Local News

နတ္စင္ တစ္ရာ ဆရာေတာ္ လည္း ကိုဗစ္ကူးစက္ ခံလိုက္ ရၿပီ

Written by Ms Cele

နတ္စင္ တစ္ရာ ဆရာေတာ္ လည္း ကိုဗစ္ကူးစက္ ခံလိုက္ ရၿပီ

ရန္ကုန္တိုင္းေဒသႀကီး၊ သံလ်င္ၿမိဳ႕ေန နတ္စင္တစ္ရာဆရာေတာ္ထံတြင္ ကိုဗစ္-၁၉ ေရာဂါပိုး ေတြ႕ရွိခဲ့ရေၾကာင္း ျပည္ေထာင္စုဝန္ႀကီး(ၿငိမ္း) ဦးအုန္းျမင့္ထံက တစ္ဆင့္ သိရပါတယ္။

နတ္စင္တရာဆရာေတာ္ကို (ေအာက္တိုဘ ၁၂ရက္)က ေဆးစစ္ရာမွာ ကိုဗစ္-၁၉ Positive ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ လက္ရွိမွာေတာ့ ဆရာေတာ္မွာ ရန္ကုန္ၿမိဳ႕ မင္းဓမၼလမ္း သီရိမဂၤလာ မဟာသာသနာ့ ဗိမာန္ေတာ္ တပ္မေတာ္ ေဆးကုသေရး ေဆး႐ုံမွာ တက္ေရာက္ ကုသလၽွက္ ရွိတယ္လို႔ သိရပါတယ္။

“ဆရာေတာ္ ဘုရားကို ေဆး႐ုံတာဝန္ခံ ဗိုလ္မႉးႀကီးေဒၚေကသီထြန္းနဲ႔ တာဝန္ခံ အသီးသီးက အထူးၾကပ္မတ္ ကုသလၽွက္ရွိပါတယ္။ အနီးကပ္ အုပ္ခ်ဳပ္မႈ တာဝန္ယူထားတဲ့ တပ္မႉး ဗိုလ္မႉးႀကီးျမတ္စိုး ဗိုလ္မႉးကိုကိုဦးနဲ႔ တပ္မေတာ္သား အားလုံးကို လည္း ေက်းဇူးတင္ ပါတယ္။”လို႔ ျပည္ေထာင္စုဝန္ႀကီး(ၿငိမ္း) ဦးအုန္းျမင့္က ဆိုထားပါတယ္။

ျပည္ေထာင္စုဝန္ႀကီး(ၿငိမ္း) ဦးအုန္းျမင့္မွ ဆရာေတာ္ႀကီး လိုအပ္သည္ မ်ားကို ေပးပို႔လႉဒါန္းခဲ့ၿပီး ဆရာေတာ္ႀကီး က်န္းမာေရး အေျခအေနမွာ တိုးတက္ ေကာင္းမြန္တယ္လို႔ သိရပါတယ္။

နတ်စင် တစ်ရာ ဆရာတော် လည်း ကိုဗစ်ကူးစက် ခံလိုက် ရပြီ

ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့နေ နတ်စင်တစ်ရာဆရာတော်ထံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ရကြောင်း ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမြင့်ထံက တစ်ဆင့် သိရပါတယ်။

နတ်စင်တရာဆရာတော်ကို (အောက်တိုဘ ၁၂ရက်)က ဆေးစစ်ရာမှာ ကိုဗစ်-၁၉ Positive တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆရာတော်မှာ ရန်ကုန်မြို့ မင်းဓမ္မလမ်း သီရိမင်္ဂလာ မဟာသာသနာ့ ဗိမာန်တော် တပ်မတော် ဆေးကုသရေး ဆေးရုံမှာ တက်ရောက် ကုသလျှက် ရှိတယ်လို့ သိရပါတယ်။

“ဆရာတော် ဘုရားကို ဆေးရုံတာဝန်ခံ ဗိုလ်မှူးကြီးဒေါ်ကေသီထွန်းနဲ့ တာဝန်ခံ အသီးသီးက အထူးကြပ်မတ် ကုသလျှက်ရှိပါတယ်။ အနီးကပ် အုပ်ချုပ်မှု တာဝန်ယူထားတဲ့ တပ်မှူး ဗိုလ်မှူးကြီးမြတ်စိုး ဗိုလ်မှူးကိုကိုဦးနဲ့ တပ်မတော်သား အားလုံးကို လည်း ကျေးဇူးတင် ပါတယ်။”လို့ ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမြင့်က ဆိုထားပါတယ်။

ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ဦးအုန်းမြင့်မှ ဆရာတော်ကြီး လိုအပ်သည် များကို ပေးပို့လှူဒါန်းခဲ့ပြီး ဆရာတော်ကြီး ကျန်းမာရေး အခြေအနေမှာ တိုးတက် ကောင်းမွန်တယ်လို့ သိရပါတယ်။

About the author

Ms Cele

Leave a Comment