Celebrity
Written by Ms Cele
Credit:Cele Zone
Source:Nansu Yati Soe
နန်းဆုရတီစိုးရဲ့သစ္စာဖောက်ခံရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို အလန်းစား ပုံဖော်ရိုက်ကူးထားတဲ့ မင်းအနားမှာ သီချင်းဗီဒီယိုလေး
ပရိသတ်ကြီးရေ အနုပညာလောကမှာ ယောကျ်ားလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေကပါ ချစ်ခင်အားပေးနေကြရ သူလေးကတော့ အဆိုတော်သရုပ်ဆောင် မင်းသမီးချောလေး နန်းဆုရတီစိုးပဲ ဖြစ်ပါတယ်နော်။ အမြဲ အပြုံးချိုချို လေးတွေနဲ့ ချစ်စရာကောင်းလွန်းတဲ့ နန်းဆု ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထား တာဖြစ်ပါတယ် ။ ဘိုမရုပ်လေးလို ချောမောလှပတဲ့ မင်းသမီးလေးက ဖက်ရှင်ကျသူလေး တစ်ဦးလည်းဖြစ်ပြန်ပါတယ် ။
သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားသလို ဂီတပိုင်းမှာလည်း ပရိသတ် အကြိုက်တွေ့စေတဲ့ သူမရဲ့သီချင်းကောင်းလေး တွေဟာလည်း ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်နော်။ အသံချိုချိုလေးနဲ့ သီဆိုခဲ့တဲ့ သူရဲ့သီချင်းလေးတွေကလည်း ဘယ်ချိန်နားထောင်ထောင် မရိုးသွားပဲ အမြဲဆန်းသစ်နေတာပါ။
လတ်တလောမှာလည်း အနုပညာ လှုပ်ရှားမှုတွေတောက်လျှောက် လုပ်နေသလို သီချင်းအသစ်တွေလည်းဖန်တီးနေတယ်လို့ သိရ ပါတယ်။ အခုလည်း သီချင်းဗီဒီယိုအသစ်လေး တစ်ပုဒ်ကိုဝေမျှလာတာဖြစ်ပါတယ်။ အချစ်ကြီးတဲ့ ကောင်မလေး တစ်ယောက် သစ္စာဖောက်ခံရပြီး ကြေကွဲဝမ်းနည်းစရာ အဖြစ်တွေနဲ့ အမိုက်စားရိုက်ထားပြီး အဆုံးမှာ လက်စားပြန်ချေခဲ့ ပုံလေးတွေနဲ့ ဖန်တီးထားတဲ့ သီချင်းဗီဒီယိုကောင်းတစ်ပုဒ်ပါပဲနော်။ ပရိသတ် ကြီးလည်း နန်းဆုရဲ့ဗီဒီယိုလေးကို ကြည့်လိုက် ရအောင်နော်။
Credit:Cele Zone
Source:Nansu Yati Soe
About the author
Ms Cele
Leave a Comment