Celebrity


Written by Ms Cele





Credit:Swel Sone News

ဓားအစစ်သုံးပြီး ဓားနဲ့အထိုးခံ ရတဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရင်း ဓားနဲ့ မတော်တဆ ထိခိုက် မိသွားတဲ့ အကြောင်းလေးကို ပြောပြ လာတဲ့ ခန့်သီရိဇော်

ပရိသတ်ကြီးရေ.. MRTV-4 မင်းသမီးချော တွေထဲမှာ ဇာတ်ကားတွေများစွာ ရိုက်ကူး ထားပြီး ပရိသတ်အချစ်တွေ ကို သိမ်းပိုက်ထား သူလေး ကတော့ မင်းသမီးချောလေး ခန့်သီရိဇော် ပဲ ဖြစ်ပါတယ်နော်..။ ဆွဲဆောင် မှုရှိပြီး ကျော့ရှင်းတဲ့ အလှတရား တွေကို ပိုင်ဆိုင်ထား သလို ချစ်စရာလည်းကောင်းတဲ့ သူမ ကတော့ လတ်တလော မှာ ထုတ်လွှင့်ပြသနေတဲ့”မာယာလှည့်ကွက်” ဇာတ်ကားမှာ လည်း အမရာမုန်း ဆိုတဲ့ ဇာတ်ကောင်လေး နဲ့ အားလုံးကို အချစ်ပိုစေပြန်ပါတယ်နော်..။

သူမရဲ့လှုပ်ရှားမှုလေးေ တွနဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ ခန့်ကတော့ အခုတ စ်ခါမှာလည်း ဓားနဲ့အထိုးခံရတဲ့ ဇာတ်ဝင်ခန်းပုံရိပ်လေး တွေကို ဝေမျှလာပါတယ်နော်..။ ဓားအစစ်သုံးပြီး ဓားနဲ့အထိုးခံရတဲ့ ဇာတ်ဝင်ခန်း ရိုက်ကူးရင်း ရိုက်ကွင်းနောက်ကွယ်မှာ လက်ကိုဓားနဲ့ မတော်တဆထိခိုက်မိသွားတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။

“ဓားနဲ့ အထိုးခံရတဲ့ အခန်းရိုက်တုန်း က တကယ့်ဓား အစစ်နဲ့ ရိုက်ခဲ့ရတာတကယ့်အမှတ်တရပါပဲ။ ရိုက်ရင်း mood ဝင်သွားပြီး လက်ကိုဓားနဲ့ မတော်တဆလေး ထိမိသွားတာတောင် မသိဘူး ရိုက်ပြီးတော့မှ နာမှန်းသိတယ်..” ဆိုပြီး ခန့်က ပြောပြထားတာပါ..။ ချစ်စရာကောင်းပြီး သရုပ်ဆောင်လည်း ကောင်းလွန်းတဲ့ ခန့်ရဲ့ ရိုက်ကွင်းပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Credit:Swel Sone News

About the author

Ms Cele

Leave a Comment