါ်လွင်စေတဲ့ ဓာတ်ပုံတွေ ကတော့ မိန်းကလေး တွေကို အရူးအမူးဖြစ်သွား စေခဲ့ပြီး ဂယက်ထ ပွဲစေသွားခဲ့တာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံခြားက မိန်းကလေး ပရိသတ်တွေ ကတော့ ပိုင်တံခွန်ရဲ့ ဓာတ်ပုံကို သဘောကျနေကြတာကို ပိုင်တံခွန်က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ပြန်လည်မျှဝေပေး လာပါတယ်။

ပိုင်တံခွန်ကတော့ ဘာမှထွေထွေ ထူးထူးမလုပ်ပဲ ဓာတ်ပုံလေး တစ်ပုံနဲ့တင် ပရိသတ်တွေကို ပွဲဆူစေ ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး လည်း ပိုင်တံခွန်ရဲ့ အမိုက်စား ပုံရိပ်လေးကို မကြွေပဲနေနိုင်ကြမယ် မထင်ပါဘူးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment